Pages

Sunday, March 31, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် လူပေါင်း ရာထောင်ချီ၍ ယခုလတ်တလော မြန်မာနိုင်ငံတွင်ဖြစ်ပွါးလျှက် ရှိသော မွတ်ဆလင်လူမျိုးတုန်း အကြမ်းဖက်သတ်ဖြတ်မှု ကိစ္စအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် လူပေါင်း ရာထောင်ချီ၍ ယခုလတ်တလော မြန်မာနိုင်ငံတွင်ဖြစ်ပွါးလျှက်ရှိသော မွတ်ဆလင်လူမျိုးတုန်း အကြမ်းဖက်သတ်ဖြတ်မှု ကိစ္စအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

ပြန်ဆိုသူ ... Ahnaf Michael

ရက်စွဲ- ၂၉.၃.၂၀၁၃

ယနေ့ သောင်္ကြာနေ့ ဒေသစံတော်ချိန် ၂း ၃၀ ခန့်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် အီဂျစ်နိုင်ငံသားများ အစ္စလာမ့်အရေး 
တက်ကြွလှုပ်ရှားသူ လူငယ်များ တက္ကသိုလ် ကျောင်းသားများ လက်နက်ကိုင်လှုပ်ရှားမှု အဖွဲ့ဝင်များ လူပေါင်း ရာထောင်ချီ ယခုလတ်တ
လော မြန်မာနိုင်ငံတွင်ဖြစ်ပွါးလျှက်ရှိသောမွတ်ဆလင်လူမျိုးတုန်းအကြမ်းဖက် သတ်ဖြတ်မှု ကိစ္စအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်

ဆန္ဒပြခေါင်းဆောင် အစ္စလာမ်အရေး တက်ကြွလှုပ်ရှားသူ နိုင်ငံတိုးတက်ရေးနှင် ပြန်လည်တည်ဆောက်ရေး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ အစ္စလာမ့် တပ်ဦး
 လှုပ်ရှားမှု ခေါင်းဆောင် အင်ဂျင်နီယာ မစ္စတာ အဆင်န်းအဗ်ဒူလ်မဂျစ်ဒ် မှသံရုံးရှေ့တွင် မြန်မာအစိုးရအား မွတ်ဆလင်များကို အစုလိုက် အပြုံလိုက် လိုက်လံ 
နှိမ်နင်း အကြမ်းဖက် သတ်ဖြတ်လုယက်မှု ပလီများ ဖျက်ဆီးမှု အိမ်များ ဘာသာရေးကျောင်းများ ဈေးဆိုင်များ လယ်ယာမြေများ ကျေးရွာရပ်ကွက်များ မီးရှို့ 
ဖျက်ဆီးမှုတို့အား အစွန်းရောက် ဗုဒ္ဓဘာသာ ( ၉၆၉ ) အဖွဲ့ဝင်များအစွန်ရောက် ဘုန်းကြီးများ မှ အာဏာပိုင်များ၏ အကူအညီကို ရယူကာ
စနစ်တကျ အကွက်ချစီမံ ဆောင်ရွက်နေမှုတို့အား ပြင်းပြင်းထန်ထန် သတိပေး ရှုံ့ချ လိုက်ပါသည်။ ထိုကဲ့သို့ ဆက်တိုက် ဆိုသလို ပြည်နယ်အသီးသီး မြို့နယ်
အရပ်ရပ် ရန်ကုန်မြို့ ကဲ့သို့လူစည်ကားရာ ရပ်ကွက်များပါ မကျန် မွတ်ဆလင်တို့၏ အသက် အိုးအိမ် စည်းစိမ်များအားလူသားမဆန်စွာ ခြိမ်းချောက် 
နှောင့်ယှက်နေခြင်းမှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်းမြန်မာသံရုံးမှတဆင့်မြန်မာအစိုးရအားသတိပေး တိုက်တွန်းနိုးဆော်လိုက်ပါသည်။

ဆန္ဒပြပွဲ မစတင်ခင်ကပင် အစ္စလာမ့် တပ်ဦးခေါင်းဆောင် အင်ဂျင်နီယာ မစ္စတာ အဆင်န်းအဗ်ဒူလ်မဂျစ်ဒ် မှ ၄င်းတို့ပါတီအနေဖြင့် အီဂျစ်သမ္မတ မူရ်ဆီအား 
အထက်ပါ မွတ်ဆလင်များအား လူမျိုးတုန်း သတ်ဖြတ်မှုအပေါ် တိတိကျကျ ထိထိရောက်ရောက်သံတမန်ရေးရာ ဖိအားများ ပေးကာ ချက်ချင်းအရေးယူ ဆောင်ရွက်သွားရန် နှင့် 
အစ္စလာမ်နိုင်ငံအသီးသီးအား လည်းကောင်း အိုအိုင်စီ အစ္စလာမ်ကူညီရေးအဖွဲ့ဝင် နိုင်ငံအသီးသီးအားလည်းကောင်း အထူးသဖြင့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအား
 မြန်မာပြည်ရှိ လက်ရှိဖြစ်ပွါးနေသော အစ္စလာမ်ဘာသာဝင်များအပေါ် လူအုပ်စုနှင့် အနိုင်ကျင့် အစုလိုက်အပြုံလိုက်လုယက်သတ်ဖြတ်မှုတို့အား စုပေါင်းဆန့်ကျင်ပြီး
 ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်တိတိကျကျ လျင်လျင်မြန်မြန် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သတင်းဌာန
 အသီးသီးအား ပြောကြားခဲ့ပါသည်။ 

ဆန္ဒထုတ်ဖေါ်သူတစ်ဦးမှ သတင်းဌာနတစ်ခု၏ မေးမြန်းမှုအား ဖြေကြားရာတွင် မြန်မာအစိုးရသည်ပြည်တွင်းတွင် မွတ်ဆလင်ဆန့်ကျင်လှုပ်ရှားမှု စတင်ချိန်မှ စတင်ပြီး 
ရုံးစည်းရိုးတံတိုင်းများကို နှစ်ဆမြှင့်တင်ကာ မြန်မာသံရုံးဟူသော ဆိုင်းဘုတ် နှင့် အလံတိုင်များကိုပါ ဖျောက်ထားကြောင်း ပြောကြားခဲ့ပါသည်။

ထိုသို့မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖေါ်မှုသည် နေ့လည် ၂ နာရီမှ စတင်ကာ ညနေ ၅ နာရီထိကြွေးကြော်သံများ စာတန်းများ အလံများဝှေ့ရမ်းပြီး မြန်မာမွတ်ဆလင်အရေးသည်
 ကျွန်ပ်တို့အရေးဖြစ်ကြောင်း အုပ်စုလိုက်အနိုင်ကျင့် အကြမ်းဖက်သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ကိုင်ရိုမြို့ ဇမားလစ်က် ရပ်ကွက်ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးဆန္ဒထုတ်ဖေါ်
ခဲ့ကြောင်းသတင်းရရှိပါသည်။

သောင်္ကြာနေ့ဒေသစံတော်ချိန်၂း၃၀ခန့်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် အီဂျစ်နိုင်ငံသားများ အစ္စလာမ့်အရေး တက်ကြွလှုပ်ရှားသူ လူငယ်များ တက္ကသိုလ် ကျောင်းသားများ လက်နက်ကိုင်လှုပ်ရှားမှု အဖွဲ့ဝင်များလူပေါင်းရာထောင်ချီယခုလတ်တလာမြန်မာနိုင်ငံတွင်ဖြစ်ပွါးလျှက်ရှိသောမွတ်ဆလင်လူမျိုး
တုန်းအကြမ်းဖက် သတ်ဖြတ်မှု ကိစ္စအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည် ဆန္ဒပြခေါင်းဆောင် အစ္စလာမ်အရေး တက်ကြွလှုပ်ရှားသူ နိုင်ငံတိုးတက်ရေးနှင် ပြန်လည်တည်ဆောက်ရေး ပါတီ၏ပြောရေးဆိုခွင့်ရှိသူအစ္စလာမ့်တပ်ဦးလှုပ်ရှားမှုခေါင်းဆောင်အင်ဂျင်နီယာမစ္စတာ အဆင်န်းအဗ်ဒူလ်
မဂျစ်ဒ်မှသံရုံးရှေ့တွင်မြန်မာအစိုးရအားမွတ်ဆလင်များကိုအစုလိုက်အပြုံလိုက်လိုက်လံ နှိမ်နင်း အကြမ်းဖက် သတ်ဖြတ်လုယက်ပြီးပလီများဖျက်ဆီးမှုအိမ်များဘာသာရေးကျောင်းများဈေးဆိုင်များလယ်ယာမြေများ ကျေး
ရွာရပ်ကွက်များ မီးရှို့ ဖျက်ဆီးမှုတို့အား အစွန်းရောက် ဗုဒ္ဓဘာသာ ( ၉၆၉ ) အဖွဲ့ဝင်များအစွန်ရောက် ဘုန်းကြီးများမှ အာဏာပိုင်များ၏ အကူအညီကို ရယူကာ စနစ်တကျ အကွက်ချစီမံ ဆောင်ရွက်နေမှုတို့အား ပြင်းပြင်းထန်ထန် သတိပေး ရှုံ့ချ လိုက်ပါသည်။ 
 
ထိုကဲ့သို့ဆက်တိုက်ဆိုသလိုပြည်နယ်အသီးသီးမြို့နယ်အရပ်ရပ်ရန်ကုန်မြို့ကဲ့သို့လူစည်ကားရာ ရပ်ကွက်များ
ပါ မကျန် မွတ်ဆလင်တို့၏ အသက် အိုးအိမ် စည်းစိမ်များအားလူသားမဆန်စွာ ခြိမ်းချောက် နှောင့်ယှက်နေ
ခြင်းမှာဘယ်လိုမှလက်ခံနိုင်စရာမရှိကြောင်းမြန်မာသံရုံးမှတဆင့်မြန်မာအစိုးရအားသတိပေး တိုက်တွန်းနိုး
ဆော်လိုက်ပါသည်။

ဆန္ဒပြပွဲ မစတင်ခင်ကပင် အစ္စလာမ့် တပ်ဦးခေါင်းဆောင် အင်ဂျင်နီယာ မစ္စတာ အဆင်န်းအဗ်ဒူလ်မဂျစ်ဒ် မှ ၄င်းတို့ပါတီအနေဖြင့်အီဂျစ်သမ္မတမူရ်ဆီအားအထက်ပါ မွတ်ဆလင်များအား လူမျိုးတုန်း သတ်ဖြတ်မှုအပေါ် တိတိကျကျထိထိရောက်ရောက်သံတမန်ရေးရာဖိအားများပေးကာ ချက်ချင်းအရေးယူ ဆောင်ရွက်သွားရန်
နှင့်အစ္စလာမ်နိုင်ငံအသီးသီးအားလည်းကောင်းအိုအိုင်စီအစ္စလာမ်ကူညီရေးအဖွဲ့ဝင်နိုင်ငံအသီးသီးအားလည်း
ကောင်းအထူးသဖြင့်အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအားမြန်မာပြည်ရှိလက်ရှိဖြစ်ပွါးနေသော အစ္စလာမ်
ဘာသာဝင်များအပေါ်လူအုပ်စုနှင့်အနိုင်ကျင့်အစုလိုက်အပြုံလိုက်လုယက်သတ်ဖြတ်မှုတို့အား စုပေါင်းဆန့်
ကျင်ပြီး ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်တိတိကျကျ လျင်လျင်မြန်မြန် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သတင်းဌာန အသီးသီးအား ပြောကြားခဲ့
ပါသည်။

ဆန္ဒထုတ်ဖေါ်သူတစ်ဦးမှသတင်းဌာနတစ်ခု၏မေးမြန်းမှုအားဖြေကြားရာတွင် မြန်မာအစိုးရသည်ပြည်တွင်း
တွင် မွတ်ဆလင်ဆန့်ကျင်လှုပ်ရှားမှု စတင်ချိန်မှ စတင်ပြီး ရုံးစည်းရိုးတံတိုင်းများကို နှစ်ဆမြှင့်တင်ကာ မြန်မာသံရုံးဟူသော ဆိုင်းဘုတ် နှင့် အလံတိုင်များကိုပါ ဖျောက်ထားကြောင်း ပြောကြားခဲ့ပါသည်။

ထိုသို့မြန်မာသံရုံးရှေ့ဆန္ဒထုတ်ဖေါ်မှုသည် နေ့လည် ၂ နာရီမှ စတင်ကာ ညနေ ၅ နာရီထိကြွေးကြော်သံများ စာတန်းများအလံများဝှေ့ရမ်းပြီးမြန်မာမွတ်ဆလင်အရေးသည်ကျွန်ပ်တို့အရေးဖြစ်ကြောင်း အုပ်စုလိုက်အ
နိုင်ကျင်အကြမ်းဖက်သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ကိုင်ရိုမြို့ ဇမားလစ်က် ရပ်ကွက်ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးဆန္ဒထုတ်ဖေါ် ခဲ့ကြောင်းသတင်းရရှိပါသည်။
 
ပြန်ဆိုသူ ... Ahnaf Michael
MyanmarMuslim.Net, Rangonnewsdaily
RND:31.3.2013 

0 comments:

Post a Comment