Pages

Sunday, March 31, 2013

ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ

ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ
( The Hot News )

မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး  သော သံဃာတော် ၁၀ ပါးနှင့် နိုင်ငံရေးအကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင် ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်ယာဉ်နှစ်စီးဖြင့်  ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ်  အချို့သို့လူသားချင်းစာနာမူခရီး ထွက်ခွာခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စစ်ကွင်း၊  မင်းလှ၊ မိုးညို၊ အုတ်ဖိုကြို့ပင် ကောက်၊ နတ္တလင်းဇီကုန်း၊ သဲကုန်း၊  ပုတီးကုန်းမြို့နယ်များတွင် အိုးအိမ်  အဖျက်ဆီးခံရသော ဒုက္ခလသည် များကို ထောက်ပံလှူဒါန်းရန်  ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထောက်ပံရန်ကားတစ်စီးတိုက်ပစ္စည်း   များမှာ သောက်ရေသန့်များ၊ စောင်များ၊ အ၀တ်အထည်များ၊ ဆေးဝါများစားသောက်ဖွယ်ကုန် ခြောက်ရိက္ခာများ စုစုပေါင်းကျပ် သိန်း ၅၀ ဖိုးခန့်ရှိသည်။
အဆိုပါသံဃာတော်နှင့် နိုင်/  ချုပ်တို့ စီးနင်းလိုက်ပါလာသော  မော်တော်ယာဉ်နှစ်စီးကို သာယာ ၀တီမြို့နယ်မှ ကြိုတင်စောင့်ဆိုင်း နေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်နှင့် အဖွဲ့သည် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီးနောက် ရှေ့ဆက် မည့်ခရီးအတွက် သံဃာတော်များ  ဆက်လက်မသွားသင့်သော အခြေအနေဖြစ်နေပါ၍ အလှူ ပစ္စည်းများကိုလည်း ကိုယ်စား ဆောင်ရွက်ပေးမည့်တာဝန်ရှိအဖွဲ့ အစည်းထံသို့သာလွှဲပြောင်းပေး ကြပြီး သာယာဝတီမြို့မှ နောက်ကြောင်းပြန်စေလိုပါကြောင်း  လျှောက်ထားတားမြစ်ခဲ့ကြသည်။  ရဲမှူးဦးသိန်နိုင်မှ ဆက်လက်ပြော ကြားရာတွင် နောက်၃/၄ ရက် အကြာဒေသတည်ငြိမ်အေးချမ်း သည့်အချိန်အခါတွင် ပြန်လည် လာရောက်နိုင်ပါကြောင်းနှင့် ၎င်းမှ အကူအညီပေးမည်ဖြစ်ကြောင်း  လျှောက်ထားတောင်းပန်းခဲ့မှုကြောင့်  သံဃာတော်ဦးပြည်ကျော်နှင့် နိုင်/ချုပ် အဖွဲ့မှ လှူဒါန်းထောက် ပံ့မည်ပစ်္စည်းများကို သာယာဝတီ  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုဦးစီးမှူးထံသို့ စာရင်းဇယားနှင့်  တကွလွှဲပြောင်းပေးအပ်ခဲ့ပါသည်။       ယခုပေးအပ်ထောက်ပံ့သော လှူဒါန်းမှူးများကိုCAMELINTERNRTIONAL,TOE မော်တော်ယာဉ်ရောင်း/၀ယ်ရေးး စိုးစံမော်တော်ယာဉ်ရောင်း/၀ယ် ရေးတို့နှင့်Hot News Jouryတို့မှ ၀ိုင်းဝန်းကူညီထည့်ဝင်လှူဒါန်း  ပေးခဲ့ကြောင်းလည်း သိရသည်။

ဥယျာဉ်မှူး

http://www.hotnewsweekly.com/archives/19086

မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး သော သံဃာတော် ၁၀ ပါးနှင့် နိုင်ငံရေးအ
ကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင် ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်
ယာဉ်နှစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ် အချို့သို့လူသားချင်းစာနာမူခရီး ထွက်ခွာခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စစ်ကွင်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုကြို့ပင် ကောက်၊ နတ္တလင်းဇီကုန်း၊ သဲကုန်း၊ ပုတီးကုန်းမြို့နယ်များတွင် အိုးအိမ် အဖျက်ဆီးခံရသော ဒုက္ခလသည် များကို ထောက်ပံလှူဒါန်းရန် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထောက်ပံရန်ကားတစ်စီးတိုက်ပစ္စည်း များမှာ သောက်ရေသန့်များ၊ စောင်များ၊ အ၀တ်အထည်များ၊ ဆေးဝါများစားသောက်ဖွယ်ကုန် ခြောက်ရိက္ခာများ စုစုပေါင်းကျပ် သိန်း ၅၀ ဖိုးခန့်ရှိသည်။

အဆိုပါသံဃာတော်ချုပ်တို့စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်နှစ်စီးကိုသာယာဝတီမြို့နယ်မှ ကြိုတင်
စောင့်ဆိုင်း နေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်နှင့် အဖွဲ့သည် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီးနောက်ရှေ့ဆက်မည့်ခရီးအတွက်သံဃာတော်များဆက်လက်မသွားသင့်သော အခြေအနေ
ဖြစ်နေပါ၍အလှူပစ္စည်းများကိုလည်းကိုယ်စားဆောင်ရွက်ပေးမည့်တာဝန်ရှိအဖွဲ့ အစည်းထံသို့သာလွှဲ
ပြောင်းပေး ကြပြီး သာယာဝတီမြို့မှ နောက်ကြောင်းပြန်စေလိုပါကြောင်း လျှောက်ထားတားမြစ်ခဲ့ကြသည်။ 
 
ရဲမှူးဦးသိန်နိုင်မှဆက်လက်ပြောကြားရာတွင်နောက်၃/၄ရက်အကြာဒေသတည်ငြိမ်အေးချမ်း သည့်အချိန်
အခါတွင်ပြန်လည်လာရောက်နိုင်ပါကြောင်းနှင့်၎င်းမှ အကူအညီပေးမည်ဖြစ်ကြောင်း လျှောက်ထားတောင်း
ပန်းခဲ့မှုကြောင့်သံဃာတော်ဦးပြည်ကျော်နှင့်နိုင်/ချုပ်အဖွဲ့မှလှူဒါန်းထောက်ပံ့မည်ပစ်္စည်းများကို သာယာဝ
တီ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးထံသို့ စာရင်းဇယားနှင့် တကွလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ 
 
ယခုပေးအပ်ထောက်ပံ့သောလှူဒါန်းမှူးများကိုCAMELINTERNRTIONAL,TOE မော်တော်ယာဉ်ရောင်း/
ဝယ်ရေးစိုးစံမော်တော်ယာဉ်ရောင်း/၀ယ်ရေးတို့နှင့်HotNewsတို့မှ ၀ိုင်းဝန်းကူညီထည့်ဝင်လှူဒါန်း ပေးခဲ့
ကြောင်းလည်း သိရသည်။

( The Hot News ), Rangonnewsdaily
RND:31.3.2013

0 comments:

Post a Comment