Pages

Sunday, March 31, 2013

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး


မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး ယင်းတော်နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ တည်ငြိမ် အေးချမ်းမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲတွင် သာစည်မြို့ မြို့နယ် စည်ပင်သာယာရေး ရုံးခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက သာစည်မြို့ပေါ်ရှိ ရပ်ကွက်များ လုံခြုံရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်း တင်ပြရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယနေ့အချိန် အခါတွင် မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်မြို့နယ်များ၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိနေပြီး ဒေသခံပြည်သူများ အသွားအလာမပျက် ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း၊ နေ့စဉ် လုပ်ငန်းခွင် မပျက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြကြောင်းနှင့် တည်ငြိမ် အေးချမ်းလျက် ရှိခြင်း အပေါ် မလိုလား အပ်သော ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့အတွက် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပျက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး ယင်းတော်နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ တည်ငြိမ် အေးချမ်းမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲတွင် သာစည်မြို့ မြို့နယ် စည်ပင်သာယာရေး ရုံးခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက သာစည်မြို့ပေါ်ရှိ ရပ်ကွက်များ လုံခြုံရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်း တင်ပြရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
 
ယနေ့အချိန် အခါတွင် မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်မြို့နယ်များ၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိနေပြီး ဒေသခံပြည်သူများ အသွားအလာမပျက် ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း၊
 
 နေ့စဉ် လုပ်ငန်းခွင် မပျက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြကြောင်းနှင့် တည်ငြိမ် အေးချမ်းလျက် ရှိခြင်း အပေါ် မလိုလား အပ်သော ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့အတွက် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပျက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ, Rangonnewsdaily
RND:31.3.2013

0 comments:

Post a Comment