Pages

Sunday, March 31, 2013

ရထားတွဲပေါ်ကအလှူခံစာအိတ်တွေဘာသာရေးကိုထိပါးနိုင်

ရထားတွဲပေါ်ကအလှူခံစာအိတ်တွေဘာသာရေးကိုထိပါးနိုင်


March 31, 2013 Home, သတင်း 

မြန်မာ့မီးရထားက မြန်မာ ပြည်အောင်ပိုင်း ရန်ကုန်- မန္တလေး လမ်းပိုင်း၊ မြန်မာပြည်အထက်ပိုင်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်းများ တွင် မမှန်ကန်သော အပြုအမူများ  ဖြင့် အလှူခံနေကြသော ရဟန်း သံဃာကိုရင်များအား သာသနာ  တော်သန့်ရှင်းတည်တန့်ရေးအတွက်   စိစစ်သင့်ပါပြီ။
 အာဆီယံနိုင်ငံအဖွဲ့ဝင်၊ ထေရ၀ါဗုဒ္ဓဘာသာ၏အရိပ်အာဝါ   သအောက်ရှိ နိုင်ငံတစ်နိုင်ငံအနေ ဖြင့် ထေရ်စဉ် ၀ါစဉ်လက်ခံနိုင် ဖွယ်မရှိသော အဂါရ၀ဖြစ်နေသော  သံဃာများ၏ သီတင်းသုံးနေထိုင် မှု၊ အလှူခံနေမှုများကို သက်ဆိုင် ရာမြို့နယ်သံဃနာယကအဖွဲ့များ က ၀ိုင်းဝန်းစိစစ်သင့်ပါပြီ။
 တချို့သော လူပုဂ်္ဂိုလ်များ သည် လူသားစင်စစ်အဖြစ်မိစား ၀တ်နေရေးအတွက် ဖြစ်လမ်းက  လူသူတောင်းစားများအဖြစ်လုပ်ကိုင်   ရသည်က ကြပ်တည်းမှုဖြစ်လာ  သောအခါ အယောင်ဆောင်ရ ဟန်းအဖြစ်ရပ်တည်နေရာယူလာ ကြသည်။
 လူမြင်ကွင်း မီးရထားဘူတာ၊  မီးရထားတွဲဆိုင်းပေါ်၊ ကားဂိတ် များ၊ သင်္ဘောဆိပ်များတွင် နေရာ  ယူကျက်စားလာကြသော အတု အယောင်ရဟန်းများကို မြို့နယ်  သံဃနာယအဖွဲ့လက်အောက်ရှိ ၀ိနည်းသိက္ခာစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့များက ကြပ်မတ်မှုပိုမို  ဆောင်ရွက်သင့်ပါပြီ။
 ရထားတဲ့ပေါ်ခရီးသည်များ ကို ကမ်းလှမ်းသော စာအိတ်၊ စာရွက်များအားဖတ်ကြည့်သော အခါအမည်မျိုးစုံ၊ အကြောင်းအရာ   မျိုးစုံဖြင့် ဘိလပ်မြေတစ်အိတ် ၅၀၀၀ ကျပ်၊ ထုံးတစ်အိတ် ၁၀၀၀ ကျပ်၊ အုတ်၊ သဲ၊ ကျောက် တစ် ကျင်း ၅၀၀ ကျပ်နှုန်းဖြင့် အလှူ ခံစာအိတ်စာရွက်များဖြန့်ဝေပြီး နောက် တစ်ကြော့ပြန်၍ အလှူ ငွေကို သိမ်းဆည်းကြသော ရဟန်း နှစ်ပါးတွဲ၊ သုံးပါးတွဲများကို မြန်မာ့ မီးရထားတွဲဆိုင်းများ၌ တွေ့မြင် ကြရသည်။
 ကမ္ဘာလှည့်ခရီးသွားများစွာ ၀င်ထွက်သွားလာနေကြချိန်တွင်  မြင်ကွင်းမကောင်းသော အဂါဝ  ဖြင်စေသော အထင်အမြင်သေး ဖွယ်အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းများအား နူးညံ့သိမ်မွေ့ ပြီး ရည်မွန်ကောင်းမြတ်သည့်အခြေ  ခံရှိသော ထေရ၀ါဒဗုဒ္ဓသာသနာ   တော်၏ လောင်းရိတ်အောက်မှ  ၀ိမုတ်္တိလွတ်မြောက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသောပုဂ်္ဂိုလ်  များ၊ ရထားပေါ်တွင် လိုက်ပါ စည်းကြပ်နေကြသော ရဲတပ်ဖွဲ့ဝင်   ၀န်ထမ်းများ၊ လက်မှတ်စစ်အဖွဲ့များ တွဲစောင့်၊ တွဲကြပ်များက တူညီစွာ ပူးပေါင်း၍ ခရီးသွားပြည်သူများ  ၏ အကူအညီဖြင့် စိစစ်ဖော်ထုတ်  ဖို့အချိန်ရောက်နေပါပြီ။

 ခင်မောင်ညိမ်း

Re-Post By ACM 31-3-2013
အေးချမ်းမွန် Credit & Copy From >> The Hot News<< Thank

March 31, 2013

မြန်မာ့မီးရထားက မြန်မာ ပြည်အောင်ပိုင်း ရန်ကုန်- မန္တလေး လမ်းပိုင်း၊ မြန်မာပြည်အထက်ပိုင်း မန္တလေး-
မြစ်ကြီးနားလမ်းပိုင်းများ တွင် မမှန်ကန်သော အပြုအမူများ ဖြင့် အလှူခံနေကြသော ရဟန်း သံဃာကိုရင်
များအား သာသနာ တော်သန့်ရှင်းတည်တန့်ရေးအတွက် စိစစ်သင့်ပါပြီ။
အာဆီယံနိုင်ငံအဖွဲ့ဝင်၊ ထေရ၀ါဗုဒ္ဓဘာသာ၏အရိပ်အာဝါ သအောက်ရှိ နိုင်ငံတစ်နိုင်ငံအနေ ဖြင့် ထေရ်စဉ် ၀ါစဉ်လက်ခံနိုင် ဖွယ်မရှိသော အဂါရ၀ဖြစ်နေသော သံဃာများ၏ သီတင်းသုံးနေထိုင် မှု၊ အလှူခံနေမှုများ
ကို သက်ဆိုင် ရာမြို့နယ်သံဃနာယကအဖွဲ့များ က ၀ိုင်းဝန်းစိစစ်သင့်ပါပြီ။

တချို့သော လူပုဂ်္ဂိုလ်များ သည် လူသားစင်စစ်အဖြစ်မိစား ၀တ်နေရေးအတွက် ဖြစ်လမ်းက လူသူတောင်း
စားများအဖြစ်လုပ်ကိုင်ရသည်က ကြပ်တည်းမှုဖြစ်လာ သောအခါ အယောင်ဆောင်ရဟန်းအဖြစ်ရပ်တည်
နေရာယူလာ ကြသည်။

လူမြင်ကွင်း မီးရထားဘူတာ၊ မီးရထားတွဲဆိုင်းပေါ်၊ ကားဂိတ် များ၊ သင်္ဘောဆိပ်များတွင် နေရာ ယူကျက်စား
လာကြသောအတု အယောင်ရဟန်းများကို မြို့နယ်သံဃနာယအဖွဲ့လက်အောက်ရှိ ၀ိနည်းသိက္ခာစည်းကမ်း
ထိန်းသိမ်း ရေးအဖွဲ့များက ကြပ်မတ်မှုပိုမို ဆောင်ရွက်သင့်ပါပြီ။

ရထားတဲ့ပေါ်ခရီးသည်များ ကို ကမ်းလှမ်းသော စာအိတ်၊ စာရွက်များအားဖတ်ကြည့်သော အခါအမည်မျိုးစုံ၊ အကြောင်းအရာ မျိုးစုံဖြင့် ဘိလပ်မြေတစ်အိတ် ၅၀၀၀ ကျပ်၊ ထုံးတစ်အိတ် ၁၀၀၀ ကျပ်၊ အုတ်၊ သဲ၊ ကျောက် တစ် ကျင်း ၅၀၀ ကျပ်နှုန်းဖြင့် အလှူ ခံစာအိတ်စာရွက်များဖြန့်ဝေပြီး နောက် တစ်ကြော့ပြန်၍ အလှူ ငွေကို သိမ်းဆည်းကြသော ရဟန်း နှစ်ပါးတွဲ၊ သုံးပါးတွဲများကို မြန်မာ့ မီးရထားတွဲဆိုင်းများ၌ တွေ့မြင် ကြရသည်။

ကမ္ဘာလှည့်ခရီးသွားများစွာ ၀င်ထွက်သွားလာနေကြချိန်တွင် မြင်ကွင်းမကောင်းသော အဂါဝ ဖြင်စေသော အထင်အမြင်သေး ဖွယ်အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းများအား နူးညံ့သိမ်မွေ့ ပြီး ရည်မွန်ကောင်း
မတ်သည့်အခြေ ခံရှိသော ထေရ၀ါဒဗုဒ္ဓသာသနာ တော်၏ လောင်းရိတ်အောက်မှ ၀ိမုတ်္တိလွတ်မြောက်ရေး
အတွက် ဌာနဆိုင်ရာတာဝန်ရှိသောပုဂ်္ဂိုလ် များ၊ ရထားပေါ်တွင် လိုက်ပါ စည်းကြပ်နေကြသော ရဲတပ်ဖွဲ့ဝင် ၀န်ထမ်းများ၊ လက်မှတ်စစ်အဖွဲ့များ တွဲစောင့်၊ တွဲကြပ်များက တူညီစွာ ပူးပေါင်း၍ ခရီးသွားပြည်သူများ ၏ အကူအညီဖြင့် စိစစ်ဖော်ထုတ် ဖို့အချိန်ရောက်နေပါပြီ။


ခင်မောင်ညိမ်း
The Hot News, Rangonnewsdaily
RND:31.3.2013

0 comments:

Post a Comment