Pages

Tuesday, January 1, 2013

အဆိုးဆုံး ကလေးနာမည်အဖြစ် ဘီယွန်းစ်နှင့် ဂျေးဇီးတို့၏ သမီးငယ် သတ်မှတ်ခံရ

အဆိုးဆုံး ကလေးနာမည်အဖြစ် ဘီယွန်းစ်နှင့် ဂျေးဇီးတို့၏ သမီးငယ် သတ်မှတ်ခံရ
========
(၂၀၁၂)ခုနှစ်အတွင်း အမေရိကန်တွင် မှည့်ခေါ်ခဲ့သည့် Celebrity ကလေးအမည်များနှင့် ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံခဲ့ရာ ဘီယွန်းစ်နိုးလ်နှင့် ဂျေးဇီးတို့၏ သမီးငယ်အတွက် မှည့်ခေါ်သည့် Blue Ivyက အဆိုးဆုံးအဖြစ် မဲပေးခံခဲ့ရသည်။

လူပေါင်း (၂၀၀၀)ကျော် ပါဝင် ဖြေကြားခဲ့သည့် babynames.com၏ စစ်တမ်းတွင် Blue Ivyဆိုသော အမည်မှာ စိတ်ပျက်စရာဟု မဲပေးသူ (၄၇.၁)ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့နောက် ဂျူလီယန် မိုက်ကယ်လ်နှင့် ဟေဒီ ရိုဒက်စ်တို့၏ သမီးဖြစ်သူ Lukensia၏ အမည်က (၂၉.၁)ရာခိုင်နှုန်းဖြင့် ဒုတိယ ချိတ်ခဲ့သည်။ ယောက်ျားလေး အမည်များတွင် အဆိုးရွားဆုံးအဖြစ် မဲပေးခံရသည်မှာ အဲလက်စ် အိုလူလင်နှင့် မာလီယာ ဂျုံးစ်တို့၏ သားငယ်လေး အမည်ဖြစ်သော Lionဟု သိရသည်။

ဂျိုးဝါတာမန်နှင့် ဂျင်းရှာဖက်တို့၏ သမီးလေး Charlotte Graceက အလှပဆုံး နာမည်အဖြစ် မဲပေးခံရမှု (၂၄.၁)ရာခိုင်နှုန်း ရှိခဲ့သည်။ ယောက်ျားလေး နာမည်များတွင်မူ (၂၂.၉)ရာခိုင်နှုန်း မဲရခဲ့သည့် ဟီလာရီဒပ်ဖ်နှင့် မိုက်ခ်ကော်မရီတို့၏ သားငယ် Luca Cruzက ရပ်တည်နိုင်ခဲ့သည်။ 
(Ref: UPI)

(၂၀၁၂)ခုနှစ်အတွင်း အမေရိကန်တွင် မှည့်ခေါ်ခဲ့သည့် Celebrity ကလေးအမည်များနှင့် ပတ်သက်ပြီး ဆန္ဒ
မဲ ကောက်ခံခဲ့ရာ ဘီယွန်းစ်နိုးလ်နှင့် ဂျေးဇီးတို့၏သမီးငယ်အတွက်မှည့်ခေါ်သည့် Blue Ivyကအဆိုးဆုံးအဖြစ်
 မဲပေးခံခဲ့ရသည်။
လူပေါင်း (၂၀၀၀)ကျော် ပါဝင် ဖြေကြားခဲ့သည့် babynames.com၏ စစ်တမ်းတွင် Blue Ivyဆိုသော အမည်မှာ စိတ်ပျက်စရာဟု မဲပေးသူ (၄၇.၁)ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့နောက် ဂျူလီယန် မိုက်ကယ်လ်နှင့် ဟေဒီရိုဒက်စ်
တို့၏ သမီးဖြစ်သူ Lukensia၏ အမည်က (၂၉.၁)ရာခိုင်နှုန်းဖြင့် ဒုတိယ ချိတ်ခဲ့သည်။

ယောက်ျားလေး အမည်များတွင် အဆိုးရွားဆုံးအဖြစ်မဲပေးခံရသည်မှာအဲလက်စ်အိုလူလင်နှင့်မာလီယာဂျုံးစ်
တို့၏ သားငယ်လေး အမည်ဖြစ်သော Lionဟု သိရသည်။

ဂျိုးဝါတာမန်နှင့်ဂျင်းရှာဖက်တို့၏သမီးလေး Charlotte Graceကအလှပဆုံးနာမည်အဖြစ် မဲပေးခံရမှု (၂၄.၁)

ရာခိုင်နှုန်း ရှိခဲ့သည်။ ယောက်ျားလေး နာမည်များတွင်မူ (၂၂.၉)ရာခိုင်နှုန်း မဲရခဲ့သည့်ဟီလာရီဒပ်ဖ်နှင့် မိုက်
ခ်ကော်မရီတို့၏ သားငယ် Luca Cruzက ရပ်တည်နိုင်ခဲ့သည်။ 


(Ref: UPI)

0 comments:

Post a Comment