Pages

Tuesday, January 1, 2013

ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်သည့် ဟီလာရီ

ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်သည့် ဟီလာရီ
===========
ဦးခေါင်းအတွင်း သွေးခဲမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ဟီလာရီ ကလင်တန်သည် အပြည့်အဝ ပြန်လည် သက်သာစ ပြုလာပြီဟု ဆရာဝန်များက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် လတ်တလောတွင်မူ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ဦးမည် မဟုတ်ဘဲ ဆေးရုံတွင်သာ ကုသမှု ခံယူနေရဦးမည် ဖြစ်သည်။ ဟီလာရီအား နယူးယော့ခ်ရှိ ဆေးရုံတွင် တင်ပို့ ကုသခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သလို သူမသည် ယင်း၏ အကျိုးဆက်အဖြစ် သတိမေ့မြောခဲ့သေးကြောင်းလည်း ဆိုသည်။ သို့သော်လည်း ဆရာဝန်များက ဟီလာရီ၏ ကျန်းမာရေး အခြေအနေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည်ဟု မှတ်ချက်ပြုထားသည်။

သူမ၏ နားနောက်ဘက်တွင် ရှိနေသော သွေးခဲကို ဖယ်ရှားရန်အတွက် ဆရာဝန်များက သွေးကို ပါးလွှာစေသည့် ကုထုံးကို ရွေးချယ် အသုံးပြုခဲ့သည်။ ယခုအခါ ဟီလာရီ၏ အခြေအနေ ကောင်းမွန်စွာ တိုးတက်လာနေပြီး သူမ၏ မိသားစုများ၊ ဆရာဝန်များနှင့် ဝန်ထမ်းများကို ဆက်သွယ် စကားပြောဆိုနေပြီဟု သိရသည်။ ဟီလာရီသည် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် သမ္မတ ဘာရတ် အိုဘားမား၏ ဒုတိယ သက်တမ်းတွင် နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို ဆက်လက် ထမ်းဆောင်မည် မဟုတ်ဟု ပြောဆိုထားသည်။ သူမသည် ဇန်နဝါရီ လကုန်ပိုင်းတွင် ရာထူးမှ နုတ်ထွက်ဖွယ် ရှိနေပြီး အိုဘားမားက သူမနေရာတွင် ဆက်ခံရန် မက်ဆာချူးဆက် ကိုယ်စားပြုအမတ် ဂျွန်ကယ်ရီအား အဆိုပြု ရွေးချယ်ထားသည်။ 
(Ref: Reuters)

ဦးခေါင်းအတွင်း သွေးခဲမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါဟီလာရီကလင်တန်သည် အပြည့်အဝ ပြန်လည်
သက်သာစ ပြုလာပြီဟု ဆရာဝန်များက ပြောကြားခဲ့သည်။အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် လတ်တ
လောတွင်မူလုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်ဦးမည်မဟုတ်ဘဲ ဆေးရုံတွင်သာကုသမှုခံယူနေရဦးမည်
ဖစ်သည်။
ဟီလာရီအားနယူးယော့ခ်ရှိ ဆေးရုံတွင်တင်ပို့ကုသခဲ့ရကြောင်းသတင်းများက ဖော်ပြခဲ့သလိုသူမသည်ယင်း
၏အကျိုးဆက်အဖြစ် သတိမေ့မြောခဲ့သေးကြောင်းလည်း ဆိုသည်။ သို့သော်လည်း ဆရာဝန်များကဟီလာရီ
၏ ကျန်းမာရေး အခြေအနေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည်ဟု မှတ်ချက်ပြုထားသည်။

သူမ၏ နားနောက်ဘက်တွင် ရှိနေသော သွေးခဲကို ဖယ်ရှားရန်အတွက် ဆရာဝန်များက သွေးကို ပါးလွှာစေ
သည့် ကုထုံးကို ရွေးချယ် အသုံးပြုခဲ့သည်။ ယခုအခါ ဟီလာရီ၏ အခြေအနေ ကောင်းမွန်စွာတိုးတက်လာနေ
ပြီး သူမ၏ မိသားစုများ၊ ဆရာဝန်များနှင့် ဝန်ထမ်းများကို ဆက်သွယ် စကားပြောဆိုနေပြီဟု သိရသည်။ 
 
ဟီလာရီသည် သူမ၏ ကျန်းမာရေး အခြေအနေကြောင့်သမ္မတဘာရတ်အိုဘားမား၏ဒုတိယသက်တမ်းတွင်
နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို ဆက်လက် ထမ်းဆောင်မည် မဟုတ်ဟု ပြောဆိုထားသည်။သူမသည်ဇန်နဝါ
ရီလကုန်ပိုင်းတွငရာထူးမှ နုတ်ထွက်ဖွယ်ရှိနေပြီး အိုဘားမားကသူမနေရာတွင်ဆက်ခံရန်မက်ဆာချူးဆက်
ကိုယ်စားပြုအမတ် ဂျွန်ကယ်ရီအား အဆိုပြု ရွေးချယ်ထားသည်။ 

(Ref: Reuters)
Planet Myanmar Network

0 comments:

Post a Comment