Pages

Tuesday, January 1, 2013

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ် (ပုံရိပ်စစ်)

အမေစုဆိုတဲ့    ဗိုလ်ချူပ်သမီး  မလွတ်ခင်က  သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က  လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု  အကျယ်ချူပ်ကလွတ်တော့   သားတို့  
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

ကိုဇာဂနာကြီးထောင်ထဲမှာနေတုန်းက  သားတို့  
အများကြီး  ဆုတောင်းပေးဖူးတယ်  လွတ်များလွတ်ရင်တော့ လားကွာ...............

ကိုမင်းကိုနိုင်တို့   ထောင်ထဲရောက်တုန်းက  သားတို့  
အများကြီး  အားခဲထားခဲ့ ဖူးတယ်  လွတ်များ လွတ်ရင်တော့ လားကွာ..............

ရခိုင်မှာ  ဘင်္ဂလီတွေ ကြီးစိုးတော့  သားတို့   
အများကြီး မျှော်လင့် ခဲ့ ဖူးတယ် အမေစုဖြေရှင်းပေးရင်တော့ လားကွာ..............

ရခိုင်တိုင်းရင်းသားတွေ ပြုတ်ပြုတ်ပြုန်းတော့   သားတို့  
အများကြီး  ကန့် ကွတ်ဖူးတယ်  အမေ စု  ဆုသွားယူတာကိုနောက်မှလုပ်လို့  မရဘူးလားဆိုတာကိုပေါ့ ကွာ................

ကချင်က  သားတို့ မြေမှာ တိုက်ပွဲသံတွေညံတော့   
အဘွားကပြောတယ်  အမေသာ  လွှတ်တော်ထဲရောက်ရင်တဲ့ ..............


မြန်မာနိင်ငံမှာ..................
လူတိုင်းနီးပါး  လေးစားအားကျတဲ့   သီတဂူ ဆရာတော်ဘုရားကြီး အစရှိတဲ့  ကြည်ညိုဖွယ်သူတွေရှိတယ်................

ပြည်သူအများရဲ့ ထောက်ခံမဲရထားတဲ့  ပြည်သူအချစ်တော် အမေစုဆိုတဲ့  ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ရှိတယ်................

ဘယ်မီဒီယာကမှ မထောက်ပြ ၊မဖွနိုင်တဲ့ 
ရိုးသားတဲ့  သမ္မတကြီးရှိတယ်

တက်ကြွပါတယ် ၊လူ့ အခွင့် အရေးထိခိုင်ရင် ပြည်သူကိုယ်စားဆိုတဲ့   
၈၈ ကိုယ်စားပြုအဖွဲ့ အစည်းတွေရှိတယ်..............

စစ်ကိုမုန်းတာ  စစ်သားတွေပါဆိုတဲ့ 
အွန်လိုင်းမှာ  Status အများဆုံး တင်တဲ့  ငြိမ်းချမ်းရေး   မြန်မာ့ တပ်မတော်စစ်သားတွေရှိတယ်...

ကချင်ပြည်သူတွေကောင်းစားဖို့ ပါဆိုပြီးပြောတဲ့ 
ဗိုလ်ချူပ်ဂွမ်းမော်အစရှိတဲ့  ခေါင်းဆောင်တွေရှိတယ်..................

အမေစုလည်းလွတ်တာကြာပါပြီ
၈၈နဲ့  ကိုသူရတို့ လည်းလွတ်တာကြာပါပြီ

တကယ်လို့ ပေါ့ 
လွှတ်တော်ထဲမှာ  သား လွှတ်တော်အမတ်ဖြစ်ခဲ့ ရင်
  စစ်ကြီးဘယ်တော့ အဆုံးသတ်မှာလဲ မမေးချင်ဘူး
ဘယ်လိုဖြေရှင်းကျမလဲ ဆိုတာလည်း  မဆွေးနွေးချင်ဘူး.............
A4 လေးတရွက်ထုတ်ပြီးတော့ လည်း  စစ်ကြီးရပ်ပါလို့  မပြောချင်ဘူး...................

နိုင်ငံခေါင်းဆောင်တွေက
သားတို့  လူငယ်တွေကို   ပညာတက်ကြီး မဖြစ်စေချင်ကြာဘူးလားဆိုတာကိုပဲမေးချင်တယ်
ကိုမင်းခိုက်စိုးစံရေးသလိုပေါ့ 

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ်ဗျာ

(ပုံရိပ်စစ်)
ကချင်စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်များ
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

ကိုဇာဂနာကြီးထောင်ထဲမှာနေတုန်းက သားတို့ 
အများကြီး ဆုတောင်းပေးဖူးတယ် လွတ်များလွတ်ရင်တော့ လားကွာ...............

ကိုမင်းကိုနိုင်တို့  ထောင်ထဲရောက်တုန်းက သားတို့ 
အများကြီး အားခဲထားခဲ့ ဖူးတယ် လွတ်များ လွတ်ရင်တော့ လားကွာ..............

ရခိုင်မှာ ဘင်္ဂလီတွေ ကြီးစိုးတော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ဖူးတယ် အမေစုဖြေရှင်းပေးရင်တော့ လားကွာ..............

ရခိုင်တိုင်းရင်းသားတွေ ပြုတ်ပြုတ်ပြုန်းတော့  သားတို့ 
အများကြီး ကန့် ကွတ်ဖူးတယ် အမေ စု ဆုသွားယူတာကိုနောက်မှလုပ်လို့  မရဘူးလားဆိုတာကိုပေါ့ ကွာ................

ကချင်က သားတို့ မြေမှာ တိုက်ပွဲသံတွေညံတော့ 
အဘွားကပြောတယ် အမေသာ လွှတ်တော်ထဲရောက်ရင်တဲ့ ..............


မြန်မာနိင်ငံမှာ..................
လူတိုင်းနီးပါး လေးစားအားကျတဲ့  သီတဂူ ဆရာတော်ဘုရားကြီး အစရှိတဲ့  ကြည်ညိုဖွယ်သူတွေရှိတယ်................

ပြည်သူအများရဲ့ ထောက်ခံမဲရထားတဲ့  ပြည်သူအချစ်တော် အမေစုဆိုတဲ့  ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ရှိတယ်................

ဘယ်မီဒီယာကမှ မထောက်ပြ ၊မဖွနိုင်တဲ့ 
ရိုးသားတဲ့  သမ္မတကြီးရှိတယ်

တက်ကြွပါတယ် ၊လူ့ အခွင့် အရေးထိခိုင်ရင် ပြည်သူကိုယ်စားဆိုတဲ့ 
၈၈ ကိုယ်စားပြုအဖွဲ့ အစည်းတွေရှိတယ်..............

စစ်ကိုမုန်းတာ စစ်သားတွေပါဆိုတဲ့ 
အွန်လိုင်းမှာ Status အများဆုံး တင်တဲ့  ငြိမ်းချမ်းရေး မြန်မာ့ တပ်မတော်စစ်သားတွေရှိတယ်...

ကချင်ပြည်သူတွေကောင်းစားဖို့ ပါဆိုပြီးပြောတဲ့ 
ဗိုလ်ချူပ်ဂွမ်းမော်အစရှိတဲ့  ခေါင်းဆောင်တွေရှိတယ်..................

အမေစုလည်းလွတ်တာကြာပါပြီ
၈၈နဲ့  ကိုသူရတို့ လည်းလွတ်တာကြာပါပြီ

တကယ်လို့ ပေါ့ လွှတ်တော်ထဲမှာ သား လွှတ်တော်အမတ်ဖြစ်ခဲ့ ရင်စစ်ကြီးဘယ်တော့ အဆုံးသတ်မှာလဲ
မမေးချင်ဘူးဘယ်လိုဖြေရှင်းကျမလဲ ဆိုတာလည်း မဆွေးနွေးချင်ဘူး.............
A4 လေးတရွက်ထုတ်ပြီးတော့ လည်း စစ်ကြီးရပ်ပါလို့  မပြောချင်ဘူး...................

နိုင်ငံခေါင်းဆောင်တွေကသားတို့  လူငယ်တွေကို ပညာတက်ကြီး မဖြစ်စေချင်ကြာဘူးလားဆိုတာကိုပဲ

မေးချင်တယ်ကိုမင်းခိုက်စိုးစံရေးသလိုပေါ့ 

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ်ဗျာ

(ပုံရိပ်စစ်) Facebook

0 comments:

Post a Comment