Pages

Tuesday, January 1, 2013

မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ


မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ

ကင်္ဂါလီ၊ ဒီဇင်ဘာ ၂ဝ
ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။ ရဝမ်ဒါနိုင်ငံတွင် လူပေါင်း ၈ဝဝဝဝဝခန့် သေကျေပျက်စီးခဲ့ ရသော ၁၉၉၄ ခုနှစ် မျိုးတုံးသတ်ဖြတ်ပွဲ ဖြစ်ပွားစဉ်အခါက စီမံကိန်း ရေးဆွဲရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Ngirahatware သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် တွတ်စီ လူမျိုးများအား သတ်ဖြတ်ရန် တိုက်ရိုက် အမိန့်ပေးခဲ့ခြင်းနှင့် ထိုနှစ် ဧပြီလတွင်ပင် တွတ်စီလူမျိုးများအား သတ်ဖြတ်ရန် လက်နက်များ   ဖြန့်ဝေပေး ခဲ့ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရား ရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းက ၂ဝဝ၇ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကာ ၂ဝဝ၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ”ဒီနေ့ချမှတ်ခဲ့တဲ့ တရားစီရင်မှုဟာ ရဝမ်ဒါနိုင်ငံအတွက် သာမက ကမ္ဘာမှာပါ အရေးပါတဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစား လိုက်နာကြဖို့ လိုတာကို မီးမောင်း ထိုးပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ် ခုပါ”ဟု အစိုးရရှေ့နေချုပ် Hassan Bubacar Jallow က ဆိုသည်။  ရဝမ်ဒါနိုင်ငံ မျိုးတုံး သတ်ဖြတ်မှု အတွက် ရာဇဝတ်မှု တရားရုံး ဖွဲ့စည်းခဲ့ပြီးသည့်နောက် ယခုအချိန်အထိ ၁၈နှစ်တာ ကာလ အတွင်း အဓိကတရားခံ ၉၃ ဦး သတ်မှတ်နိုင်ခဲ့ပြီး ၈၃ ဦးအား ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ ကျန်၁ဝဦးမှာမူ စစ်ဆေး မှုပြုလုပ်ပြီး အပြစ်မရှိ၍ တရားသေလွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ 

  ရဝမ်ဒါနိုင်ငံတွင် တွတ်စီလူမျိုးများမှာလူနည်းစုဖြစ်ပြီး လူများ စု ဟူတူလူမျိုးများက ၄င်းတို့အား မျိုးတုံးသတ်ဖြတ်မှုတွင် အဓိက အားဖြင့် ထိုစဉ်က အစိုးရအရာရှိ များဖြစ်သည့် ဟူတူလူမျိုးများက အားပေး အားမြှောက် လှုံ့ဆော်မှုပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိရ သည်။ ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရာတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မျက်မြင်သက်သေ ၃ဝဝဝ ကျော် လာရောက်ထွက်ဆိုစစ်ဆေးခံ ခဲ့သည်ဟု သိရသည်။

via http://popularmyanmar.com


ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။
ရဝမ်ဒါနိုင်ငံတွင် လူပေါင်း ၈ဝဝဝဝဝခန့် သေကျေပျက်စီးခဲ့ ရသော ၁၉၉၄ ခုနှစ် မျိုးတုံးသတ်ဖြတ်ပွဲ ဖြစ်ပွား
စဉ်အခါက စီမံကိန်း ရေးဆွဲရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Ngirahatware သည် ၁၉၉၄ ခုနှစ်
 ဖေဖော်ဝါရီလတွင် တွတ်စီ လူမျိုးများအား သတ်ဖြတ်ရန် တိုက်ရိုက် အမိန့်ပေးခဲ့ခြင်းနှင့် ထိုနှစ် ဧပြီလတွင်
ပင် တွတ်စီလူမျိုးများအား သတ်ဖြတ်ရန် လက်နက်များ ဖြန့်ဝေပေး ခဲ့ခြင်းတို့ကြောင့်အပြည်ပြည်ဆိုင်ရာ ရာ
ဇဝတ်မှု တရား ရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းက ၂ဝဝ၇ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကာ ၂ဝဝ၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇ

ဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ”ဒီနေ့ချမှတ်ခဲ့တဲ့ တရားစီရင်မှုဟာ ရဝမ်ဒါနိုင်ငံအတွက် သာမက ကမ္ဘာမှာပါ အရေးပါတဲ့တရားဥပဒေ စိုးမိုးမှုကို လေးစားလိုက်နာကြဖို့လိုတာကို မီးမောင်း ထိုးပြနိုင်
ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ် ခုပါ”ဟု အစိုးရရှေ့နေချုပ် Hassan Bubacar Jallow က ဆိုသည်။ 

ရဝမ်ဒါနိုင်ငံ မျိုးတုံး သတ်ဖြတ်မှု အတွက် ရာဇဝတ်မှု တရားရုံး ဖွဲ့စည်းခဲ့ပြီးသည့်နောက် ယခုအချိန်အထိ ၁၈နှစ်တာ ကာလ အတွင်း အဓိကတရားခံ ၉၃ ဦး သတ်မှတ်နိုင်ခဲ့ပြီး ၈၃ ဦးအား ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်
နိုင်ခဲ့သည်ဟု သိရသည်။ ကျန်၁ဝဦးမှာမူ စစ်ဆေး မှုပြုလုပ်ပြီး အပြစ်မရှိ၍ တရားသေလွှတ်ပေးခဲ့ကြောင်း
လည်း သိရသည်။

ရဝမ်ဒါနိုင်ငံတွင် တွတ်စီလူမျိုးများမှာလူနည်းစုဖြစ်ပြီး လူများ စု ဟူတူလူမျိုးများက ၄င်းတို့အား မျိုးတုံးသတ်

ဖတ်မှုတွင် အဓိက အားဖြင့် ထိုစဉ်က အစိုးရအရာရှိ များဖြစ်သည့် ဟူတူလူမျိုးများက အားပေး အားမြှောက် လှုံ့ဆော်မှုပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိရ သည်။ ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရာတွင် နိုင်ငံပေါင်း ၂၁ နိုင်
ငံမှ မျက်မြင်သက်သေ ၃ဝဝဝ ကျော် လာရောက်ထွက်ဆိုစစ်ဆေးခံ ခဲ့သည်ဟု သိရသည်။

ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment