Pages

Saturday, July 11, 2015

ဦးအောင်သောင်းခွဲစိတ်မှုအောင်မြင်ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဟုဆို


RangonNewsDaily:: July . 11 .2015
ဦးနှောက်သွေး ကြောပေါက်၍ စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေသော ပြည် ခိုင်ဖြိုးပါတီ၏ အတိုင်ပင်ခံဗဟို အလုပ်အမှုဆောင် ဦးအောင် သောင်းသည် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း ပြည် ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြောသည်။
စင်ကာပူနိုင်ငံတွင် ဆေးကု သမှုခံယူနေသည့် ဦးအောင် သောင်းသည် ခွဲစိတ်မှုအောင်မြင် ပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ကြောင်း၊ စင်ကာပူဆေး ရုံတွင် ရက်အနည်းငယ်အနားယူ ရမည်ဖြစ်ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ဇူလိုင် ၁၀ရက် ညကပြောသည်။
::
ပြည်ခိုင်ဖြိုးပါတီ၏ ထိပ် တန်းခေါင်းဆောင်တစ်ဦးဖြစ် သည့် ဦးအောင်သောင်းသည် ဇူ လိုင် ၉ ရက် ညနေက စင်ကာပူ နိုင်ငံသို့ သွားရောက်ကာ ဆေးကု သမှုခံယူနေခြင်းဖြစ်သည်။‘‘သွေးကြောပေါက်ထားတဲ့ ဟာလေးတွေဖာနေတယ်တဲ့။ ဖာ ပြီးရင် ယိုစီးထားတဲ့သွေးစတွေဆွဲ ထုတ်မယ်။ ပြီးတော့ ခွဲစိတ်မှုလုပ် နေတုန်းပဲ။ အသက်အန္တရာယ် စိုး ရိမ်စရာတော့မရှိတော့ဘူးလို့ သိ ရတယ်’’ဟု ဇူလိုင် ၁၀ ရက်က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေးအပြီးတွင် ဦး အောင်သိန်းလင်းကပြောကြားခဲ့ သည်။
::
ပြည်ခိုင်ဖြိုးပါတီ၏ အတိုင် ပင်ခံဗဟိုအလုပ်အမှုဆောင် အ သက် (၇၅) နှစ်အရွယ် ဦးအောင် သောင်းသည် ကျန်းမာရေးအခြေ အနေကြောင့် ရွေးကောက်ပွဲမ၀င် ဖြစ်ပါက ပါတီအတွက် အင်အား နည်းသွားနိုင်သည်ဟု ဦးအောင်သိန်းလင်းကဆိုသည်။
‘‘ပါတီမှာကတော့ လော လောဆယ် အင်အားလျော့နည်း သွားတာပေါ့ဗျာ။ လျော့နေတဲ့အ တွက် ကျွန်တော်တို့ပါတီအတွက် လည်း အားနည်းသွားတာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တို့၊ ပါတီတာဝန်တို့ ပြန်လုပ်နိုင်ပါ့မ လား စိတ်ပူတယ်’’ဟု ဦးအောင် သိန်းလင်းကပြောသည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment