Pages

Friday, July 10, 2015

E Lite ရန်ကုန်-နေပြည်တော် ခရီးစဉ် ယာယီပိတ်သိမ်းခံရ


RangonNewsDaily:: July . 9 .2015
E Lite ခရီးသည်တင်ယာဉ်နှင့် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ်တို့ ဇူလိုင် ၇ ရက်က နေပြည်တော်တွင် ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် အဆိုပါယာဉ်လိုင်းမှ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကိုယာယီပိတ်သိမ်းရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်းသတင်းရရှိသည်။
အဆိုပါယာဉ်လိုင်း ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းငြိမ်းဝင်းကအကြောင်းကြားစာ ရရှိသည်နှင့် ရန်ကုန် - နေပြည်တော် ကားအစီးရေ ၃၀ထွက်ခွာတော့မည်မဟုတ်ဘဲ လက်မှတ်ကြိုတင်ဝယ်ယူထားသူများကို ယာဉ်လိုင်းက အကြောင်းကြားစာကိုပြ၍ တောင်းပန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 
::
သို့သော် တရားဝင် အကြောင်းကြားမှုမပြုလုပ်ခင် ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်းသတင်းရရှိသည်။ ယာဉ်တိုက်မှုတွင် ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးမှာ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment