Pages

Friday, July 10, 2015

ဦးအောင်သောင်း ကျန်းမာရေးစိုးရိမ်ရ


RangonNewsDaily:: July . 9 .2015
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းဟာ သွေးတိုးရာကနေ ဦးနှောက်သွေးကြော ပေါက်သွားလို့ ဇူလိုင်လ ၈ ရက်နေ့ညက နေပြည်တော်ဆေးရုံကြီးကို တင်ပို့ ကုသခဲ့ရပေမယ့် မသက်သာတဲ့ အတွက် ဇူလိုင် ၉ ရက် ကြာသပတေးနေ့မှာတော့ စင်္ကာပူမှာ ဆေးကုသခံဖို့ ခေါ်သွားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို ညနေ ၃ နာရီ ၆ မိနစ်တွင် စင်းလုံးငှား လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ စင်ကာပူသို့ သယ်ဆောင်သွားပြီ ဖြစ်သည်။
::
အဆိုပါ လေယာဉ်သည် ၁ နာရီ ၅၂ မိနစ်တည်းက နေပြည်တော် လေဆိပ်သို့ ရောက်ရှိနေခဲ့သော်လည်း စင်ကာပူသို့ သယ်ယူကုသရန် သင့်မသင့် မိသားစုနှင့် ဆရာဝန်များ တိုင်ပင်ပြီး အခြေအနေစောင့်ကြည့်နေသည့် သဘောများကြောင့် အချိန်အနည်းငယ် နောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။
လေဆိပ်သို့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးဌေးဦး၊ ဦးစိုးသာနှင့် အရပ်ဘက်ရောက်ရှိနေသော တပ်အရာရှိဟောင်းများ၊ ဦးအောင်သောင်း၏ သားဖြစ်သူ ဗိုလ်မှုးချုပ်မိုးအောင် အပါအဝင် မိသားစုဝင်များ လိုက်ပါ ပို့ဆောင်ခဲ့သည်။



ရန်ကုန်က နေပြည်တော်ကို အရေးပေါ်လိုက်သွားပြီး ကြည့်ပေးခဲ့ရတဲ့ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမြတ်သူက အခြအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ပါတီခေါင်းဆောင်ပိုင်းအကြားမှာ သဘောထားကွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေချိန်၊ ရွေးကောက်ပွဲ ကျင်းပမယ့်ကာလကလည်း မဝေးတော့တဲ့အချိန်မှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ကျန်းမာရေး မကောင်းတာဟာ ပါတီအတွက် ထိခိုက်မှုတွေ ရှိလာမှာကို ပါတီခေါင်းဆောင်ပိုင်းကလည်း စိုးရိမ်မှုတွေရှိကြပါတယ်။
:
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းသည် ရာဇသင်္ဂဟ အိမ်ရာရှိ သူ့နေအိမ်တွင် ဇူလိုင်လ ၈ ရက်နေ့ည ၁၁ နာရီခန့်က အပေါ်သွေး ၂၂၀ အောက်သွေး ၁၂၀ ထိသွေးတိုးလာခဲ့ပြီး မူးလဲသွားသဖြင့် နေပြည်တောင်ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ် တင်လိုက်ရပြီးနောက် ယနေ့တွင် စင်ကာပူသို့ ပို့ဆောင်ခြင်း ဖြစ်သည်။
::
ဦးအောင်သောင်းကို ဆေးကုသပေးခဲ့သည့် ဦးနှောက်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းက "ဦးနှောက်သွေးကြော ဖောင်းတာ၊ ပေါက်တာ၊ ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုတာ၊ အခြေအနေက ပြောလို့မရသေးဘူး။ စိုးရိမ်ရတယ်" ဟု ပြောကြားသည်။

BBC ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment