Pages

Sunday, July 12, 2015

ရန်ကုန်မြို့ အထပ်မြင့်တိုက်များတွင် ရာဇ၀တ်မှုဖြစ်စဉ် များလာသည့်အတွက် တိုက်ခန်းများ၌ သက်ကြီးရွယ်အိုများ တစ်ဦးတည်းမထားရန်နှင့် CCTV များ တပ်ဆင်ရန် အကြုံပြု

RangonNewsDaily:: July . 11 .2015
ရန်ကုန်မြို့ အထပ်မြင့်တိုက်များတွင် ရာဇ၀တ်မှု ကျူးလွန်မှုဖြစ်စဉ် များပြားလာသည့်အတွက် တိုက်ခန်းများအအတွင်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ တစ်ယောက်တည်း မထားခဲ့ရန်နှင့် တိုက်များတွင် CCTV များ တပ်ဆင်ထားရန် အကြုံပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။
“အထပ်မြင့်တိုက်တွေမှာ ရာဇ၀တ်မှုတွေမဖြစ်အောင် အဓိကဟောပြောပွဲတွေ လုပ်မယ်။ CCTV တပ်ဖို့ အကြံဉာဏ်ပေးမှာပေါ့နော်။ နောက် အသက်ကြီးတဲ့သူတွေ တစ်ဦးတည်းမထားဖို့ ကလေးတွေကို တစ်ဦးတည်းမထားဖို့ တကယ်အပြင်သွားမယ်ဆို သော့ကို သေချာခတ်ထားဖို့ ပြောသွားမှာပါ။အထပ် မြင့်တိုက်တွေမှာ လုံခြုံရေးဝန်ထမ်းမရှိတာတွေ များပါတယ်။ ကွန်ဒိုတွေမှာပဲ ရှိမှာပေါ့။ အဲ့လိုလုံခြုံရေးဝန်ထမ်းမရှိတဲ့ တိုက်တွေ အဓိကထားပြီး ပြောသွားမှာပါ။ 
::
လုံခြုံရေးဝန်ထမ်းတွေကို ပညာပေးရမှာပဲ။ ဟောပြောပွဲလုပ်ရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စခန်းမှူးတွေ ပေါင်းစပ်ပြီးတော့ လူကုန်ကူးမှု ကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ၊ သက်ငယ်တွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပညာပေး ဟောပြောတယ်။ ဖြစ်စဉ်တွေချပြတာပေါ့။ ဟောပြောပွဲတွေက တစ်ပတ်ကို အနည်းဆုံး တစ်မြို့နယ်ကို သုံးကြိမ်လောက် ပြုလုပ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
::
အထပ်မြင့်တိုက်တွင် ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုများမှ ဖြစ်စဉ်တစ်ခုမှာ ဇွန် ၂၇ ရက် ညပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် နေအိမ်တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၈၀ ကျော်အရွယ် အဘိုးအိုတစ်ဦး အသတ်ခံရမှုဖြစ်သည်။ အဆိုပါ အဘိုးအိုအား သတ်ဖြတ်ခဲ့သူများမှာ သင်္ဃန်းကျွန်းမြို့နယ်နေကြသည့် အသက် ၁၆ နှစ်မှ ၂၀ အရွယ် လူငယ်လေးဦးဖြစ်ပြီး အုပ်စုဖွဲ့လုံးထွေးသတ်ပုတ်ပြီး လက်၊ ခြေထောက်၊ လည်ပင်းတို့အား အ၀တ်ဖြင့် ချည်နှောင်၍ မျက်နှာအား ဖက်ခေါင်းအုံးဖြစ် တစ်လှည့်စီ ဖိကာသတ်ဖြတ်ခဲ့ပြီး ပိုက်ဆံများ နှင့်အရောင်မျိုးစုံကျောက်များ ထည့်ထားသည့် ဘူးတစ်ဘူးအား ယူဆောင်သွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
::
အဆိုပါ အဆင်မြင့်အရာရှိမှ ဆက်လက် ပြီး“ CCTV တပ်စေချင်တဲ့အကြောင်းက ဘာပဲ ပြောပြော တိုက်ခန်းဆိုတာ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မရှိကြဘူး။ တိုက်ခန်းပေါ်တက်ရင် ဘယ်သူတက်လို့ တက်မှန်း မသိဘူး။ CCTV တပ်ထားရင် အထောက်အထား ပိုကောင်းတာပေါ့။ တရားခံမငြင်းနိုင်အောင် အထောက်အထား ကောင်းကောင်းရဖို့လိုတယ်။ တရားခံကို အထောက်အထား ခိုင်ခိုင်လုံလုံ နဲ့စစ်မှ မငြင်းနိုင်မှာလေ။ နည်းပညာအနေနဲ့ CCTV တပ်စေချင်တာပေါ့။ CCTV တပ်ထားတော့ အထောက်အထားလည်းရတယ်။ ချက်ချင်းလည်း ဖမ်းမိတာပေါ့။ အမှုတည်ဆောက်ရ လွယ်တာပေါ့” ဟု ပြောကြားသည်။
::
အလားတူ ဇွန် ၄ ရက် သာကေတမြို့နယ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက တာမွေမြို့နယ်ရှိ တိုက်တစ်တိုက်၏ လှေကား၌ အမျိုးသမီးတစ်ဦးထံမှ ဓားထောက်ပြီး ရွှေဆွဲကြိုးနှင့် နားကပ်လုယက်သည့် ဖြစ်စဉ်၊ ဇွန် ၁၈ ရက်တွင် အင်းစိန်မြို့နယ် ၁၉နှစ် အရွယ် လူငယ်တစ်ဦးက နေအိမ်တစ်အိမ်က ငွေကျပ် ၃၅ သိန်းကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်း၊ လက်ကိုင်ဖုန်းများ ခိုးယူသွားသည့် ဖြစ်စဉ်၊ ဇွန် ၂၇ ရက် နံနက် ၃ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ၄၉ လမ်းရှိ တိုက်တစ်တိုက်တွင် ဖွင့်လှစ်ထားသော ရွှေနန်းထိုက်အမည်ရှိ ရတနာရွှေဆိုင်ကို မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက ဆိုင်အနောက်ဘက်ရှိ ပြတင်းပေါက်အား ဖျက်ကာ ဆိုင်အတွင်းသို့ဦးစွာဝင်ရောက်လာခဲ့ပြီး ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ပုံးထဲမှ ငွေကျပ် သိန်း ၁၅၀ ခန့် တန်ဖိုးရှိ ရွှေနားကပ်နှင့်နားဆွဲ ၁၈၅ ရန်အား ခိုးယူသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
::
ယခု ဇူလိုင်လအတွင်း ဖြစ်စဉ်တစ်ခုမှာ ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် ညပိုင်းတွင် လသာမြို့နယ် ၂၇ လမ်း၌ အမျိုးသမီးတစ်ဦး တိုက်ခန်းလှေကားအတွင်း ဓားထိုးခံရမှုဖြစ်ပွားကြောင်း သိရသဖြင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဓားထိုးခံရသူမှာ ယင်းလမ်းရှိ တိုက်ခန်းတစ်ခန်းနေ အသက် ၂၅ နှစ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရပြီး လည်ပင်းတွင် ဓားထိုးဒဏ်ရာ တစ်ချက်ရရှိထားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသနေရကြောင်း သိရသည်။
::
အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူကိုလည်း အခင်းဖြစ်ပွားစဉ် ကျူးလွန်ခံရသည့် အမျိုးသမီးမှ အော်ဟစ်အကူအညီတောင်းမှုကြောင့် ပတ်ဝန်းကျင်မှလူများက ၀ိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။
Eleven ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment