Pages

Sunday, July 12, 2015

ဘင်္ဂလားဒေ့ရှ်တွင် လူနင်းခံရမှုကြောင့် ၂၃ ဦးထက်မနည်း သေဆုံး

RangonNewsDaily:: July . 11 .2015
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အဝတ်အထည် ပေးကမ်းဝေမျှသည့် နေရာတစ်ခု၌ လူအများ စုပြုံတိုးဝှေ့ရင်း လူနင်းမိသည့် အခြေအနေများကြောင့် အနည်းဆုံး ၂၃ ဦးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံမြောက်ပိုင်း မိုင်မန်ဆင်း ဒေသရှိ စက်ရုံတစ်ရုံတွင် နံနက် အရုဏ်မတက်မီ အဝတ်အစားများ အခမဲ့ ဝေငှရာ ကျဉ်းမြောင်းသည့် ဂိတ်ပေါက်လေးထဲ လူအများ ပြုံ၍ တိုးရင်း ယခုလို အဖြစ်ဆိုး ကြုံခဲ့ခြင်းဟု ရဲများက ပြောကြားခဲ့သည်။
::
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စက်ရုံပိုင်ရှင် အပါအဝင် လူ ၇ ဦးကို ရဲများက ထိန်းသိမ်းထားလိုက်သည်။ မွတ်ဆလင် ဥပုသ်လဖြစ်သည့် ရာမန်ဒန် ကာလတွင် ချမ်းသာကြွယ်ဝသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ဆင်းရဲနွမ်းပါးသူများကို အဝတ်အထည်များ ဝေငှလေ့ ရှိသည်။
ရဲတပ်ဖွဲ့က ခရမ်းချဉ်သီး အရည်ညှစ် စက်ရုံရှေ့တွင် ဇူလိုင် ၁၀ ရက် နံနက်အစောပိုင်းက လူပေါင်း ၁၅၀၀ ကျော် စုရုံး တိုးဝှေ့ခဲ့ကြောင်း AFPသို့ ပြောကြားခဲ့သည်။ ထို့နောက်ပိုင်းတွင် တန်းစီထားမှု ဖရိုဖရဲ ဖြစ်လာပြီး အတင်းအဓမ္မ ကျော်တက်ရန် ကြိုးစားသူများကြောင့် လူအုပ်ပြိုဆင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
::
ရုပ်မြင်သံကြား သတင်းဌာနများက သွေးများပေကျံနေသည့် စက်ရုံဂိတ်ပေါက် အပါအဝင် အကျည်းတန်စွာ ရှိနေသည့် အခင်းဖြစ်ရာ နေရာကို ရိုက်ကူးပြသခဲ့သည်။
“သေဆုံးသူ အများစုက ဆင်းရဲနွမ်းပါးပြီး အားအင်ပြတ်လပ်နေတဲ့ အမျိုးသမီးတွေပါ”ဟု မိုင်မန်ဆင်း ရဲတပ်ဖွဲ့ အကြီးအကဲ မွိုင်နူးလ်ဟာကူက ဆိုသည်။ ယခုဖြစ်စဉ်တွင် သေဆုံးသူ အရေအတွက် မြင့်တက်လာဦးမည်ဟုလည်း ရဲများက မျှော်လင့်ထားသည်။
BBC ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment