Pages

Monday, July 20, 2015

ဘုတလင်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား


RangonNewsDaily:: July . 20 .2015
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် ညနေပိုင်းမှ စ၍ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျင်းကျေးရွာအနီးရှိ သစ်ခဲချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၂ နာရီခန့်တွင် ရေလျှံမှုဖြစ်ပေါ်ကာ တမံပေ ၁၅၀ ခန့် ကျိုးပေါက်ခဲ့ပြီး တမံအောက်ရှိ တောင်ကျင်း ကျေးရွာ၊ ဂွေးပင်ကျင်းကျေးရွာ၊ လက်ယက်တွင်းကျေးရွာနှင့် အင်ကြင်းမကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။






ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းမြင်ဆည်မှာ နေ့လည်က တာဘောင်ပေါ် ၂ ပေ ကျော်ခန့် အထိ ရေကျော်ခဲ့သော်လည်း ယခုအခါ ရေမှာ Dam crest အောက် (၀.၈)ပေ ကျဆင်းသွားပါပြီဖြစ်ကြောင်းသိရသည်။
:
ကျွန်းလှမြို့နယ်တွင်မူ အနောက်ဖက်ဆံမြိတ်ချောင်းကရေတွေတက်သည့် အတွက် ချောင်း အနီးအနိမ့်ပိုင်းနေရာများ ရေနစ်မြုပ်သည့်အတွက် ရေဘေးဒုက္ခသည်များမှာရွှေမုဋ္ဌော၊ ရန်အောင်မင်္ဂလာ၊
ရွှေလည်ကျောင်းနှင့် ဘော်ဒါဆောင်တချို့တွင် ခိုလှုံနေ ရကြောင်းသိရသည်။
မင်းမြင်ဆည် (ဓာတ်ပုံ- ကိုအောင်ကျော်ဇော်)
ဧရာဝတီ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment