Pages

Monday, July 20, 2015

တောင်အာဖရိက၊ ဂျိုဟန်နာ့စ်ဘာ့ဂ်မြို့ အနီးတွင် ရထားနှစ်စီး တိုက်မိပြီး လူပေါင်းရာနှင့်ချီ ဒဏ်ရာရ


RangonNewsDaily:: July . 20 .2015
တောင်အာဖရိက နိုင်ငံတွင် ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားရာ လူပေါင်း ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ခရီးသည်တင် ရထားနှစ်စီးသည် ဂျိုဟန်နာ့စ်ဘာ့ဂ်မြို့ အနီးတွင် ဇူလိုင် ၁၇ ရက်က တိုက်မိခြင်းဖြစ်ပြီး လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ အချို့သော သတင်းများကလည်း ထိခိုက်ဒဏ်ရာရသူ ပမာဏသည် ၃၀၀ မျှထိ ရှိကြောင်း ဆိုသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သေဆုံးသူ မရှိခဲ့ချေ။


ရထားတစ်စီး၏ နောက်ပိုင်းကို အခြားတစ်စီးက အရှိန်ဖြင့် ဝင်ဆောင့်ခဲ့သဖြင့် ယခုလို လူအများအပြား ထိခိုက်ခဲ့ခြင်းဟု တောင်အာဖရိက အရေးပေါ် အခြေအနေ စီမံထိန်းချုပ်ရေးဌာနမှ ရက်ဆဲလ် မိုင်ရင်းက ပြောကြားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာ လူ ၂၀၀ ကျော်ကို ကုသပေးနေရတယ်လို့ ကျွန်တော်တို့ရဲ့ ဆေးဝန်ထမ်းတွေက အကြောင်းကြားပါတယ်”ဟု ၎င်းက ဆိုသည်။ ဒဏ်ရာရသူ အချို့ကိုမူ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မိုင်ရင်းက အတည်ပြုခဲ့သည်။
:
အာဖရိကတိုက်၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အကောင်းဆုံး နိုင်ငံတစ်ခုဖြစ်သော တောင်အာဖရိကတွင် ရထား မတော်တဆမှုများ၊ လမ်းချော်မှုများသည် မကြာခဏ ကြုံတတ်သည့် အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။ အဓိက အကြောင်းရင်းမှာ အခြေခံ အဆောက်အအုံများ အရည်အသွေး ညံ့ဖျင်းမှု၊ လျှပ်စစ်မီး မလုံလောက်မှုတို့ ဖြစ်ကြောင်းလည်း သိရှိရသည်။
Ref: RT,7Day ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment