Pages

Monday, July 20, 2015

ဖော်မြူလာဝမ်း ကားသမား ဂျူးစ်ဘီအန်ခီ ကွယ်လွန်


RangonNewsDaily:: July . 20 .2015
ဂျပန်နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ မတော်တဆကြောင့် ဆေးရုံတင်လိုက်ရတဲ့ ကားမောင်းသမား ဂျူးစ်ဘီအန်ခီ (Jules Bianchi) က ဒဏ်ရာကြောင့် ဇူလိုင် ၁၈ ရက်က ကွယ်လွန်သွားပါတယ်။
အရင်နှစ် အောက်တိုဘာလက ဆူဇူကာမှာ အသက် ၂၅ နှစ် ဘီအန်ခီ မောင်းနှင်တဲ့ မာရုစ်ဆီးယားကားဟာ ပြိုင်လမ်းကြောင်းကနေထွက်ပြီး တိုက်မိတဲ့ ကားတွေကို သယ်ယူတဲ့ ကရိုင်းကားကို တိုက်မိခဲ့ပါတယ်။ဒီအချိန်ကတည်းက သတိမေ့မြောနေတဲ့ ရောဂါတမျိုးဖြစ်တဲ့ ကိုမာကို ဘီအန်ခီက ခံစားခဲ့ရတာ ဖြစ်ပါတယ်။
:
သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီအန်ခီမိသားစုက ထုတ်ပြန်ချက်တစောင်ကို လူမှုရေး ကွန်&က် တွစ်တာမှာ တင်ထားခဲ့ပြီးနောက်ပိုင်းမှာ မာရုစ်ဆီးယား ဖော်မြူလာဝမ်းအသင်းက အတည်ပြုခဲ့ပါတယ်။
ဘီအန်ခီက နောက်ဆုံးအချိန်အထိတိုက်ခိုက်သွားခဲ့ပေမယ့် ဒီနေမှာတော့ အဆုံးသတ်သွားသလို ခံစားရတဲ့ ခံစားချက်က မဖော်ပြနိုင်လောက်အောင် ဖြစ်ရတယ်လို့ မိသားစုက ထုတ်ပြန်ပါတယ်။
:
ဘီအန်ခီဟာ ဖော်မြူလာဝမ်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက် ၃၄ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ မိုနာကို ဂရင်းပြိုင်ပွဲမှာ အဆင့် ၉ ချိတ်ခဲ့ပါတယ်။
ဒီအဆင့်ဟာ မာရုစ်ဆီးယားအတွက် ပထမဆုံး အကြိမ် ရရှိတဲ့ အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ 
DVB ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment