Pages

Monday, July 20, 2015

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းအချို့ ရေကျော်ပြီး ရထားများပိတ်မိ


RangonNewsDaily:: July . 20 .2015
မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မန္တလေး-မြစ်ကြီးနားရ ထားလမ်းပိုင်း နေရာအချို့တွင် ရေကျော်ကာ ရထားအချို့ပိတ်မိ နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း တွင် လွန်ခဲ့သော သုံး၊ လေးရက်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်း လျက်ရှိရာ နမ်းခန်း-ဘုံချောင်း ကြားတောင်ပြိုခြင်း၊ ဇော်ချောင်း -ကံကြီးလမ်းပိုင်းနှင့် မော်လူး- ပင်လယ်ဝကြားရထားလမ်းပိုင်း များ ရေကျော်နေသဖြင့် ရထား ပြေးဆွဲမှုကို ဇူလိုင် ၁၇ရက် နံ နက်ပိုင်းကတည်းက ခေတ္တရပ် ဆိုင်းထားရခြင်းဖြစ်သည်။
:
ကန့်ဘလူမြို့နယ် ဇော် ချောင်းဘူတာနှင့် ကံကြီးဘူတာ ကြား မိုင်တိုင်(၅၂၀/၆-၁၅)ကြား တံတားအမှတ် (၂၇၉)တွင် ဇူလိုင် ၁၆ ရက် ည ၁၂ နာရီခွဲခန့်က သံ လမ်းပေါ်ရေကျော်ခဲ့ပြီး ဇူလိုင် ၁၇ ရက် နံနက် ၁ နာရီခွဲခန့်၌ တစ်ပေ ခွဲခန့်အထိ မြင့်တက်လာခဲ့ကာ နေ့ လယ် ၂ နာရီ မိနစ် ၅၀ ခန့်တွင် ၁၀ လက်မခန့် ကျန်နေသေးကြောင်း သိရသည်။‘‘ရေကသံလမ်းအထက်တစ် ပေခွဲလောက်လျှံနေတဲ့အတွက် ရ ထားသွားလာမှုကို ရပ်နားထားရ တယ်။ လမ်းပိုင်းပျက်စီးမှု မရှိ အောင်တော့ ကျွန်တော်တို့ဆီက အင်ဂျင်နီယာအဖွဲ့တွေက အထူး ရထားနဲ့ ကျောက်တွေအရေးပေါ် သွားချနေတယ်’’ဟု မြန်မာ့မီးရ ထား၊ စစ်ဆေးရေးဌာနအထွေ ထွေမန်နေဂျာဦးဘမြင့်ကပြော သည်။
:
ရထားလမ်း ရေကျော်မှု ကြောင့် မြစ်ကြီးနားမှ ထွက်ခွာ လာသည့် (၃၄)အစုန်အိပ်စင်ရထား သည် ဇော်ချောင်းဘူတာ၌ နံနက် ၈နာရီ၂၅မိနစ်တွင်လည်းကောင်း၊ (၃၈)အစုန်ရထားသည် ကိုးတောင်ဘူတာ၌ နံနက် ၁၀နာရီတွင်လည်းကောင်း၊ (၅၈)အစုန်ရထားသည် ကောလင်းဘူတာ၌ နံနက် ၉နာရီ ၈မိနစ်တွင်လည်းကောင်း၊ မန္တလေးမှ ထွက်ခွာလာသည့် (၅၅) အဆန်ရထားသည် ချပ်သင်းဘူတာ၌နေ့လယ် ၁နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိပြီး ရေကျချိန်စောင့်ကာ ရပ်ဆိုင်းထားရကြောင်း မြန်မာ့မီးရထားလုပ်ငန်းသွားလာရေး မန်နေဂျာရုံးတာဝန်ရှိသူက ပြောသည်။
:
ဇူလိုင် ၁၇ရက်အတွက် မန္တလေး-မြစ်ကြီးနားခရီးစဉ်များရထားပြန်လည်ဝင်ရောက်မှုမရှိ သေး၍ ထွက်ခွာနိုင်ခြင်းမရှိ ကြောင်းမန္တလေးဘူတာကြီး ရုံပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
ဇူလိုင် ၁၇ရက် ည ၇နာရီအ ထိ အဆိုပါလမ်းပိုင်းတွင် ပိတ်မိ နေသော ရထားခြောက်စီးအထိ ရှိလာပြီး ကားလမ်းနှင့် အလှမ်း ဝေးသောကြောင့် ခရီးသည်များ အားကားဖြင့်ရွှေ့ပြောင်းပို့ဆောင် ပေးနိုင်ခြင်းမရှိဘဲ ရထားပေါ်၌ သာ ရေကျချိန်ကို စောင့်ဆိုင်းနေ စေရကြောင်း မြန်မာ့မီးရထားအ ထွေထွေမန်နေဂျာ(အထက်မြန် မာပြည်)ဦးမျိုးဝင်းကပြောသည်။
:
‘‘ရေကျရင် တံတားတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးရဦး မယ်။ ခရီးသည်တွေကို အခက်အ ခဲမရှိအောင် ကူညီဖို့နဲ့ ရထားအန္တရာယ်ကင်းကင်း ပြေးဆွဲနိုင် အောင် တိုင်းအရာရှိကိုလွှတ် လိုက်ပါပြီ’’ဟု ၎င်းကဆိုသည်။
:
ဇူလိုင် ၁၆ရက်၌ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ကန့်ဘ လူမြို့တွင် မိုးရေချိန်၃ဒသမ ၆၂လက်မထိ မိုးရွာသွန်းခဲ့သည်။ မန္တ လေးတိုင်း၊မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ အနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ လိုက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊မကွေး၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ ချင်း၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီး ဌာနမှ သတင်းထုတ်ပြန်ထား သည်။
မန္တလေး−မြစ်ကြီးနား ရထားလမ်းပိုင်းတစ်နေရာတွင် ရေကျော်နေသည်ကို ဇူလိုင် ၁၇ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ − မောင်ဦး) 
Photo ::7Day DAILY::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment