Pages

Friday, July 24, 2015

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကွယ်လွန်


RangonNewsDaily:: July . 24 .2015
ဦးနှောက်သွေးကြောပေါက်လို့ စင်္ကာပူနိုင်ငံမှာဆေးကုသမူ့ ခံယူနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းဟာ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ခန့်မှာ ကွယ်လွန်သွားပြီ ဖြစ် ကြောင်း မိသားစုဝင်တွေထံမှ သတင်းရရှိပါတယ်။

ဦးအောင်သောင်းကို နေပြည်တော်ဆေးရုံးကနေ ဇူလိုင်လ ၉ ရက်နေ့ က စင်္ကာပူနိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေ စင်္ကာပူကနေ ရန်ကုန်ကို ပြန်သယ်လာ မယ်လို့ သိရပါတယ်။



ဦးအောင်သောင်းဟာ န၀တအစိုးရလက်ထက်မှာစက်မူ( ၁ ) ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူဖြစ်သလိုသြဇာကြီးမားတဲ့ ၀န်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၀အထွေထွေရွေးကောက်ပွဲမှာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံပြီးအနိုင်ရရှိခဲ့ပါတယ်။
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ်ဒီဇင်ဘာ ၁ ရက်နေ့ တွင်မွေးဖွါးခဲ့ပြီးလာမယ့် ဒီဇင်ဘာလမှာ အသက် ၇၅ နှစ်ပြည့်မှာဖြစ်ပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment