Pages

Sunday, February 16, 2014

လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်

Photo: လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်
Sunday, February 16, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက်၃ချက်ကိုပဲ
တောင်းဆိုတာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ၃၀၀ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၀နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

Photo Caption>>>> သန်လျင်မြို့နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အကောင်အထည် ဖော်ပေးရန် သန်လျင်မြို့ ဒေသခံများနှင့် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၆ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ကိုကျော်သူ)

Mizzima - News in Burmese

RangonNewsDaily: February . 16 .2014
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက်၃ချက်ကိုပဲတောင်းဆိုတာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ၃၀၀ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၀နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

Photo Caption>>>> သန်လျင်မြို့နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အကောင်အထည် ဖော်ပေးရန် သန်လျင်မြို့ ဒေသခံများနှင့် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၆ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ကိုကျော်သူ)

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment