Pages

Sunday, February 16, 2014

ကမာရွတ်မြို့နယ်တွင် မီးလောင်မှုဖြစ်

Photo

RangonNewsDaily: February . 16 .2014
၁၆.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်းလမ်းမ၊ အမှတ်(၇၆)၊ မြေညီးထပ်ခေါင်းရင်းခန်းရှိ
Magic Bubble Tea ဆိုင်တွင် မီးအားမြှင့်စက်ဖွင့်ထားရာမှ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိ ကော်ဖီမစ်ထုပ်များ၊ ပလပ်စတစ်ခွက်များအား ကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့
၍ ၀၇၃၀ အချိန်
တွင် မီးငြိမ်းသွားခဲ့ပါသည်။ယင်းသို့ လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းအား ကမာ
ရွတ်မြို့မရဲစခန်း (ပ)၇၆/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment