Pages

Sunday, February 16, 2014

ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေး

Photo: ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေး

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၄

ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းနေရသည့် ပြဿနာဖြစ်ပွားနေရခြင်း၏ အကြောင်းအရာများမှာ အချက်အလက် အများစုရှိနေသော်လည်း လမ်းအားလမ်းအတိုင်း အပြည့်အ၀အသုံးမပြုနိုင်ခြင်း၊ ရှိနေသည့်လမ်းနှင့် ကားအရေအတွက်ကို ကြိုတင်မျှော်မှန်းတွေးဆပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိခဲ့ခြင်းကြောင့်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ကားကျပ်နေမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကျယ်ဝန်းသည့် ပလက်ဖောင်းများကို လူသွားလာနိုင်သည့် အကျယ်အ၀န်းအထိ ဖျက်ပြီး လမ်းမကြီးနံဘေး၌ ကားပါကင်ပြုလုပ်ပေးခြင်းနှင့် လမ်းအချို့ကို နေရာချဲ့ထွင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်မှ စတင်ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မထသ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က "ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ ခုံးကျော်တံတားတွေ ဆောက်လုပ်ခဲ့တယ်ဆိုတာကလည်း အစိတ်အပိုင်းတစ်ခုသာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံအောင်လို့တော့ မပြေလည်နိုင်ပါဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် စစ်တမ်းတွေကို တိတိကျကျကောက်ယူရမယ်။ မီးပွိုင့်စနစ်တွေကို ပြန်ပြီးပြုပြင်ရမယ်။ လမ်းနဲ့ယာဉ်တွေရဲ့အချိုးအစားတွေကို ပြန်ပြီးတွက်ချက်ရမယ်။ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေမှာ ကားပါကင်တွေ စနစ်တကျရှိရမယ်။ ခရီးသည်တင် ယာဉ်တွေကလည်း စည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရမယ်။ လူကူးမျဉ်းကြားတွေ စနစ်တကျ ရှိဖို့လိုတယ်။ ယာဉ်အသုံးပြုမှုတွေအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်" ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု ပြဿနာဖြစ်ပွားမှုကို ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ဖြစ်ပွားလာခဲ့ပြီး ယာဉ်တင်သွင်းခွင့်စနစ် ပြောင်းလဲလာသည့်နောက်ပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုဖြစ်ပွားခဲ့ကြောင်း မထသ ဗဟိုဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မှတ်ပုံတင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်စုစုပေါင်းမှာ ၃၅၁၉၈၅ စီးရှိကြောင်း သိရသည်။

"ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်နိုင်တဲ့ မီးပွိုင့်တွေ၊ လမ်းတွေက ၅၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာတွေအားလုံးမှာ ယာဉ်တွေရှင်းလင်းနိုင်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အလှည့်ကျစနစ်နဲ့ ၂၄ နာရီ တာဝန်ထမ်းဆောင်ဖို့ လိုအပ်နေတယ်။ အခုအချိန်မှာလည်း ယာဉ်ကြောပိတ်ဆို့လာပြီဆိုတာနဲ့ နယ်မြေခံယာဉ်ထိန်းနဲ့ ယာဉ်ကြောရှင်းလင်းနေတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတွေပူးပေါင်းပြီးတော့ လမ်းကြောင်းကို အမြန်ဆုံးရှင်းလင်းပါတယ်။ အဓိကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ လူပိုများလာရင်တော့ လုပ်ငန်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာပါ" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ 

(ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

Eleven Media Group မှပြန်လည်ဖော်ပြသည်
(ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
RangonNewsDaily: February . 16 .2014
ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းနေရသည့် ပြဿနာဖြစ်ပွားနေရခြင်း၏ အကြောင်းအရာများမှာ အချက်အလက် အများစုရှိနေသော်လည်း လမ်းအားလမ်းအတိုင်း အပြည့်အ၀အသုံးမပြုနိုင်ခြင်း၊ ရှိနေသည့်လမ်းနှင့် ကားအရေအတွက်ကို ကြိုတင်မျှော်မှန်းတွေးဆပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိခဲ့ခြင်းကြောင့်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ကားကျပ်နေမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကျယ်ဝန်းသည့် ပလက်ဖောင်းများကို လူသွားလာနိုင်သည့် အကျယ်အ၀န်းအထိ ဖျက်ပြီး လမ်းမကြီးနံဘေး၌ ကားပါကင်ပြုလုပ်ပေးခြင်းနှင့် လမ်းအချို့ကို နေရာချဲ့ထွင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်မှ စတင်ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မထသ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က "ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ ခုံးကျော်တံတားတွေ ဆောက်လုပ်ခဲ့တယ်ဆိုတာကလည်း အစိတ်အပိုင်းတစ်ခုသာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံအောင်လို့တော့ မပြေလည်နိုင်ပါဘူး။ 

လုပ်စရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် စစ်တမ်းတွေကို တိတိကျကျကောက်ယူရမယ်။ မီးပွိုင့်စနစ်တွေကို ပြန်ပြီးပြုပြင်ရမယ်။ လမ်းနဲ့ယာဉ်တွေရဲ့အချိုးအစားတွေကို ပြန်ပြီးတွက်ချက်ရမယ်။ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေမှာ ကားပါကင်တွေ စနစ်တကျရှိရမယ်။ ခရီးသည်တင် ယာဉ်တွေကလည်း စည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရမယ်။

လူကူးမျဉ်းကြားတွေ စနစ်တကျ ရှိဖို့လိုတယ်။ ယာဉ်အသုံးပြုမှုတွေအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်" ဟု ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှု ပြဿနာဖြစ်ပွားမှုကို ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ဖြစ်ပွားလာခဲ့ပြီး ယာဉ်တင်သွင်းခွင့်စနစ် ပြောင်းလဲလာသည့်နောက်ပိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုဖြစ်ပွားခဲ့ကြောင်း မထသ ဗဟိုဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မှတ်ပုံတင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်စုစုပေါင်းမှာ ၃၅၁၉၈၅ စီးရှိကြောင်း သိရသည်။

"ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်နိုင်တဲ့ မီးပွိုင့်တွေ၊ လမ်းတွေက ၅၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာတွေအားလုံးမှာ ယာဉ်တွေရှင်းလင်းနိုင်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အလှည့်ကျစနစ်နဲ့ ၂၄ နာရီ တာဝန်ထမ်းဆောင်ဖို့ လိုအပ်နေတယ်။ အခုအချိန်မှာလည်း ယာဉ်ကြောပိတ်ဆို့လာပြီဆိုတာနဲ့ နယ်မြေခံယာဉ်ထိန်းနဲ့ ယာဉ်ကြောရှင်းလင်းနေတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတွေပူးပေါင်းပြီးတော့ လမ်းကြောင်းကို အမြန်ဆုံးရှင်းလင်းပါတယ်။ 

အဓိကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ လူပိုများလာရင်တော့ လုပ်ငန်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာပါ" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ 

Eleven Media  , 
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment