Pages

Sunday, February 16, 2014

လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း

Photo: လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း
Sunday, February 16, 2014

နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။

နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အသိပေး ဗီဒီယိုအသစ်သည် Sexyဖြစ်လွန်းသဖြင့် ဆိုလိုရင်းနှင့် ကင်းကွာနေကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။ ယခင်အစီအစဉ်များသည် ချီးကျူးမှုများ ကြုံခဲ့ရသော်လည်း Sports Illustrated မဂ္ဂဇင်း၏ ဘီကနီမော်ဒယ်လ်များကို အသုံးပြုထားသည့် ယခုဗီဒီယို အသစ်မှာမူ လိုရင်းမရောက်ကြောင်း အပြစ်တင်မှုများ ထွက်ပေါ်လာခဲ့သည်။ 

Hobbits၊ Bear Gryllsအစရှိသော ဇာတ်ကောင်များဖြင့် နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အကြံပေး ဗီဒီယိုများ ထွက်ရှိခဲ့စဉ်ကမူ ယင်းကဲ့သို့ ဝေဖန်မှုများ မရှိခဲ့ချေ။ ယခုဗီဒီယိုသစ်ကို ကွတ်ခ်အိုင်းလန်းတွင် ခရစ္စတီဘရင်ကလေ၊ အေရီရယ်လ်မီရီဒစ်သ်၊ ဟန်နာဒေးဗစ်၊ ဂျက်ဆီကာဂိုမက်ဇ်၊ ခရစ္စဆီတိုင်ဂန်တို့ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗီဒီယို၏ အဓိက ရည်ရွယ်ချက်မှာ အရေးပေါ် အခြေအနေဖြင့် လေယာဉ်ဆင်းသက်ရသည့်အခါ မည်သို့မည်ပုံ နေထိုင်ဆောင်ရွက်ရမည် ဆိုသည်ကို သရုပ်ပြရန် ဖြစ်သော်လည်း ဗီဒီယို ကြည့်မိသူသည် ယင်းအချက်အလက်များကို အာရုံပြုမိနိုင်စရာ မရှိဟု နယူးဇီလန်ရှိ မက်ဆေးတက္ကသိုလ်မှ အမျိုးသမီးရေးရာ ဝေဖန်သုတေသနပြုသည့် ပညာရှင် ဒီဘိုရာရက်ဆဲလ်က ဆိုသည်။ 

"ပြောရမယ်ဆိုရင် ဗီဒီယို တစ်ခုလုံးမှာ ကောင်မလေးတွေက ကျွန်မတို့ ဘယ်လောက် Sexyဖြစ်သလဲ ဆိုတာရယ်၊ ကျွန်မတို့ ဘယ်သူတွေလဲ ဆိုတာရယ်ကို ပြောပြနေသလိုပဲ"ဟု ဒီဘိုရာက ဆိုသည်။ Safe in Paradiseဟု အမည်ပေးထားသော အဆိုပါ ဗီဒီယိုတွင် မိန်းကလေးများ၏ ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်များနှင့် ကွတ်ခ်အိုင်းလန်း ဒေသ၏ သဘာဝ အလှများကို အသားပေး ဖော်ပြထားသည်။ နယူးဇီလန် လေကြောင်းကမူ မိမိတို့၏ ဗီဒီယိုသည် လိုအပ်သော သတင်းအချက်အလက်ကို တိတိကျကျ ပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ကာကွယ်ပြောဆိုထားသည်။ 

Planet Myanmar Network

RangonNewsDaily: February . 16 .2014
နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အသိပေး ဗီဒီယိုအသစ်သည် Sexyဖြစ်လွန်းသဖြင့် ဆိုလိုရင်းနှင့် ကင်းကွာနေကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။ 

ယခင်အစီအစဉ်များသည် ချီးကျူးမှုများ ကြုံခဲ့ရသော်လည်း Sports Illustrated မဂ္ဂဇင်း၏ ဘီကနီမော်ဒယ်လ်များကို အသုံးပြုထားသည့် ယခုဗီဒီယို အသစ်မှာမူ လိုရင်းမရောက်ကြောင်း အပြစ်တင်မှုများ ထွက်ပေါ်လာခဲ့သည်။

Hobbits၊ Bear Gryllsအစရှိသော ဇာတ်ကောင်များဖြင့် နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အကြံပေး ဗီဒီယိုများ ထွက်ရှိခဲ့စဉ်ကမူ ယင်းကဲ့သို့ ဝေဖန်မှုများ မရှိခဲ့ချေ။ ယခုဗီဒီယိုသစ်ကို ကွတ်ခ်အိုင်းလန်းတွင် ခရစ္စတီဘရင်ကလေ၊ အေရီရယ်လ်မီရီဒစ်သ်၊ ဟန်နာဒေးဗစ်၊ ဂျက်ဆီကာဂိုမက်ဇ်၊ ခရစ္စဆီတိုင်ဂန်တို့ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ 

ဗီဒီယို၏ အဓိက ရည်ရွယ်ချက်မှာ အရေးပေါ် အခြေအနေဖြင့် လေယာဉ်ဆင်းသက်ရသည့်အခါ မည်သို့မည်ပုံ နေထိုင်ဆောင်ရွက်ရမည် ဆိုသည်ကို သရုပ်ပြရန် ဖြစ်သော်လည်း ဗီဒီယို ကြည့်မိသူသည် ယင်းအချက်အလက်များကို အာရုံပြုမိနိုင်စရာ မရှိဟု နယူးဇီလန်ရှိ မက်ဆေးတက္ကသိုလ်မှ အမျိုးသမီးရေးရာ ဝေဖန်သုတေသနပြုသည့် ပညာရှင် ဒီဘိုရာရက်ဆဲလ်က ဆိုသည်။

"ပြောရမယ်ဆိုရင် ဗီဒီယို တစ်ခုလုံးမှာ ကောင်မလေးတွေက ကျွန်မတို့ ဘယ်လောက် Sexyဖြစ်သလဲ ဆိုတာရယ်၊ ကျွန်မတို့ ဘယ်သူတွေလဲ ဆိုတာရယ်ကို ပြောပြနေသလိုပဲ"ဟု ဒီဘိုရာက ဆိုသည်။ Safe in Paradiseဟု အမည်ပေးထားသော အဆိုပါ ဗီဒီယိုတွင် မိန်းကလေးများ၏ ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်များနှင့် ကွတ်ခ်အိုင်းလန်း ဒေသ၏ သဘာဝ အလှများကို အသားပေး ဖော်ပြထားသည်။

 နယူးဇီလန် လေကြောင်းကမူ မိမိတို့၏ ဗီဒီယိုသည် လိုအပ်သော သတင်းအချက်အလက်ကို တိတိကျကျ ပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ကာကွယ်ပြောဆိုထားသည်။ 

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment