Pages

Sunday, February 16, 2014

စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ

Photo: စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ
Sunday, February 16, 2014

စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။

ယင်းသို့ ပြိုကျခြင်းကြောင်း သေဆုံးခဲ့သူမှာ ပန်းရန်ဆရာတစ်ဦးဖြစ်ပြီး ခေါင်မိုးပေါ်မှ တစ်ပါးတည်းပြိုကျကာ အုတ်များနှင့် ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ကန်တော်ကြီးရပ်ကွက်နေ ပန်းရန်ဆရာ ဦးကျော်အေး ၅၃ နှစ်ဖြစ်ကြောင်း သိရပြီး ပန်းရန်ဆရာနှင့်အတူ ခေါင်မိုးပေါ်တွင်ရှိနေသော ပန်းရန်သမားသုံးဦးနှင့် အောက်တွင်ရှိနေသူများလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် စစ်တွေမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ကျန်ဒဏ်ရာရသူ လေးဦးမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာနေ မောင်မောင်စိုး ၂၀ နှစ်၊ ကန်တော်ကြီးနေ မောင်ကျော်လှိုင် ၁၈ နှစ်၊ ရွာသာယာနေ မောင်ခင်မောင် ၂၄ နှစ်နှင့်  ဦးကျော်သိန်း ၃၀ နှစ် တို့ဖြစ်ကြောင်းနှင့် မောင်စိုးစိုးနှင့် မောင်ခင်မောင်တို့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်သိန်းက “မုခ်ဦး အသစ်လုပ်ဖို့အတွက် မုခ်ဦး အဟောင်းကို ဖြိုဖျက်နေခိုက် ပြိုကျသွားတာပါ။ ခေါင်မိုးပေါ်မှာ သုံးဦးရှိနေတယ်။ အဲဒီအထဲ ရုတ်တရက် ပြိုကျသွားတာဖြစ်ပါတယ်။ တံစက်မြိတ် အပိုင်းကနေ ပြိုကျသွားတာဖြစ်ပြီး ပြိုကျလာတဲ့ အုတ်တွေပိပြီး သေဆုံးသွားတာပါ။ လည်ပင်း၊ ရင်အုံ၊ ၀မ်းဗိုက်တွေမှာ ပြင်းထန်စွာဒဏ် ရရှိခဲ့တာဖြစ်တယ်။ တခြားလူတွေကတော့ ဒဏ်ရာသိပ်မပြင်းဘူးလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။  

ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )

Eleven Media Group
ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )
RangonNewsDaily: February . 16 .2014
စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။ယင်းသို့ ပြိုကျခြင်းကြောင်း သေဆုံးခဲ့သူမှာ ပန်းရန်ဆရာတစ်ဦးဖြစ်ပြီး ခေါင်မိုးပေါ်မှ တစ်ပါးတည်းပြိုကျကာ အုတ်များနှင့် ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ ကန်တော်ကြီးရပ်ကွက်နေ ပန်းရန်ဆရာ ဦးကျော်အေး ၅၃ နှစ်ဖြစ်ကြောင်း သိရပြီး ပန်းရန်ဆရာနှင့်အတူ ခေါင်မိုးပေါ်တွင်ရှိနေသော ပန်းရန်သမားသုံးဦးနှင့် အောက်တွင်ရှိနေသူများလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် စစ်တွေမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ကျန်ဒဏ်ရာရသူ လေးဦးမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာနေ မောင်မောင်စိုး ၂၀ နှစ်၊ ကန်တော်ကြီးနေ မောင်ကျော်လှိုင် ၁၈ နှစ်၊ ရွာသာယာနေ မောင်ခင်မောင် ၂၄ နှစ်နှင့် ဦးကျော်သိန်း ၃၀ နှစ် တို့ဖြစ်ကြောင်းနှင့် မောင်စိုးစိုးနှင့် မောင်ခင်မောင်တို့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်သိန်းက “မုခ်ဦး အသစ်လုပ်ဖို့အတွက် မုခ်ဦး အဟောင်းကို ဖြိုဖျက်နေခိုက် ပြိုကျသွားတာပါ။ ခေါင်မိုးပေါ်မှာ သုံးဦးရှိနေတယ်။ အဲဒီအထဲ ရုတ်တရက် ပြိုကျသွားတာဖြစ်ပါတယ်။ တံစက်မြိတ် အပိုင်းကနေ ပြိုကျသွားတာဖြစ်ပြီး ပြိုကျလာတဲ့ အုတ်တွေပိပြီး သေဆုံးသွားတာပါ။ လည်ပင်း၊ ရင်အုံ၊ ၀မ်းဗိုက်တွေမှာ ပြင်းထန်စွာဒဏ် ရရှိခဲ့တာဖြစ်တယ်။ တခြားလူတွေကတော့ ဒဏ်ရာသိပ်မပြင်းဘူးလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။ 

Eleven Media  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment