Pages

Saturday, August 17, 2013

အိမ်စောင့်ဖြစ်သူနှင့် ယာဉ်မောင်းတို့ပူးပေါင်း၍ နေအိမ်အတွင်းရှိ ပစ္စည်းများခိုးယူမှုအား ဖော်ထုတ်

အိမ်စောင့်ဖြစ်သူနှင့် ယာဉ်မောင်းတို့ပူးပေါင်း၍ နေအိမ်အတွင်းရှိ ပစ္စည်းများခိုးယူမှုအား ဖော်ထုတ်

ရန်ကုန်၊ သြဂုတ် ၁၇

၁၄.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကမာရွတ်မြို့နယ်နေ ဦးကျော်မင်းထွန်းသည် မန္တလေးမှ နေအိမ် သို့ပြန်လာစဉ် အိမ်စောင့်
ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွား မှ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင်
နေအိမ်တံခါးပွင့်နေကြောင်း နေအိမ်အတွင်းရှိ နိုင်ငံခြားဖြစ်
အရက်မျိုးစုံဖာများ၊ လက်ကိုင်ဖုန်း (၂)လုံးနှင့်ငွေစက္ကူရောရာ
(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၄၄၉၆၀၀၀၀) မှာခိုးယူ
ခံရကြောင်း ပြောပြသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၆၆/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး အိမ်စောင့်ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွားအား စစ်ဆေးမေးမြန်းခဲ့စဉ်က အခင်းဖြစ်ချိန်တွင် လူ(၄)ဦးမှ ၎င်းအား
ကြိုးချည်၍ ချုပ်နှောင်ရိုက်နှက်ကာသော့တောင်းပြီး ၎င်းသတိလစ်နေချိန်
တွင် ပစ္စည်းများယူဆောင်သွားကြောင်း ထွက်ဆိုချက်သည် အခင်းဖြစ်ရပ်
တွေ့ရှိချက်များနှင့်ကွဲလွဲနေ၍ စစိုးနန္ဒာ(ခ)ဖိုးခွားအားအသေးစိတ်
အထောက်အထားများနှင့်တကွ ထပ်မံစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့သည့်အခါမှ ၎င်းသည် ဦးကျော်မင်းထွန်း၏ဖခင်ဖြစ်သူ
ထံတွင် ယာဉ်မောင်းနှင့် ဈေးတာဝန်ခံအဖြစ်လုပ်ကိုင်နေသူ မင်းဇော်လှိုင်
နှင့်ပူးပေါင်း၍ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် နေအိမ်ရှေ့
သံဘာဂျာ တံခါးမကြီးသော့များကို သံဖြတ်လွှဖြင့်ဖြတ်ကာ နေအိမ် အတွင်းဝင်ရောက်ပြီး နိုင်ငံခြားအရက်ဖာ များအားခိုးယူခဲ့ကြောင်း၊ မင်းဇော်လှိုင်မောင်းနှင်လာသော ဆူဇူကီးယာဉ်ဖြင့်သယ်ဆောင်၍ တာမွေမြို့နယ်ရှိ ဆိုင်တစ်ဆိုင်တွင်ရောင်းချခဲ့ကြောင်းနှင့်ဖုန်း(၂)လုံးအား လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံသို့အပြန်လမ်းဘေး
တစ်နေရာတွင်လွှင့်ပစ်ခဲ့ကြောင်း ဖြစ်စဉ်မှန်အားစစ်ဆေး ပေါ်ပေါက်
ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ စစိုးနန္ဒာ(ခ)ဖိုးခွား(ဘ)ဦးစနိုင်လတ်၊ ပျဉ်းမကွင်းကျေးရွာ ၀ါးခယ်မမြို့နယ်နေသူနှင့် မင်းဇော်လှိုင်
(ဘ)ဦးအုန်းခိုင်၊ ဘုရားကုန်းကျေးရွာ၊ ပန်းတနော်မြို့နယ်နေသူ တို့(၂)ဦး
အားဖမ်းဆီးအရေးယူခဲ့ပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်း
လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ သြဂုတ် ၁၇
၁၄.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကမာရွတ်မြို့နယ်နေ ဦးကျော်မင်းထွန်းသည် မန္တလေးမှ နေအိမ် သို့ပြန်လာစဉ် အိမ်စောင့်ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွား မှ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင်
နေအိမ်တံခါးပွင့်နေကြောင်း နေအိမ်အတွင်းရှိ နိုင်ငံခြားဖြစ်အရက်မျိုးစုံဖာများ၊ လက်ကိုင်ဖုန်း (၂)လုံးနှင့်ငွေစက္ကူရောရာ(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၄၄၉၆၀၀၀၀) မှာခိုးယူ
ခံရကြောင်း ပြောပြသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၆၆/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး အိမ်စောင့်ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွားအား စစ်ဆေးမေးမြန်းခဲ့စဉ်က အခင်းဖြစ်ချိန်တွင် လူ(၄)ဦးမှ ၎င်းအား
ကြိုးချည်၍ ချုပ်နှောင်ရိုက်နှက်ကာသော့တောင်းပြီး ၎င်းသတိလစ်နေချိန်တွင် ပစ္စည်းများယူဆောင်သွားကြောင်း ထွက်ဆိုချက်သည် အခင်းဖြစ်ရပ်တွေ့ရှိချက်များနှင့်ကွဲလွဲနေ၍ စစိုးနန္ဒာ(ခ)ဖိုးခွားအားအသေးစိတအထောက်အထားများနှင့်တကွ ထပ်မံစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့သည့်အခါမှ ၎င်းသည် ဦးကျော်မင်းထွန်း၏ဖခင်ဖြစ်သူထံတွင် ယာဉ်မောင်းနှင့် ဈေးတာဝန်ခံအဖြစ်လုပ်ကိုင်နေသူ မင်းဇော်လှိုင်နှင့်ပူးပေါင်း၍ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် နေအိမ်ရှေ့သံဘာဂျာ တံခါးမကြီးသော့များကို သံဖြတ်လွှဖြင့်ဖြတ်ကာ နေအိမ် အတွင်းဝင်ရောက်ပြီး နိုင်ငံခြားအရက်ဖာ များအားခိုးယူခဲ့ကြောင်း၊ မင်းဇော်လှိုင်မောင်းနှင်လာသော ဆူဇူကီးယာဉ်ဖြင့်သယ်ဆောင်၍ တာမွေမြို့နယ်ရှိ ဆိုင်တစ်ဆိုင်တွင်ရောင်းချခဲ့ကြောင်းနှင့်ဖုန်း(၂)လုံးအား လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံသို့အပြန်လမ်းဘေးတစ်နေရာတွင်လွှင့်ပစ်ခဲ့ကြောင်း ဖြစ်စဉ်မှန်အားစစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ စစိုးနန္ဒာ(ခ)ဖိုးခွား(ဘ)ဦးစနိုင်လတ်၊ ပျဉ်းမကွင်းကျေးရွာ ၀ါးခယ်မမြို့နယ်နေသူနှင့် မင်းဇော်လှိုင်(ဘ)ဦးအုန်းခိုင်၊ ဘုရားကုန်းကျေးရွာ၊ ပန်းတနော်မြို့နယ်နေသူ တို့(၂)ဦးအားဖမ်းဆီးအရေးယူခဲ့ပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်း
လျက်ရှိကြောင်း သတင်းရရှိပါသည်။

yangonpolice , RangonNewsDaily
kolatt (Pabedan): 17.8.2013

0 comments:

Post a Comment