Pages

Saturday, August 17, 2013

မြန်မာနိုင်ငံ၏ ကမ်းလွန်တွင်းလေးခုတွင် ဓာတ်ငွေ့များတွေ့ရှိ

Photo: မြန်မာနိုင်ငံ၏ ကမ်းလွန်တွင်းလေးခုတွင် ဓာတ်ငွေ့များတွေ့ရှိ      
 Friday, August 16, 2013

ထိုင်းနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP သည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်တွင်း သဘာဝဓာတ်ငွေ့ တွင်းလေးတွင်း ရှာဖွေတွေ့ရှိထားသည်ဟု ၎င်းကုမ္ပဏီ ၏အစီရင်ခံစာတွင် ပါရှိကြောင်း အာရှသဘာဝဓါတ်ငွေ့ အင်တာနက်စာမျက်နှာ တွင် ဖော်ပြထားသည်။

အောင်သိင်္ခ ၃၊ အောင်သိင်္ခ ၄၊ အောင်သိင်္ခ ၅နှင့် အောင်သိင်္ခ ၆ ဟု အမည်ပေးထားသော သဘာဝဓာတ်ငွေ့တွင်းများကို PTTEP က ဖေဖော်ဝါရီနှင့် သြဂုတ်လအတွင်း တူးခဲ့ခြင်းဖြစ်သည်။

အောင်သိင်္ခ ၃ တွင်းမှ ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်းသည် တစ်ရက်လျှင် ၃၄.၅သန်း စံကုဗပေ ခန့်ထွက်ရှိနိုင်ပြီး ဆက်စပ်ထုတ်လုပ်သည့် အရည်ထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁၉၅ စည်ခန့်ထွက်နိုင်သည်ဟု ဖော်ပြထားသည်။

အောင်သိင်္ခ ၅ တွင်းသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်း တစ်ရက်လျှင် ၉ သန်း စံကုဗပေခန့်ထွက်မည်ဖြစ်ပြီး အောင်သိင်္ခ ၆ တွင်းသည် တစ်ရက်လျှင် ၁၄ သန်းစံကုဗပေခန့်ထွက်ရှိမည်ဟု ဖော်ညွှန်းနေပြီး အရည်ထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁၈၂၀ စည် ခန့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်သိင်္ခ ၄ တွင်းသည် ပထမတူးသည့် တွင်းဖြစ်သောကြောင့် ပစ္စည်းကိရိယာ အသင့်မဖြစ်မှုကြောင့် ဓာတ်ငွေ့များရှိကြောင်း စမ်းသပ်တွေ့ရှိသော်လည်း ဓာတ်ငွေ့စီးဆင်းမှုမရှိသေးကြောင်း ကုမ္ပဏီက ပြောကြားသည်။

PTTEPကုမ္ပဏီသည် အောင်သိင်္ခကွင်းအတွင်း ထုတ်လုပ်ရေး၊ ရှာဖွေရေးစီစဉ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် တွင်းသစ်များ တူးဖော်ခြင်းလုပ်ဆောင်ရန် စီစဉ်နေသည်

PTTEPကုမ္ပဏီသည် ထိုင်းနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိုမန်၊ အင်ဒိုနီးရှား၊ အယ်ဂျီးရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ ကနေဒါ၊ မိုဇမ်ဘီနှင့် ကင်ညာတို့တွင် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

The Myanma Age

RangonNewsDaily:: Aug 17, 2013

ထိုင်းနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP သည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်တွင်း သဘာဝဓာတ်ငွေ့ တွင်းလေးတွင်း ရှာဖွေတွေ့ရှိထားသည်ဟု ၎င်းကုမ္ပဏီ ၏အစီရင်ခံစာတွင် ပါရှိကြောင်း အာရှသဘာဝဓါတ်ငွေ့ အင်တာနက်စာမျက်နှာ တွင် ဖော်ပြထားသည်။ အောင်သိင်္ခ ၃၊ အောင်သိင်္ခ ၄၊ အောင်သိင်္ခ ၅နှင့် အောင်သိင်္ခ ၆ ဟု အမည်ပေးထားသော သဘာဝဓာတ်ငွေ့တွင်းများကို PTTEP က ဖေဖော်ဝါရီနှင့် သြဂုတ်လအတွင်း တူးခဲ့ခြင်းဖြစ်သည်။

အောင်သိင်္ခ ၃ တွင်းမှ ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်းသည် တစ်ရက်လျှင် ၃၄.၅သန်း စံကုဗပေ ခန့်ထွက်ရှိနိုင်ပြီး ဆက်စပ်ထုတ်လုပ်သည့် အရည်ထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁၉၅ စည်ခန့်ထွက်နိုင်သည်ဟု ဖော်ပြထားသည်။

အောင်သိင်္ခ ၅ တွင်းသည် ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်း တစ်ရက်လျှင် ၉ သန်း စံကုဗပေခန့်ထွက်မည်ဖြစ်ပြီး အောင်သိင်္ခ ၆ တွင်းသည် တစ်ရက်လျှင် ၁၄ သန်းစံကုဗပေခန့်ထွက်ရှိမည်ဟု ဖော်ညွှန်းနေပြီး အရည်ထုတ်လုပ်မှုသည် တစ်ရက်လျှင် ၁၈၂၀ စည် ခန့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်သိင်္ခ ၄ တွင်းသည် ပထမတူးသည့် တွင်းဖြစ်သောကြောင့် ပစ္စည်းကိရိယာ အသင့်မဖြစ်မှုကြောင့် ဓာတ်ငွေ့များရှိကြောင်း စမ်းသပ်တွေ့ရှိသော်လည်း ဓာတ်ငွေ့စီးဆင်းမှုမရှိသေးကြောင်း ကုမ္ပဏီက ပြောကြားသည်။

PTTEPကုမ္ပဏီသည် အောင်သိင်္ခကွင်းအတွင်း ထုတ်လုပ်ရေး၊ ရှာဖွေရေးစီစဉ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် တွင်းသစ်များ တူးဖော်ခြင်းလုပ်ဆောင်ရန် စီစဉ်နေသည်

PTTEPကုမ္ပဏီသည် ထိုင်းနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိုမန်၊ အင်ဒိုနီးရှား၊ အယ်ဂျီးရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ ကနေဒါ၊ မိုဇမ်ဘီနှင့် ကင်ညာတို့တွင် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

The Myanma Age , RangonNewsDaily
kolatt (Pabedan): 17.8.2013

0 comments:

Post a Comment