Pages

Saturday, August 17, 2013

တောင်ပြုံးကျေးရွာအနီးတွင်လူတစ်ဦးရေနစ်သေဆုံး

RangonNewsDaily:: Aug 17, 2013

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှ တာဘောင်တက်အထွက် တံတားအောက် ရွှေတချောင်းရေမြောင်းအတွင်း သြဂုတ်လ (၁၅)ရက်နေ့က လူတစ်ဦး ရေနစ်သေဆုံးနေကြောင်း
သတင်းရရှိ၍ မတ္တရာရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သေဆုံးသူမှာ တောင်ပြုံးကျေးရွာမှ လှမြင့်အသက်(၅၀)နှစ် (ဘ)ဦးလူ ပျိုဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပတွင် ဒဏ်ရာတစ်စုံတစ်ရာမရှိသဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် အလောင်း အား ဆေးရုံသို့ပို့အပ်ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်ကို မတ္တ ရာမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂၀/၂၀၁၃)အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Myanma Age , RangonNewsDaily
kolatt (Pabedan): 17.8.2013

0 comments:

Post a Comment