Pages

Sunday, March 10, 2013

အို… ဖုန်းမော် (ကဗျာ)

အို… ဖုန်းမော်


အို…သားငယ်ဖုန်းမော်၊ မောင်ဖုန်းမော်။
မင်းဟာ၊ မင်းလေးဟာ ဒို့ရဲဘော်၊
သွေးအိုင်ထဲလဲခဲ့ရှာတဲ့ ရဲဘော်၊
လူ့အခွင့်အရေးအတွက်
အသက်ပေးခဲ့တဲ့ရဲဘော်။

ဒို့မျှော်လင့် ဒို့အားထား
ဒို့သား ဒို့ညီ၊ ဒို့မောင်ငယ်
ဒို့တူ၊ ဒို့သားအရွယ်
ဥာဏ်ကောင်းတုန်းအရွယ်၊ အကြံကောင်းတုန်းအရွယ်
မာန်ကောင်းတုန်းအရွယ်၊ ဟန် ကောင်းတုန်းအရွယ်
သန်တုန်း မြန်တုန်းအရွယ်၊ အရွယ်ကောင်းတုန်း
ပန်းကောင်း အညွန့်ချိုး
ချိုးခဲ့ပါတယ်၊ သြော်…ကျိုးခဲ့ရှာပါတယ်။

မင်းဟာ…မင်းလေးဟာ
ဒို့တူ ဒို့သား ဒို့ညီဘွားပေါ့
သူတို့တူ၊ သူတို့သား
သူတို့ညီဘွားဆိုရင်
ဒီလိုပစ်ပါ့မလား၊ ဒီလိုဖြစ်ပါ့မလား
သားကောင်အမှတ် ရန်သူအမှတ်
သေနတ်နဲ့ပစ်မှာလား။

ပစ်ရက်မှာလား၊ ပစ်ရက်ပါ့မလားဟင်…လို့
မေးလိုက်စမ်းချင်တယ်။

သားချင်းစာနာ၊ တူချင်းစာနာ၊ ညီချင်းစာနာ
သြော်… ကိုယ်ချင်းစာနာပါအုံးတော့လား၊
ဒါလားဟေ့ ဒါလားဗုဒ္ဓဘာသာ၊ ဘုရားဒကာ
ဗမာလူယဉ်ကျေးလို့
မေးလိုက်စမ်းချင်လှပါတယ်။

ကျောင်းသားလေးတွေပါ
ကလေးတွေ သက်သက်
လက်နက်ဆို အပ်တိုတောင်ဆောင်မထားပါဘဲ၊
နိုင်ငံခြားသား ယိုးဒယား တရုတ်
ကျူးကျော်သူလည်း မဟုတ်ပါဘဲ၊
သူခိုးဓားပြ၊ တန္တမုဒိန်း၊
ထိန်းမနိုင် သိမ်းမရ၊ လောကရန်သူ
လူဆိုတွေလည်း မဟုတ်ပါဘဲ၊
သူပုန်သူကန်၊ မှုဆန်အန်တု၊
မလ္လင်လု၊ ရန်ပြုသူလည်းမဟုတ်ပါဘဲ။

မတရားလို့
မတရားတာကို၊ မတရားကြောင်း
မှားလို့ မှားတာကို
မှားတဲ့အကြောင်း
သားကောင်းတို့ထုံးစံ၊ အမုန်းအခံမပါပဲ၊
အမှန်တရား၊ အမှန်စကားကို
အမှန်သမားတွေနဲ့အတူ
လူလိုသူလိုပြောတာကို လူလိုသူလိုမဆက်ဆံ
အဖက်မတန်သလို၊ တဖက်ရန်အလား
ပွက်ပွက်ညံ ဘ၀ဂ်ကိုဆန်လို့
ကျည်ဆန်တွေနဲ့တုံ့ပြန်တယ်။

မလိုချင်လို့ မလိုချင်တာကို
မလိုချင်ဘူးလို့ ပြောရုံနဲ့….
လိုချင်လို့ လိုချင်တာကို
လိုချင်တယ်ဟေ့၊ လိုချင်တယ်ပြောရုံနဲ့…
ပြောသူပါးစပ်ကို သေနတ်နဲ့ပိတ်တာ
စစ်စိတ် စစ်မာန်၊ စစ်တပ်ရဲ့တာဝန်လား။

ပြည်သူ့ငွေ ပြည်သူ့အားနဲ့
ပြည်သူတွေခင်းထားတဲ့၊ ပြည်သူလမ်းများပေါ်မှာ
ပြည်သူပြည်သားတွေ၊ မလာမသွားရအောင်တားရမှာ
စစ်ဗိုလ်စစ်သား စစ်ဝတ္တရားက ဒါပဲလား။

စီတန်းလမ်းလျှောက်သူအပေါင်းဟာ
ကျောင်းသားမှ ကျောင်းသားစစ်စစ်
ကလေးတွေဖြစ်ရက်နဲ့
အပြစ်မရှိ အပြစ်ရှာခဲ့၊
အပြစ်အနာရှိပါတယ် ဆိုပါအုံး၊

ဟဲ့…ငဖုန်းမော်လို့ ရုံးတော်ကိုခေါ်ဆောင်
နောင်ကြည်အောင်၊ ထောင်ဒဏ်ကြိမ်ဒဏ်
ငွေဒဏ်တွေနဲ့၊ ဒဏ်ခတ်ဆုံးမ
ညွန်ပြသွန်သင်
စစ်တပ်ရဲ့တရားအစဉ်ကို အမှားမထင်ဖို့
နားဝင်အောင်ညွန်ပြပေါ့။
ခုတော့… မောဟမြေကြမ်းမှာ၊ လောဘခြေလှမ်းနဲ့
ဒေါသရှေ့တန်းတင်
မြင်မြင်ကရာကိုပစ်
ပြဿနာအထွေထွေကို သေနတ်မှာအဖြေရှာတော့
သွေးဆာတဲ့ သမိုင်း
ကမ္ဘာတွင်အောင်၊ ရာဇ၀င်ရိုင်းခဲ့ပြီ။

ဒါလား ဗုဒ္ဓဘာသာ…၊ ဒါလားဟေ့ ဓမ္မရာဇာ
စေတီတကာမှာ ငြင်းဆင်၊ ထီးတင်ကြ ထုံးသုတ်ကြ
လမ်းထီးလမ်းမတွေ ဘယ်ညာဖောက်
ကဏ္ဍားတွေထောက်၊ တံတားတွေဆောက်
အမြောက်တင်ကားမှာ ဗျောက်ဆင်တဲ့ခါးနဲ့
ဘုရားတကာ ဗိုလ်တစု၊ ဗိုလ်ရှုခံ ခရီးထွက်မတဲ့
ရုတ်တရက် ဘားခနဲ ကားရှေ့မှာသခင်အောင်ဆန်း
ရင်ဘောင်တန်းတာက ဗိုလ်အောင်ကျော်
ဖုန်းမော်ရဲ့အလောင်းကိုပိုက်ပြီး
ငမိုက်သားတွေကို မမိုက်မှားစေအောင် ကိုယ်ထင်ပြ
ဆုံးမမယ်ဆိုရင်
ဘာဖြစ်မယ်ထင်သလဲ…?၊ ဘာလုပ်မယ်ထင်သလဲ…?
ငရဲသား စစ်ဗိုလ်အပေါင်းက
ကောင်းဘွိုင်လက်၊ ဖက်ဆစ်လက်၊ လျှတ်ပြက်နဲ့
ခါးထက်က ဗျောက်တွေထုတ်၊ လူသတ်ပွဲလုပ်မှာပါပဲ
ငရဲသားဆိုတာ၊ ငရဲလားမှာကြောက်ပါ့မလား
နောက်ကျမှ မြေမျို၊ ခုလိုချင်တာ အာဏာ
အာဏာမှာ ဦးနှောက်မပါပေဘူး၊
ဒါပေမယ့်…
ဒါပေမယ့် ရဲဘော်တို့
ဒင်းတို့သတ်လည်း သတ်လို့မသေ ဖုန်းမော်တွေ
စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ
စိန်သမိုင်းဖြစ်လို့နေပါပြီ။

အောင်ဆန်းလည်း ကမ္ဘာမသေ
အောင်ကျော်လည်း ကမ္ဘာမကြေ
ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်း မသေ
ပြည်သူတွေရဲ့ ရင်ခွင်ကြားက
သမိုင်းဖြစ် လူသားကို
ဓားနဲ့ထိုး ဓားကျိုးလို့လှံခွေ
သေနတ်တွေ ယမ်းမကူး၊ ထပ်ဦးက အာဇာနည်ထုံးနဲ့
ဖုန်းမော်တို့မသေ၊
ဖုန်းမော်တွေ၊ ဖုန်းမော်တွေ၊
ဖုန်းမော်တွေဆယ်ဆတိုးပြီး
ဘိုးဘိုးအောင် ၀လုံးလို
ဖုန်းမော်တွေ အထောင်အသောင်းနဲ့
ဒို့ကျောင်းသားပြည်သူအပေါင်းတို့
ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့
လူ့အခွင့်အရေးတွေ ပေးဟေ့ပေး…
ဒီမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး…
ပေးဟေ့ပေး၊ ပေးဟေ့ပေးလို့တောင်းကြ
သွေးစည်းမယ် မဖည်မစောင်းစေနဲ့
ဟေ့-ခွပ်ဒေါင်းသံ လွှင့်
ခွပ်ဒေါင်းအလံ မြှင့်၊

မောင်စွမ်းရည်
မတ်လ ၁၂၊ ၂၀၀၆

အို…သားငယ်ဖုန်းမော်၊ မောင်ဖုန်းမော်။
မင်းဟာ၊ မင်းလေးဟာ ဒို့ရဲဘော်၊
သွေးအိုင်ထဲလဲခဲ့ရှာတဲ့ ရဲဘော်၊
လူ့အခွင့်အရေးအတွက်
အသက်ပေးခဲ့တဲ့ရဲဘော်။ ဒို့မျှော်လင့် ဒို့အားထား
ဒို့သား ဒို့ညီ၊ ဒို့မောင်ငယ်
ဒို့တူ၊ ဒို့သားအရွယ်
ဥာဏ်ကောင်းတုန်းအရွယ်၊ အကြံကောင်းတုန်းအရွယ်
မာန်ကောင်းတုန်းအရွယ်၊ ဟန် ကောင်းတုန်းအရွယ်
သန်တုန်း မြန်တုန်းအရွယ်၊ အရွယ်ကောင်းတုန်း
ပန်းကောင်း အညွန့်ချိုး
ချိုးခဲ့ပါတယ်၊ သြော်…ကျိုးခဲ့ရှာပါတယ်။

မင်းဟာ…မင်းလေးဟာ
ဒို့တူ ဒို့သား ဒို့ညီဘွားပေါ့
သူတို့တူ၊ သူတို့သား
သူတို့ညီဘွားဆိုရင်
ဒီလိုပစ်ပါ့မလား၊ ဒီလိုဖြစ်ပါ့မလား
သားကောင်အမှတ် ရန်သူအမှတ်
သေနတ်နဲ့ပစ်မှာလား။

ပစ်ရက်မှာလား၊ ပစ်ရက်ပါ့မလားဟင်…လို့
မေးလိုက်စမ်းချင်တယ်။

သားချင်းစာနာ၊ တူချင်းစာနာ၊ ညီချင်းစာနာ
သြော်… ကိုယ်ချင်းစာနာပါအုံးတော့လား၊
ဒါလားဟေ့ ဒါလားဗုဒ္ဓဘာသာ၊ ဘုရားဒကာ
ဗမာလူယဉ်ကျေးလို့
မေးလိုက်စမ်းချင်လှပါတယ်။

ကျောင်းသားလေးတွေပါ
ကလေးတွေ သက်သက်
လက်နက်ဆို အပ်တိုတောင်ဆောင်မထားပါဘဲ၊
နိုင်ငံခြားသား ယိုးဒယား တရုတ်
ကျူးကျော်သူလည်း မဟုတ်ပါဘဲ၊
သူခိုးဓားပြ၊ တန္တမုဒိန်း၊
ထိန်းမနိုင် သိမ်းမရ၊ လောကရန်သူ
လူဆိုတွေလည်း မဟုတ်ပါဘဲ၊
သူပုန်သူကန်၊ မှုဆန်အန်တု၊
မလ္လင်လု၊ ရန်ပြုသူလည်းမဟုတ်ပါဘဲ။

မတရားလို့
မတရားတာကို၊ မတရားကြောင်း
မှားလို့ မှားတာကို
မှားတဲ့အကြောင်း
သားကောင်းတို့ထုံးစံ၊ အမုန်းအခံမပါပဲ၊
အမှန်တရား၊ အမှန်စကားကို
အမှန်သမားတွေနဲ့အတူ
လူလိုသူလိုပြောတာကို လူလိုသူလိုမဆက်ဆံ
အဖက်မတန်သလို၊ တဖက်ရန်အလား
ပွက်ပွက်ညံ ဘ၀ဂ်ကိုဆန်လို့
ကျည်ဆန်တွေနဲ့တုံ့ပြန်တယ်။

မလိုချင်လို့ မလိုချင်တာကို
မလိုချင်ဘူးလို့ ပြောရုံနဲ့….
လိုချင်လို့ လိုချင်တာကို
လိုချင်တယ်ဟေ့၊ လိုချင်တယ်ပြောရုံနဲ့…
ပြောသူပါးစပ်ကို သေနတ်နဲ့ပိတ်တာ
စစ်စိတ် စစ်မာန်၊ စစ်တပ်ရဲ့တာဝန်လား။

ပြည်သူ့ငွေ ပြည်သူ့အားနဲ့
ပြည်သူတွေခင်းထားတဲ့၊ ပြည်သူလမ်းများပေါ်မှာ
ပြည်သူပြည်သားတွေ၊ မလာမသွားရအောင်တားရမှာ
စစ်ဗိုလ်စစ်သား စစ်ဝတ္တရားက ဒါပဲလား။

စီတန်းလမ်းလျှောက်သူအပေါင်းဟာ
ကျောင်းသားမှ ကျောင်းသားစစ်စစ်
ကလေးတွေဖြစ်ရက်နဲ့
အပြစ်မရှိ အပြစ်ရှာခဲ့၊
အပြစ်အနာရှိပါတယ် ဆိုပါအုံး၊

ဟဲ့…ငဖုန်းမော်လို့ ရုံးတော်ကိုခေါ်ဆောင်
နောင်ကြည်အောင်၊ ထောင်ဒဏ်ကြိမ်ဒဏ်
ငွေဒဏ်တွေနဲ့၊ ဒဏ်ခတ်ဆုံးမ
ညွန်ပြသွန်သင်
စစ်တပ်ရဲ့တရားအစဉ်ကို အမှားမထင်ဖို့
နားဝင်အောင်ညွန်ပြပေါ့။
ခုတော့… မောဟမြေကြမ်းမှာ၊ လောဘခြေလှမ်းနဲ့
ဒေါသရှေ့တန်းတင်
မြင်မြင်ကရာကိုပစ်
ပြဿနာအထွေထွေကို သေနတ်မှာအဖြေရှာတော့
သွေးဆာတဲ့ သမိုင်း
ကမ္ဘာတွင်အောင်၊ ရာဇ၀င်ရိုင်းခဲ့ပြီ။

ဒါလား ဗုဒ္ဓဘာသာ…၊ ဒါလားဟေ့ ဓမ္မရာဇာ
စေတီတကာမှာ ငြင်းဆင်၊ ထီးတင်ကြ ထုံးသုတ်ကြ
လမ်းထီးလမ်းမတွေ ဘယ်ညာဖောက်
ကဏ္ဍားတွေထောက်၊ တံတားတွေဆောက်
အမြောက်တင်ကားမှာ ဗျောက်ဆင်တဲ့ခါးနဲ့
ဘုရားတကာ ဗိုလ်တစု၊ ဗိုလ်ရှုခံ ခရီးထွက်မတဲ့
ရုတ်တရက် ဘားခနဲ ကားရှေ့မှာသခင်အောင်ဆန်း
ရင်ဘောင်တန်းတာက ဗိုလ်အောင်ကျော်
ဖုန်းမော်ရဲ့အလောင်းကိုပိုက်ပြီ
ငမိုက်သားတွေကို မမိုက်မှားစေအောင် ကိုယ်ထင်ပြ
ဆုံးမမယ်ဆိုရင်
ဘာဖြစ်မယ်ထင်သလဲ…?၊ ဘာလုပ်မယ်ထင်သလဲ…?
ငရဲသား စစ်ဗိုလ်အပေါင်းက
ကောင်းဘွိုင်လက်၊ ဖက်ဆစ်လက်၊ လျှတ်ပြက်နဲ့
ခါးထက်က ဗျောက်တွေထုတ်၊ လူသတ်ပွဲလုပ်မှာပါပဲ
ငရဲသားဆိုတာ၊ ငရဲလားမှာကြောက်ပါ့မလား
နောက်ကျမှ မြေမျို၊ ခုလိုချင်တာ အာဏာ
အာဏာမှာ ဦးနှောက်မပါပေဘူး၊
ဒါပေမယ့်…
ဒါပေမယ့် ရဲဘော်တို့
ဒင်းတို့သတ်လည်း သတ်လို့မသေ ဖုန်းမော်တွေ
စိန်ပန်းမြေမှာ စိန်တံတိုင်းမှာ
စိန်သမိုင်းဖြစ်လို့နေပါပြီ။

အောင်ဆန်းလည်း ကမ္ဘာမသေ
အောင်ကျော်လည်း ကမ္ဘာမကြေ
ခွပ်ဒေါင်းရဲဘော် ဖုန်းမော်လည်း မသေ
ပြည်သူတွေရဲ့ ရင်ခွင်ကြားက
သမိုင်းဖြစ် လူသားကို
ဓားနဲ့ထိုး ဓားကျိုးလို့လှံခွေ
သေနတ်တွေ ယမ်းမကူး၊ ထပ်ဦးက အာဇာနည်ထုံးနဲ့
ဖုန်းမော်တို့မသေ၊
ဖုန်းမော်တွေ၊ ဖုန်းမော်တွေ၊
ဖုန်းမော်တွေဆယ်ဆတိုးပြီး
ဘိုးဘိုးအောင် ၀လုံးလို
ဖုန်းမော်တွေ အထောင်အသောင်းနဲ့
ဒို့ကျောင်းသားပြည်သူအပေါင်းတို
ဒို့နိုင်ငံ လွတ်စေကြောင်းနဲ့
လူ့အခွင့်အရေးတွေ ပေးဟေ့ပေး…
ဒီမိုကရေစီ အခွင့်အရေး ပေးဟေ့ပေး…
ပေးဟေ့ပေး၊ ပေးဟေ့ပေးလို့တောင်းကြ
သွေးစည်းမယ် မဖည်မစောင်းစေနဲ့
ဟေ့-ခွပ်ဒေါင်းသံ လွှင့်
ခွပ်ဒေါင်းအလံ မြှင့်၊

မောင်စွမ်းရည်
မတ်လ ၁၂၊ ၂၀၀၆

Rangonnewsdaily
10.3.2013
 

0 comments:

Post a Comment