Pages

Sunday, March 10, 2013

၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား

၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား
===========================

ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။

ထိုစာတမ်း၏ ခေါင်းစဉ်မှာ “ဗမာ့အင်ပါယာအတွင်း ပြောဆိုသုံးစွဲနေကြသော ဘာသာစကားအချို့၏ ဝေါဟာရ(များ)အား နှိုင်းယှဉ်လေ့လာခြင်း”ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” ဖြစ်သည်။ ရေးသားခဲ့သည့် သုတေသီပညာရှင်မှာ Francis Buchanan-Hamilton ဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၇၉၉ ခုနှစ်တွင် ရေးသား ပြုစုခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယင်းစာတမ်းအား အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်ရှိ Northwestern University ၏ စာကြည့်တိုက်ကြီးတွင် ငှားရမ်း ဖတ်ရှုနိုင်သည်။ ထိုတက္ကသိုလ်ကြီး၏ စာတိုက်၏ ၀ဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
http://www.library.northwestern.edu/

ယင်းစာတမ်းတွင် ရိုဟင်ဂျာတိုင်းရင်းသားများ၏ အမည်အား Rooinga ဟု ပေါင်းထားသည်။ သို့သော် အောက်ပါရှင်းလင်းချက်အရ ရိုဟင်ဂျာတိုင်းရင်းသားများအား ရည်ညွှန်း၍ သုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan”

“ကျွန်ုပ်အနေနှင့် ယခု ဗမာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းနေခဲ့ကြသော ဒေသိယဘာသာစကား သုံးခုကို ပူးပေါင်း၍ တင်ပြပေမည်။ သို့သော် ထိုဘာသာစကားများသည် ဟိန္ဒူလူမျိုးများ၏ ဘာသာစကား များမှ မြစ်ဖျားခံ ဆင်းသက်ခဲ့ကြောင်း သက်သေအထောက်အထားများအရ ဆိုနိုင်သည်။ ပထမဆုံး တင်ပြထားသည့် ဘာသာစကားမှာ ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်) အတွင်း ရှေးကပင် အခြေချ နေ ထိုင်ခဲ့ကြသော မဟာမေဒင်များ ပြောဆိုကြသည့် ဘာသာစကား ဖြစ်သည်။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့ ရိုဟင်ဂျာ (၀ါ) ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်)၏ တိုင်းရင်းသားများဟု ခေါ်ကြသည်။”

ဤစာတမ်းအား အစအဆုံး ဒေါင်း၍ ဖတ်လိုသူများ အောက်ပါလင့်ခ်ကို နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ် လုပ်ကာ ဖတ်ရှုလေ့လာသုတေသန ပြုနိုင်ပေသည်။

https://docs.google.com/open?id=0B4fThqDxAlBUNnhQSVZ5ek9pczg

လှည့်စားတတ်သူ ရခိုင်အကြမ်းဖက်သမားများ၏ အလိမ်အညာစက်ဝန်းများမှ လွတ်ကင်းကာ အမုန်းတရားများ ကွယ်ပျောက်၍ မေတ္တာတရား၊ အကြင်နာတရားဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေကြောင်း ဆန္ဒပြုလျှက်

ချမ်းမြေ့
29-11-2012

ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။ ထိုစာတမ်း၏ ခေါင်းစဉ်မှာ “ဗမာ့အင်ပါယာအတွင်း ပြောဆိုသုံးစွဲနေကြသော ဘာသာစကားအချို့၏ ဝေါဟာရ(များ)အား နှိုင်းယှဉ်လေ့လာခြင်း”ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” ဖြစ်သည်။ ရေးသားခဲ့သည့် သုတေသီပညာရှင်မှာ Francis Buchanan-Hamilton ဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၇၉၉ ခုနှစ်တွင် ရေးသား ပြုစုခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယင်းစာတမ်းအား အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်ရှိ Northwestern University ၏ စာကြည့်တိုက်ကြီးတွင် ငှားရမ်း ဖတ်ရှုနိုင်သည်။ ထိုတက္ကသိုလ်ကြီး၏ စာတိုက်၏ ၀ဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။


ယင်းစာတမ်းတွင် ရိုဟင်ဂျာတိုင်းရင်းသားများ၏အမည်အားRooinga ဟု ပေါင်းထားသည်။ သို့သော် အောက်
ပါရှင်းလင်းချက်အရ ရိုဟင်ဂျာတိုင်းရင်းသားများအား ရည်ညွှန်း၍ သုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan”


“ကျွန်ုပ်အနေနှင့် ယခု ဗမာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းနေခဲ့ကြသော ဒေသိယဘာသာစကား သုံးခုကို ပူးပေါင်း၍ တင်ပြပေမည်။ သို့သော် ထိုဘာသာစကားများသည် ဟိန္ဒူလူမျိုးများ၏ ဘာသာစကား များမှ မြစ်
ဖျားခံ ဆင်းသက်ခဲ့ကြောင်း သက်သေအထောက်အထားများအရ ဆိုနိုင်သည်။ ပထမဆုံး တင်ပြထားသည့် ဘာသာစကားမှာရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်) အတွင်း ရှေးကပင်အခြေချ နေ ထိုင်ခဲ့ကြသောမဟာ
မဒင်များ ပြောဆိုကြသည့် ဘာသာစကား ဖြစ်သည်။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့ ရိုဟင်ဂျာ (၀ါ) ရ
ခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်)၏ တိုင်းရင်းသားများဟု ခေါ်ကြသည်။”


ဤစာတမ်းအား အစအဆုံး ဒေါင်း၍ ဖတ်လိုသူများ အောက်ပါလင့်ခ်ကို နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ် လုပ်
ကာ ဖတ်ရှုလေ့လာသုတေသန ပြုနိုင်ပေသည်။




လှည့်စားတတ်သူ ရခိုင်အကြမ်းဖက်သမားများ၏ အလိမ်အညာစက်ဝန်းများမှ လွတ်ကင်းကာ အမုန်းတရား
များ ကွယ်ပျောက်၍ မေတ္တာတရား၊ အကြင်နာတရားဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေ
ကြာင်း ဆန္ဒပြုလျှက်


ချမ်းမြေ့

Rangonnewsdaily
10.3.2013

0 comments:

Post a Comment