Pages

Sunday, March 10, 2013

နာမည်ကျော်အမှတ်တံဆိပ်အမည်များ၏ မူလဇစ်မြစ်များ

----------------------------------------------------------------

APPLE
>>> စတင်တည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့ အကြိုက်ဆုံးသီးနှံကတော့ ပန်းသီးဖြစ်ပါတယ်... သူဟာသူ့ကုမ္ပဏီကို အမည်စာရင်းတင်သွင်းဖို့ သုံးလနောက်ကျခဲ့ပါတယ်... အဲ့ဒီနေ့ညနေ ၅ နာရီအချိန်ကျမှ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ပိုကောင်းတဲ့နာမည်တစ်ခုခုကို အကြံမပြုနိုင်ခဲ့ရင် သူ့ကုမ္ပဏီကို Apple Computers လို့အမည်ပေးဖို့ အရေးပေါ်ဆုံးဖြတ်လိုက်ပါတယ်....

MERCEDES
>>> ဒီနာမည်ဟာ တကယ်တော့ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီးနာမည်ဖြစ်ပါတယ်...

ADOBE
>>> စတင်တည်ထောင်သူ John Warnock ရဲ့ အိမ်အနောက်ဖက်မှာ စီးဆင်းနေတဲ့ Adobe ဆိုတဲ့ မြစ်နာမည်ကို အစွဲပြုပေးထားတာဖြစ်ပါတယ်...

CISCO
>>> လူအများယုံကြည်လက်ခံထားသလို စာလုံးတွေရဲ့ရှေ့ဆုံးအက္ခရာတွေစုစည်းထားတဲ့ နာမည်မဟုတ်ပါဘူး... San Francisco ရဲ့ အတိုကောက်နာမည်ကိုယူထားတာဖြစ်ပါတယ်...

COMPAQ
>>> စတင်တည်ထောင်စဉ်တုန်းက Gateway Technology လို့ ယာယီနာမည်ပေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ Compaq လို့ပေးခဲ့ကြပါတယ်... Compatibility and Quality ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်... ဒါပေမဲ့ ဒီနာမည်ရဲ့ဖွင့်ဆိုချက်တွေကတော့ နောက်မှပြန်လည်ဖွင့်ဆိုထားတာဖြစ်ပြီး နာမည်ပေးစဉ်ကတော့ ကွန်ပျူတာတွေကိုရည်ညွန်းတဲ့ COM နဲ့ စုစည်းတည်ဆောက်ထားတဲ့ပစ္စည်းငယ်တစ်ခုကိုဖော်ညွှန်းတဲ့ PAQ တို့ပေါင်းစပ်ထားတဲ့နာမည်ဖြစ်တယ်လို့သိရပါတယ်...

COREL
>>> ဒီနာမည်ကတော့ စတင်တည်ထောင်သူ Dr. Michael Cowpland ရဲ့ နာမည်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်... အပြည့်အစုံကတော့ COwpland REsearch Laboratory ကနေ အက္ခရာအကြီးနဲ့ ဖော်ပြထားတာတွေကို ယူလိုက်တာပါ...

GOOGLE
>>> Search Engine ကနေ သတင်းအချက်အလက်ဘယ်လောက်ရှာနိုင်မလဲဆိုတဲ့ ပမာဏကို ဟာသလုပ်ပြောရာကနေ ဒီနာမည်ဖြစ်လာတာပါ... မူလပေးထားတဲ့နာမည်က Googol ဖြစ်ပါတယ်... အဓိပ္ပာယ်ကတော့ တစ်နောက်က သုညအလုံး ၁၀၀ လိုက်တဲ့ကိန်းရဲ့ တန်ဖိုးကိုဖော်ပြတဲ့ သင်္ချာ ဝေါဟာရစကားလုံးဖြစ်ပါတယ်... စတင်တည်ထောင်သူတွေဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့ဟာ သူတို့ရဲ့ project ကို ရင်းနှီးမြှုပ်နှံသူတစ်ဦးဆီ ပြသခဲ့ပြီးတဲ့နောက်မှာ သူတို့ဟာ Google ဆိုတဲ့ နာမည်နဲ့ ချက်လက်မှတ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်... အဲ့ဒီနာမည်ကိုပဲ ဆက်လက်သုံးစွဲရာကနေ့ ဒီကနေ့ Google ဖြစ်လာခဲ့တာပါပဲ...

HOTMAIL
>>> စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jack Smith က ကမ္ဘာရဲ့ဘယ်နေရာမှာရှိတဲ့ ကွန်ပျူတာတစ်လုံးကနေမဆို ကွန်ရက်ကိုဖြတ်ပြီး အီးမေးလ်ပို့နိုင်တဲ့ idea ကို ရရှိခဲ့ပါတယ်... နောက်တစ်ဦးဖြစ်တဲ့ Sabeer Bhatia က မေးလ်ဝန်ဆောင်မှုအတွက် စီးပွားရေးစီမံချက်ပြုလုပ်လာချိန်မှာ mail ဆိုတဲ့ အဆုံးသတ်စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို သုံးကြည့်ပါတယ်... နောက်ဆုံးတော့ hotmail ဆိုတဲ့နာမည်ကို အတည်ယူဖြစ်သွားပါတယ်... web page တွေရေးဖို့အသုံးပြုတဲ့ html language ကို ကိုယ်စားပြုတဲ့စာလုံးတွေ အကုန်လုံးပါဝင်တဲ့အတွက် ရွေးချယ်လိုက်တာလို့လည်းသိရပါတယ်... အစောပိုင်း hotmail တွေကို HoTMaiL ဆိုပြီး စာလုံးအကြီးတွေနဲ့ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်...

HEWLETT PACKARD
>>> Bill Hewlett နဲ့ Dave Packard တို့နှစ်ဦးဟာ ခေါင်းပန်းလှန်ပြီး သူတို့တည်ထောင်ခဲ့တဲ့ကုမ္ပဏီကို Hewlett-Packard လို့ပေးမလား ဒါမှမဟုတ် Packard-Hewlett လို့ပေးမလားဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်....

INTEL
>>> Bob Noyce နဲ့ Gordon Moore တို့ဟာ သူတို့ရဲ့ ကုမ္ပဏီအသစ်ကို Moore Noyce လို့ နာမည်ပေးချင်ခဲ့ပါတယ်... ဒါပေမဲ့ အဲ့ဒီနာမည်ဟာ ဟိုတယ်လုပ်ငန်းနာမည်တစ်ခုအဖြစ် ရှိနေပြီးဖြစ်တဲ့အတွက် INTegrated ELectronics ရဲ့ ရှေ့စာလုံးတွေကိုယူပြီး Intel လို့ နာမည်ပေးခဲ့ပါတယ်...
----------------------------------------------------------------
Ref: Amazing Facts

 Credit to >> နှိုင်းရင့်နွေ

APPLE
>>> စတင်တည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့ အကြိုက်ဆုံးသီးနှံကတော့ ပန်းသီးဖြစ်ပါတယ်... သူဟာသူ့ကုမ္ပဏီကို အမည်စာရင်းတင်သွင်းဖို့ သုံးလနောက်ကျခဲ့ပါတယ်... အဲ့ဒီနေ့ညနေ ၅ နာရီအချိန်ကျမှ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ပိုကောင်းတဲ့နာမည်တစ်ခုခုကို အကြံမပြုနိုင်ခဲ့ရင် သူ့ကုမ္ပဏီကို Apple Computers လို့အမည်ပေးဖို့ အရေးပေါ်ဆုံးဖြတ်လိုက်ပါတယ်.... MERCEDES

>>> ဒီနာမည်ဟာ တကယ်တော့ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီးနာမည်ဖြစ်ပါတယ်...

ADOBE
>>> စတင်တည်ထောင်သူ John Warnock ရဲ့ အိမ်အနောက်ဖက်မှာ စီးဆင်းနေတဲ့ Adobe ဆိုတဲ့ မြစ်နာမည်ကို အစွဲပြုပေးထားတာဖြစ်ပါတယ်...

CISCO
>>> လူအများယုံကြည်လက်ခံထားသလို စာလုံးတွေရဲ့ရှေ့ဆုံးအက္ခရာတွေစုစည်းထားတဲ့ နာမည်မဟုတ်ပါဘူး... San Francisco ရဲ့ အတိုကောက်နာမည်ကိုယူထားတာဖြစ်ပါတယ်...

COMPAQ
>>> စတင်တည်ထောင်စဉ်တုန်းက Gateway Technology လို့ ယာယီနာမည်ပေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာ Compaq လို့ပေးခဲ့ကြပါတယ်... Compatibility and Quality ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်... ဒါပေမဲ့ ဒီနာမည်ရဲ့ဖွင့်ဆိုချက်တွေကတော့ နောက်မှပြန်လည်ဖွင့်ဆိုထားတာဖြစ်ပြီး နာမည်ပေးစဉ်ကတော့ ကွန်ပျူတာတွေကိုရည်ညွန်းတဲ့ COM နဲ့ စုစည်းတည်ဆောက်ထားတဲ့ပစ္စည်းငယ်တစ်ခုကိုဖော်ညွှန်းတဲ့ PAQ တို့ပေါင်းစပ်ထားတဲ့နာမည်ဖြစ်တယ်လို့သိရပါတယ်...

COREL
>>> ဒီနာမည်ကတော့ စတင်တည်ထောင်သူ Dr. Michael Cowpland ရဲ့ နာမည်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်... အပြည့်အစုံကတော့ COwpland REsearch Laboratory ကနေ အက္ခရာအကြီးနဲ့ ဖော်ပြထားတာတွေကို ယူလိုက်တာပါ...

GOOGLE
>>> Search Engine ကနေ သတင်းအချက်အလက်ဘယ်လောက်ရှာနိုင်မလဲဆိုတဲ့ ပမာဏကို ဟာသလုပ်ပြောရာကနေ ဒီနာမည်ဖြစ်လာတာပါ... မူလပေးထားတဲ့နာမည်က Googol ဖြစ်ပါတယ်... အဓိပ္ပာယ်ကတော့ တစ်နောက်က သုညအလုံး ၁၀၀ လိုက်တဲ့ကိန်းရဲ့ တန်ဖိုးကိုဖော်ပြတဲ့ သင်္ချာ ဝေါဟာရစကားလုံးဖြစ်ပါတယ်... စတင်တည်ထောင်သူတွေဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့ဟာ သူတို့ရဲ့ project ကို ရင်းနှီးမြှုပ်နှံသူတစ်ဦးဆီ ပြသခဲ့ပြီးတဲ့နောက်မှာ သူတို့ဟာ Google ဆိုတဲ့ နာမည်နဲ့ ချက်လက်မှတ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်... အဲ့ဒီနာမည်ကိုပဲ ဆက်လက်သုံးစွဲရာကနေ့ ဒီကနေ့ Google ဖြစ်လာခဲ့တာပါပဲ...

HOTMAIL
>>> စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jack Smith က ကမ္ဘာရဲ့ဘယ်နေရာမှာရှိတဲ့ ကွန်ပျူတာတစ်လုံးကနေမဆို ကွန်ရက်ကိုဖြတ်ပြီး အီးမေးလ်ပို့နိုင်တဲ့ idea ကို ရရှိခဲ့ပါတယ်... နောက်တစ်ဦးဖြစ်တဲ့ Sabeer Bhatia က မေးလ်ဝန်ဆောင်မှုအတွက် စီးပွားရေးစီမံချက်ပြုလုပ်လာချိန်မှာ mail ဆိုတဲ့ အဆုံးသတ်စာလုံးပါတဲ့ နာမည်အမျိုးမျိုးကို သုံးကြည့်ပါတယ်... နောက်ဆုံးတော့ hotmail ဆိုတဲ့နာမည်ကို အတည်ယူဖြစ်သွားပါတယ်... web page တွေရေးဖို့အသုံးပြုတဲ့ html language ကို ကိုယ်စားပြုတဲ့စာလုံးတွေ အကုန်လုံးပါဝင်တဲ့အတွက် ရွေးချယ်လိုက်တာလို့လည်းသိရပါတယ်... အစောပိုင်း hotmail တွေကို HoTMaiL ဆိုပြီး စာလုံးအကြီးတွေနဲ့ ပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်...

HEWLETT PACKARD
>>> Bill Hewlett နဲ့ Dave Packard တို့နှစ်ဦးဟာ ခေါင်းပန်းလှန်ပြီး သူတို့တည်ထောင်ခဲ့တဲ့ကုမ္ပဏီကို Hewlett-Packard လို့ပေးမလား ဒါမှမဟုတ် Packard-Hewlett လို့ပေးမလားဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်....

INTEL
>>> Bob Noyce နဲ့ Gordon Moore တို့ဟာ သူတို့ရဲ့ ကုမ္ပဏီအသစ်ကို Moore Noyce လို့ နာမည်ပေးချင်ခဲ့ပါတယ်... ဒါပေမဲ့ အဲ့ဒီနာမည်ဟာ ဟိုတယ်လုပ်ငန်းနာမည်တစ်ခုအဖြစ် ရှိနေပြီးဖြစ်တဲ့အတွက် INTegrated ELectronics ရဲ့ ရှေ့စာလုံးတွေကိုယူပြီး Intel လို့ နာမည်ပေးခဲ့ပါတယ်...
 
Ref: Amazing Facts
Rangonnewsdaily
10.3.2013

0 comments:

Post a Comment