Pages

Friday, December 28, 2012

"အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"

"အကယ်ဒမီပွဲပြီးမှ  ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"

ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ 
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 
"အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်း ကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြုဇာတ်လမ်း တို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခု ဟာက အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့ မရ တော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ် ယောက်တည်း စိတ်နဲ့သွားလို့ မရတော့ နှစ်ယောက်ပေါင်း ပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ 

အခုလောလောဆယ် အကယ်ဒမီ ပွဲပြီးရင် ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေ ပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်"လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာ က
"ဒီ နှစ် အကယ်ဒမီပေးပွဲ ကိုတော့ တက်ဖြစ်မှာပါ။ အဝတ်အစား ဒီဇိုင်းပိုင်းကို မျိုးမင်းစိုးက တာဝန်ယူပေးထားပါတယ်။ ချိတ်လုံချည်ကို သိင်္ဂီကျော်ပိုးထည် တိုက်က စပွန်ဆာပေး ထား တာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ရန်ကုန်မှာ ကျင်းပတဲ့အတွက် ပိုပြီးတော့ အဆင်ပြေ သွားတယ်။ ဒီနှစ် အကယ်ဒမီဆုကို တကယ် အနုပညာ ပိုင်းမှာ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ သက်မွန်မြင့် ရမယ်လို့လည်း ကြားနေပါတယ်။ အကယ်ဒမီ ဆုကို ဘယ်သူပဲ ရရပါ" လို့ ပြောပါတယ်။ 

ထွဋ်မြတ်၊
 ဓာတ်ပုံ-အောင်ဇော်မင်း


ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲ
မှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 
"အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်း ကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြုဇာတ်လမ်း တို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခု ဟာက အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့ မရ တော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ် ယောက်တည်း စိတ်နဲ့သွားလို့ မရတော့ နှစ်ယောက်ပေါင်း ပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။

အခုလောလောဆယ် အကယ်ဒမီ ပွဲပြီးရင် ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေ ပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်"လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာ က
"ဒီ နှစ် အကယ်ဒမီပေးပွဲ ကိုတော့ တက်ဖြစ်မှာပါ။ အဝတ်အစား ဒီဇိုင်းပိုင်းကို မျိုးမင်းစိုးက တာဝန်ယူပေးထားပါတယ်။
ချိတ်လုံချည်ကို သိင်္ဂီကျော်ပိုးထည် တိုက်က စပွန်ဆာပေး ထား တာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ရန်ကုန်မှာ ကျင်းပတဲ့အတွက် ပိုပြီးတော့ အဆင်ပြေ သွားတယ်။ ဒီနှစ် အကယ်ဒမီဆုကို တကယ် အနုပညာ ပိုင်းမှာ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ သက်မွန်မြင့် ရမယ်လို့လည်း ကြားနေပါတယ်။ အကယ်ဒမီ ဆုကို ဘယ်သူပဲ ရရပါ" လို့ ပြောပါတယ်။

ထွဋ်မြတ်၊
ဓာတ်ပုံ-အောင်ဇော်မင်း
Popular Myanmar News:

0 comments:

Post a Comment