အနုမြူဗုံး ကျဲချခံရအပြီး မြင်တွေ့ရသည့် ဟီရိုရှီးမားမြို့
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ကို
အမေရိကန် လေတပ်က အနုမြူဗုံးချိန်မှာ အသက်
မသေဘဲကျန်ခဲ့တဲ့အရှေ့တောင်အာရှ
ကျောင်းသားသုံးဦးကိုhonorarydoctoratesဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ
ချီးမြှင့် သွားမယ်လို့ ဟီရိုရှီးမားတက္ကသိုလ်က ကြာသပတေးနေ့မှာ ကြေညာလိုက်
ပါတယ်။
အနုမြူဗုံးကျချိန်မှာအသက်ရှင်ကျန်ရစ်တဲ့အရှေ့တောင်အာရှ ကျောင်းသားသုံးဦးဖြစ်တဲ့ဘရူနိုင်းနိုင်ငံဝန်ကြီး
ချုပ်ဟောင်း ယူဆပ်ဖ် Pengiran
Yusuf,အသက်၉၁နှစ်၊အင်ဒိုနီးရှားပါလီမာန်အမတ်ဟောင်းရာဟာယာ Hasan
Rahaya အသက် ၉၁နှစ်နဲ့ ဂျပန်စာဆရာအဖြစ် အသက် မွေးဝမ်းကျောင်း
ပြုခဲ့သူ မလေးရှားနိုင်ငံသားအပ်ဘ
ဒူ ရာဇတ် Abdul Razak အသက် ၈၇နှစ်
တို့ဖြစ်ကြောင်း သိရသည်။ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များကို ရှေ့နှစ်ထဲ
ပေးပို့
အပ်နှင်းသွားမည်ဟု ဆိုသည်။
သူတို့ ၃ဦးမှာဒုတိယကမ္ဘာစစ်အတွင်းဂျပန်သိမ်းပိုက် ကျွန်ပြုခဲ့သည့် နိုင်ငံ များမှ ကျောင်းသားများဖြစ်သည်။
ထိုအချိန်ကဂျပန်စစ်အစိုးရသည်ဂျပန်အား အထောက်အကူဖြစ်စေမည့် ပညာတတ်များ
မွေးထုတ်ရန် အရှေ့
တောင် အာရှမှ ကျောင်းသား တချို့ကိုဂျပန်တက္ကသိုလ်အသီးသီးတွင်ပညာတော်သင်များ အဖြစ် ခေါ်ယူ သင်
ကြားပေးခဲ့ရာတွင်
သူတို့ ၃ဦးပါဝင် ခဲ့သည်။
ဟီရိုရှီးမားအနုမြူဗုံးဒဏ်ကြောင့်အသက်ရှင်ကျန်သူ နိုင်ငံခြားကျောင်းသား၉ ဦးထဲတွင်သူတို့၃ဦးပါဝင်သည်။
အနုမြူဗုံးကြောင့် ရေဒီယိုသတ္တိကြွဓါတ်များ၏ဒဏ်ခံရင်းဟီရိုရှီးမားမြို့၌
သေဆုံးခဲ့သူတစ်သိန်းခွဲနီးပါးရှိသည်။
Burma-Newselite
အနုမြူဗုံး ကျဲချခံရအပြီး မြင်တွေ့ရသည့် ဟီရိုရှီးမားမြို့ |

0 comments:
Post a Comment