Pages

Friday, December 28, 2012

ရန်ကုန် မြို့တော်တွင်ကျင်းပမည့် ရုပ်ရှင်ထူးချွန­် ဆုပေးပွဲ အခမ်းအနား ကြည့်ရှု နိုင်ရန် လက်မှတ် များ စတင်ရောင်းချ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန် မြို့တော်တွင် ပြန်လည် ကျင်းပမည့် ရုပ်ရှင်ထူးချွန­် ဆုပေးပွဲ အခမ်းအနား ကြည့်ရှု နိုင်ရန် လက်မှတ် များကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စတင် ရောင်းချလျက် ရှိကြောင်း ယင်းလက်မှတ် ရောင်းချ သည့် နေရာများ ထံမှ စုံစမ်း သိရှိ ရသည်။ ကျပ်တစ်သောင်းမှ­ ကျပ် နှစ်သောင်းတန် လက်မှတ် များကို ရှေ့ဆောင် ရုပ်ရှင်ရုံ၊ Junction Square ၊ သုဝဏ္ဏ အားကစားရုံ (၁)၊ တော်ဝင် စင်တာ စသည့် နေရာများတွင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကြေညာချက်တွင် ဖော်ပြ ထားသည်။ ၂ဝ၁၁ ခုနှစ် အတွက် အကယ်ဒမီ ရွှေစင် ရုပ် ဆုပေးပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁) တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ထံမှ သိရသည်။

The Voice

0 comments:

Post a Comment