Pages

Friday, December 28, 2012

ငြိမ်းချမ်းရေးနှင့် စစ်ဘေးစစ်ဒဏ်



thn-26-12-12-6
ကချင်ပြည်နယ်က သေနတ်သံ အမြောက်သံတွေဟာ ၂၀၁၂ ကို နှုတ်ဆက်ကာ ၂၀၁၃ ကို ကြိုဆိုနေပြီဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဟာ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ၀ါးမျိုခံလိုက်ရပါပြီ။ ဒါဟာ အခုမှ ဖြစ်တာမဟုတ်လို့ အထူးအဆန်းကြီးလို့တော့ မဆို နိုင်ပါဘူး။ ပြည်ထောင်စုသား တိုင်းရင်းသား နိုင်ငံသူနိုင်ငံသားများ အားလုံး စစ်ဘေးစစ်ဒဏ်ခံခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ဒါပေမဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲကြီးတွေဟာ သမားရိုးကျထက် ဖြစ်ရိုးဖြစ်စဉ် ထက်ပိုပြီး ပြင်းထန်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက် ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မတိုင်မီ ၄ ရက် အလိုမှာကတည်းက တိုင်းရင်းသားပြည်သူတွေ ကမ္ဘာပျက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် အစိုးရသစ်ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေးအရာတွေအတွက် ပြည်သူလူထုကို ကတိက၀တ်ပေးခဲ့ပြီး လေးလအကြာ ၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်ကစပြီး ကေအိုင်အေကို တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ထိဆိုရင် ကေအိုင်အေ တစ်ဖွဲ့တည်းနဲ့ပဲ တိုက်ပွဲပေါင်း နှစ်ထောင်ကျော်ခဲ့ပြီလို့ သိရပါတယ်။ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၄ ကြိမ်လုပ်ခဲ့ပြီး ဖြစ်ပေမယ့် လုံးဝမအောင်မြင်ခဲ့ပါဘူး။ ၀န်ကြီးဦးအောင်မင်းက ဒီဇင်ဘာလ ၃၁ ရက်မှာ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ပြီး သဘောတူညီမှုတွေ ရလိမ့်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပေမယ့် ဒီလို အခြေအနေမှာ ငြိမ်းချမ်းရေးနဲ့ ပိုဝေးတဲ့ အနေအထားကို ရောက်သွားပါပြီ။

ဦးအောင်မင်းအပေါ် မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလင့် တနာက ဒီလိုရှုမြင်သုံးသပ်ပါတယ်။
အစိုးရ၏ ညှိနှိုင်းဆွေးနွေးမှုချုပ်လည်းဖြစ် သမ္မတရုံးဝန်ကြီးလည်းဖြစ်၊နော်ဝေအစိုးရနှင့် အခြားနိုင်ငံခြား ပွဲစားများ၏ အချစ်တော်လည်းဖြစ်သူ ဦးအောင်မင်းတွင် ကေအိုင်အိုနှင့် နိုင်ငံရေးပြဿနာ ညှိနှိုင်းဖြေရှင်းခွင့် မရှိခြင်းဖြစ်သည်။

မေခ-မလိခ မြစ်ဆုံမှာ ပုစဉ်းရင်ကွဲ အော်သံတွေက ကြေကွဲလွမ်းဆွတ်ဖွယ် ဆွေးဆွေးမြည့်မြည့် ပေါ်ထွက်နေပါတော့တယ်။ ဒီနေ့တိုင် အဆုံးမသတ်၊ မရပ်စဲနိုင်သေးတဲ့ သေနတ်သံ၊ အမြောက်သံတွေကြားမှာ 'အမေရေ ... သမီးရေ...'ဆိုတဲ့ ခေါ်သံတွေက ငြိမ်းချမ်းရေး တောင်းဆိုသံ ပမာမရပ်မနား ပဲ့တင်နေ.....

ကေအိုင်အို ဥက္ကဋ္ဌဇောင်းဟရားကလည်း ဒီလိုပြောထားပါတယ်။
ဦးအောင်မင်းမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်မရှိပါဘူး။ အခုထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သူအမြဲပဲရှောင်ခဲ့တာ၊ သူ့တာဝန်က အစိုးရပေါ်လစီကို ကိုယ်စားပြု လိုက်နာရုံသက်သက်ပဲ။

(၂၀-၁၂-၂၀၁၂ ထုတ် မြန်မာအင်ဒီပဲန်းဒင့်ဂျာနယ်) စာ-၁၅ကေအိုင်အေအပါအ၀င် တိုင်းရင်းသားတွေဘက်က အစဉ်အဆက် တောင်းဆိုနေတာက နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ဖြစ်ပါတယ်။ သူတို့ဘက်ကအဖြေက ရှင်းနေပြီးသား။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ၁၉၄၇ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ပင်လုံစာချုပ်မှာ အချက်ပေါင်း (၉)ချက်ပါရှိတဲ့အနက် အမှတ်စဉ်(၅) မှာ 'နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့်ရှိစေရမည်' ဟူသော မူကို သဘောတူညီကြသည်။ အမှတ်စဉ်(၇)တွင် 'နယ်စပ်ဒေသများ၏ နယ်သူနယ်သားများသည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးတို့ကို ခံစားခွင့်ရှိစေရမည်' လို့ ပါရှိပါတယ် (ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ၊ စာ ၁၃၃၊ ၁၉၉၀ စက်တင်ဘာ လထုတ် သတ္တမအကြိမ်)
နိုင်ငံတော်သမ္မတကြီးကလည်း ပင်လုံစိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မည်ကို တိုင်းသိပြည်သိ ထုတ်ဖော် မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးတဲ့နောက် NLD ရဲ့ မူလလမ်းစဉ်ဟာ ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး(၀ါ)ငြိမ်းချမ်းရေး ဖော်ဆောင်ရေးပဲဖြစ်ပါတယ်။ နောက်တော့ ငြိမ်းချမ်းရေးစကားပြောသံမကြားရတော့ဘဲ ဒေါ်စုရဲ့ တရားဥပဒေစိုးမိုးရေး ပထမဆိုတဲ့မူဝါဒက ရှေ့ရောက်လာပါတယ်။ 

တိုင်းရင်းသားများနဲ့ တွေဆုံဆွေးနွေးအဖြေရှာရေးဟာနောက်ရောက်သွားတယ်လို့တောင်ပြောနိုင်ပါတယ်။
အမေရိကန်ခရီးစဉ်ကအပြန်  ၇-၁၀-၂၀၁၂ က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က'တိုင်းရင်းသား ပဋိပက္ခ များနှင့် ပတ်သက်၍ တရားဝင် ပါဝင်ပတ်သက် ခွင့်မရရှိသေးသည့်အတွက် ယင်းပြဿနာများ ဖြေရှင်းမှုအပေါ် မည်သည့်မှတ်ချက်မှ ပေးလိုခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီမှာ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇော (ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သား)က ဒီလိုဝေဖန်သုံးသပ်ခဲ့ပါတယ်။
'သူ့ကို ဒုတိယပင်လုံရဲ့ခေါင်းဆောင်အဖြစ် မျှော်လင့်ခဲ့ကြတာပဲ။ သူ့ကိုယ်သူ သိပါတယ်။ ကချင်ပြည်နယ်သွားတုန်းကလည်း သူ့ကိုလူကြီးတွေနဲ့ ခေါင်းဆောင် တော်တော်များများက အခြေအနေတွေကို ပြောခဲ့ပါတယ်။ဒါဘက်လိုက်မှုနဲ့ မဆိုင်ပါဘူး။ အတိုက်အခံပါတီဟာ ပူးပေါင်းလုပ်ရမယ့် ကိစ္စတွေရှိသလို မတူတာတွေခွဲပြီး အစိုးရကို ပြောရမယ့်ကိစ္စတွေလည်းရှိတယ်။ အဲဒီတော့ ဒါတွေက လမ်းဘေးက သာမန်လူတွေကိုမေး လိုက်ရင် ဒီရဲ့အခြေအနေမှန်တချို့ကို သိနိုင်ပါတယ်။ အခိုင်အမာ အခြေအနေကို စုံစမ်းလို့လည်းရတယ်။ သူလည်းသိနိုင်တဲ့ အခြေအနေဖြစ်လျက်ရှိတယ်။

ပင်လုံစာချုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့၊ သူ့အဖေလုပ်ခဲ့တဲ့ စာချုပ်ဖြစ်တယ်။ ကျွန်တော်တို့ ဟိုအရင်တုန်းကတော့ ပင်လုံစာချုပ်ကို သူဆက်ပြီးလုပ်မယ်လို့ ထင်ခဲ့တယ်။ ဗမာပြည်မှာ အကြီးဆုံးပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြောရမယ့် အမျိုးသားရေးပြဿနာဖြစ်တယ်။ ဗမာပြည်ရဲ့ ပြဿနာက အချက်နှစ်ချက်ပဲ။ အမျိုးသားပြန်လည် သွေးစည်းရေးဖြစ်ချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့လိုတယ်။

(၁၁-၁၀-၂၀၁၂ထုတ် ပေါ်ပြူ လာဂျာနယ်မှ) အချပ်ပို -A
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက ထိုင်းကိုသွာပြီး မြန်မာပြည် ပြဿနာတွေကို ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း-
'ဖက်ဒရယ်နဲ့ပတ်သက်လို့ကျွန် တော်တို့မှာ ဘာလို့အသံမထွက်ဘူးလဲ ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ပြည်တွင်းမှာလုပ်တဲ့အခါမှာ ၈၈ တစ်ဖွဲ့တည်းနဲ့ မပြီးပါဘူး။

ကျွန်တော်တို့ထက် အင်အားပိုပြီး တောင့်တင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင် ဖက်ဒရယ်ဆိုတဲ့အသံကို ဘယ်တုန်းကမှ မထွက်ခဲ့ပါဘူး'လို့ ထိုင်းနိုင်ငံရေး အင်အားစုတွေကို ပြောခဲ့ပါတယ်။ (လျှပ်တပြက် အတွဲ(၄)အမှတ်(၇))
ဒီဇင်ဘာလ ၅၊ ၆ ရက်နေ့များမှာ ကျင်းပခဲ့တဲ့ 'အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်' မှာတော့
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသော တိုင်းရင်းသားအရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ၎င်းသည် ဖက်ဒရယ်မူ(ပြည်ထောင်စုစနစ်)ကို ယုံကြည်ကြောင်း၊ ယင်းမူဝါဒသည်'တိုင်းရင်းသားတို့ကို ခွဲထွက်သွားစေမှာ မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေကြားမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာနိုင်ပါတယ်'လို့ သူမ၏အမြင်ကို ရှင်းပြသည်။

(၁၁-၁၂-၂၀၁၂ ထုတ် မဇ္ဈိမဂျာနယ်) စာ-၆ဒေါ်စုဆီက တိုင်းရင်းသားအရေး ဖက်ဒရယ်မူဆိုတဲ့ စကားကြား လိုက်ရလို့ ၀မ်းသာအားတက်ခဲ့ရပါတယ်။ ဖက်ဒရယ်မူဆိုတာ ငြိမ်းချမ်းရေးမူပါပဲ။ အမေရိကန်၊ အိန္ဒိယစတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေဟာ ဖက်ဒရယ်မူနဲ့ပဲ နိုင်ငံကို တည်ဆောက်ထားတာပါ။ ဖက်ဒရယ်မူဆိုရင် ခွဲထွက်ခွင့်လို့ စွဲမှတ်သွားအောင် စစ်အာဏာရှင်ခေတ် ပညာရေးက နှစ်ပေါင်း ၅၀ လုံးလုံး ၀ါဒဖြန့် သင်ကြားပေးခဲ့ပါတယ်။

 ဒါကြောင့် ဒီနေ့ လူလတ်ပိုင်းရောက်နေသူတွေတောင် ဖက်ဒရယ်မူဆိုတဲ့စကား ကြားရင်နားခါးချင်လှတယ်။ ၁၉၄၇ ခုနှစ်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်မူရဲ့သဘောတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်မှန်သမျှ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်အထိ အာမခံချက်ပေးထားတယ်။ ဒါကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီးမှာ ၁၉၄၇ အခြေခံဥပဒေကို ဖျက်ပစ်လိုက်တာဖြစ်ပါတယ်။

၁၉၄၇ အခြေခံဥပဒေ ပျက်သွားပေမယ့် ပင်လုံစာချုပ်က မပျက်ပြယ်သေးပါ။တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေပါတယ်။ ကေအိုင်အေက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ဒီ လိုပြောပါတယ်။
'ကျွန်တော်တို့ တောင်းနေတာကတော့ တိုင်းရင်းသားများ တန်းတူအခွင့်အရေးဖြစ်တယ်။

တိုင်းရင်းသားဆိုရင် အားလုံးပါပါတယ်။ကျွန်တော်တို့က 'တောင်းတယ်'လို့ ပြောလို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ သဘောတူညီချက်တွေ အဲဒီတုန်းက ရှိနေခဲ့ကြတယ်။ အဲဒီတုန်းက ဘာတောင်းမလဲ၊ ဘာပေးမလဲဆိုတဲ့ အခြေခံမဟုတ်ဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဘယ်လိုအတူတကွ နေထိုင်မလဲဆိုတဲ့ သဘောတူညီချက်ဖြစ်တယ်။

'၀န်ကြီးဦးအောင်မင်းနဲ့ အလွတ်သဘော သုံးကြိမ်တွေ့ဆုံခဲ့တယ်။ ဒီသုံးကြိမ်လုံးမှာ ကျွန်တော်တို့ဘက်ကနေ ဆွေးနွေးတာကတော့ ခိုင်မာသော ကတိက၀တ်နဲ့ တည်ဆောက်နိုင်ရေးဖြစ်တယ်။ကျွန်တော်တို့ဘက်က ပြောတာက အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လက်မှတ်ရေးထိုးရေးတစ်ခုတည်းကို လုပ်ချင်တာမဟုတ်ဘူး။ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ခိုင်မာတဲ့ လက်မှတ်ရေးထိုးရေးကို ကျွန်တော်တို့ဟာ အဓိကထားခဲ့တယ်။ ဒီလို သွားနိုင်ဖို့ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲကို တက်ရမယ်။ နိုင်ငံတော်အစိုးရက နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ ဆန္ဒရှိသလားလို့ ကျွန်တော်တို့ကစပြီး မေးခွန်းမေးမယ်။

 (၆-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)'မူတစ်ခုကတော့ အစိုးရဆီမှာ ရှိဖို့လိုတယ်။ နောက်တပ်ပိုင်းဆိုင်ရာ မူကို ဘယ်လိုချမှတ်မလဲဆိုတာ မရှိဘဲနဲ့တော့ အလွတ်သဘော တွေ့ရုံနဲ့တော့ အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ ခိုင်မာတဲ့ သက်သေလို့ ပြောချင်တာပေါ့နော်။ဒီလိုပြောတဲ့အခါမှာ နိုင်ငံတကာ က ပါဝင်နိုင်ရေးဆိုတာ အဓိကထားတာ မဟုတ်ပါဘူး။ မနှစ်ကတိုက်ပွဲတွေ စဖြစ်တဲ့အချိန်မှာ ၀န်ကြီးဦးသန်းအောင်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ ဒီကိစ္စ ကျေကျေလည်လည် ဆွေးနွေးခဲ့ဖူးတယ်။

 ပထမအဆင့်အနေနဲ့ ပြောတာက ခိုင်မာတဲ့သက်သေ၊နိုင်ငံတကာက သက်သေတွေ လိုချင်တယ်။ သို့
သော်လည်းပဲ အစိုးရဘက်ကနေ အခက်အခဲတွေ အများကြီးရှိမယ်လို့ ကျွန်တော်သဘောပေါက်တယ်။ ဒါ့ ကြောင့် နိုင်ငံတော်အစိုးက ကတိတစ်ခု ပေးပါလို့ ကျွန်တော်တောင်းဆိုခဲ့ဖူးတယ်။ကျွန်တော်တိုနဲ့အပစ်
အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုက်ပွဲများအားလုံးကို ရပ်ဆိုင်းပြီးတော့ နိုင်ငံရေး
ဆွေးနွေးမယ် ဆိုတဲ့အချက်ကို ၁၅ ရက်အတွင်းမှာ ထုတ်ပြန်ကြေညာပေးပါ။ဒါအစိုးရရဲ့ ကတိကို သက်
သအနေနဲ့ မှတ်ယူမယ်လို့ တောင်းဆိုခဲ့ဖူးတယ်။

တကယ်တမ်း လက်တွေ့အနေနဲ့ ခိုင်ခိုင်မာမာ လက်မှတ်ရေးထိုးမယ်ဆိုရင် နှစ်ဖက်စလုံးကို ကြပ်မတ်ပေး
နိုင်တဲ့ သက်သေ၊နှစ်ဖက်စလုံးကို တာဝန်ယူနိုင်တဲ့သက်သေ၊ တရားမျှတစွာ ဆုံးဖြတ်ပေးနိုင်တဲ့ သက်သေ
ရှိဖို့ လိုအပ်ပါတယ်။ (၁၃-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)ဗိုလ်ချုပ်ဂွမ်မော်က ပင်လုံကတိက၀တ်ကို အစိုး
ရက ဘယ်လိုသဘောထားလဲဆိုတဲ့ ငြိမ်းချမ်းရေး သဲလွန်စကို ပေးထားပါတယ်။အစိုးရကဒီနေ့အထိ ဘာမှ
မဖြေပါတဲ့။

အစိုးရရဲ့ အဖြေကတော့ ကေအိုင်အေချေမှုန်းရေး ထိုးစစ်ဆင်နေခြင်းပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကချင်
ပြည်နယ်မှာ အစိုးရတပ် တပ်ရင်း ၁၀၆ ရင်း အထိ ပို့ပြီး ချေမှုန်းနေတယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

'ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်မယ်ဆိုရင် ပစ်ခတ်စရာမလိုဘူး။ကျွန်တော်တို့ လက်နက်
ကိုင်စရာတောင် မလိုဘူး။ ၂၀၀၉ခုနှစ်(နယ်ခြားစောင့်တပ်)BGFကိစ္စအပြန်အလှန် ဆွေးနွေးနေတဲ့အချိန်
အဆုံးစွန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောထားပြီးသား၊ စာရှိပြီးသား။

ကျွန်တော်တို့ ပင်လုံကတိက၀တ်ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ရင် ကျွန်တော်တို့က ကချင်
အမျိုးသားတွေ သေနတ်ကိုင်စရာမလိုဘူးပြောထားတယ်။နိုင်ငံရေးဆွေးနွေးပွဲပြောပေမယ့်၂၀၀၈အခြေ
ခံဥပဒေထဲမှာကျွန်တော်တို့မဆွေးနွေးနိုင်ဘူး။လွှတ်တော်ထဲမှာလည်းကျွန်တော်တို့ဝင်စရာအကြောင်းမရှိ
နိုင်ဘူး'လို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။

(၂-၁၁-၁၂ ထုတ် မော်ဒန် သတင်းဂျာနယ်)အချပ်ပို-Bကေအိုင်အေရဲ့သဘောထားဟာ ရှမ်း၊ ကရင်၊ ကရင်
နီ၊ မွန်၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေရဲ့သဘောထားနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့တဲ့ ရှမ်းအမျိုးသားများရဲ့ 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ခြင်း'ဆွေး
နွေးပွဲမှာ SSA က ဗိုလ်မှူးချုပ် ပေါင်ခေးက ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး
ပြီးမှ အစိုးရတပ်မတော်က အကြိမ် ၄၀ ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း ရင်ဖွင့်တင်ပြသွားခဲ့
ပါတယ်။

ဆိုလိုတာကတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေဟာဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာပါပဲ။ ရှမ်းအမျိုးသား
ခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်မူကို လက်ခံကျင့်သုံးမယ်လို့ အသိပေးလိုက်ပေမယ့် ပဋိပက္ခတွေကို လွှတ်တော်ထဲမှာ ဖြေရှင်းမယ်လို့ဆို ပြန်လေရာ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒနဲ့ အများကြီး ကွာဟနေ
ပါတယ်။ ဒီလိုအခြေအနေမှာ လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေတဲ့သံဃာတော်တွေကို အစိုး
က အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ကချင်၊ ကရင်စတဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များက ပြင်းထန်စွာရှုတ်ချရုံမျှမက'ငြိမ်းချမ်းရေးဆက် မလုပ်တော့ဘူး'လို့တောင် DKBA က ကြေညာလိုက်ပါတယ်။

(၄-၁၂-၁၂ VOA သတင်း)တိုက်ပွဲပေါင်းလည်း ၂၀၀၀ ကျော်ခဲ့ပါပြီ။တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေသာ ဆုံးရှုံး
နစ်နာခဲ့ပြီး ဒုက္ခသည်ပေါင်း တစ်သိန်းခွဲလောက် အထိ တိုးလာခဲ့တာကလွဲရင် စစ်ဆင်ရေးရလဒ် အဖြေမှန်
မထွက်သေးပါဘူး။

ပြည်သူလူထုကြီးက တောင်းဆိုနေတာ ငြိမ်းချမ်းရေးပါ။ စစ်ဆင်ရေး၊ သိမ်းပိုက်ရေးမဟုတ်ပါဘူး။ ပြီးတော့ ကချင်၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသား စစ်စစ်တွေပါ။ တိုင်းတ
စ်ပါးက ကျုးကျော်လာတဲ့ ရန်သူတွေမဟုတ်ပါ။

 နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ကြီးလည်း ဖွတ်ဖွတ်ညက်ညက် ကြေနေတာ ပြည်သူ
လူထုကြီးမှာလည်း ပြာပုံထဲက ခွေးလောက်မှ မပြောင်ရောင်နိုင်အောင် ဆင်းရဲမွဲတေဖြစ်နေရပါတယ်။ ဒုက္ခ
တကာ ဒုက္ခတွေထဲမှာ အကြီးမားဆုံးဒုက္ခကို ခံစားနေရတဲ့ စစ်ဘေးဒုက္ခသည်များကြားက ကချင်ပုံပြင်လေး
တစ်ပုဒ်နဲ့ ကျွန်တော့်ဆောင်းပါးကို နိဂုံးချုပ်ခဲ့ချင်ပါတယ်။

ဟိုးရှေးရှေးတုန်းက ကချင် သားအမိနှစ်ယောက် ဟင်းရွက်ခူး ထွက်လာကြတယ်။ မြစ်ဆုံကိုရောက်တော့ ဟင်းရွက်တွေများများရအောင် သားအမိနှစ်ယောက် လမ်းခွဲပြီး ဟင်းရွက်ခူးဖို့ စီစဉ်ကြတယ်။သမီးကမလိ
ခမြစ်ကမ်းဘက်မှာ၊ အမေက အင်မိုင်ခ(မေခ)မြစ်ကမ်းပေါ်မှာ ဟင်းရွက်တွေအများကြီးရတော့ ပျော်လိုက်
တာတဲ့။ ဒါပေမယ့် သားအမိနှစ်ယောက် ပြန်ဆုံဖို့ ချိန်းချက်ထားတဲ့ မြစ်ဆုံနေရာမရောက်ခင် မုန်တိုင်းဘေး
နဲ့ သေပွဲဝင်ရပါရောတဲ့။ သားအမိနှစ်ယောက်ဟာ သေပြီးတဲ့နောက် ပုစဉ်း ရင်ကွဲဘ၀သို့ ကူးပြောင်းသွား
ရှာတယ်။

သမီးပုစဉ်းရင်ကွဲလေးကမသေခင်လူ့ဘ၀တုန်းကလိုပဲအားကိုးတကြီးနဲ့ အမေရေ...၊ အမေရေ..... (ကချင်
အသံထွက်နဲ့ ရှားယီ၊ ရှားယီ၊ Sha-yi...Sha-yi ) နဲ့ တကြော်ကြော် အော်ခေါ်နေသလို အမေပုစဉ်းရင်ကွဲ
ကလည်း သမီးရေ.. သမီးရေ... နူး ယီ...နူးယီ.... Nu-yi... Nu-yi  နဲ့ ဟိုပင်မြင့်ဆီက အော်ခေါ်နေသတဲ့။

'အမေရေ... သမီးရေ...' 'ရှား ယီ... နူးယီ...'

နွေဦးပေါက် ရောက်လေတိုင်း မေခ-မလိခ မြစ်ဆုံမှာ ပုစဉ်းရင်ကွဲ အော်သံတွေက ကြေကွဲလွမ်းဆွတ်ဖွယ် ဆွေးဆွေးမြည့်မြည့် ပေါ်ထွက်နေပါတော့တယ်။ ဒီနေ့တိုင် အဆုံးမသတ်၊ မရပ်စဲနိုင်သေးတဲ့ သေနတ်သံ၊ အမြောက်သံတွေကြားမှာ 'အမေရေ ... သမီးရေ...'ဆိုတဲ့ ခေါ်သံတွေက ငြိမ်းချမ်းရေး တောင်းဆိုသံ ပမာ
မရပ်မနား ပဲ့တင်နေပါတော့တယ်။


Written by မောင်သွေးချွန်      
Eleven Media:  

0 comments:

Post a Comment