Pages

Monday, June 2, 2014

အိန္ဒိယ ပြည်နယ်သစ် ကြေညာ

RangonNewsDaily: June . 2 .2014
အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်ကို မွေးဖွား ပေးလိုက်ပြီ ဖြစ်ပါတယ်။အိန္ဒိယ တောင်ပိုင်း အန္ဒရာ ပရာဒေ့
ရှ် ပြည်နယ် ထဲက ခရိုင် ၁ဝ ခုကို ခွဲထုတ်ပြီး တေလင်္ဂ္ဏ ပြည်နယ် ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒေသ စံတော်ချိန် ည သန်းခေါင် ကျော်တာနဲ့ ပြည်နယ် အသစ် က စတင် ပေါ်ထွန်းလာ ခဲ့ပါတယ်။

ဟိုက်ဒြာဘတ် မြို့ကြီး ကို နောက် ၁ဝ နှစ်ကြာတဲ့ အထိ အန္ဒရာ ပရာဒေ့ရှ် နဲ့ တေလင်္ဂ္ဏ ပြည်နယ် ၂ ခုရဲ့ ပူးတွဲ မြို့တော် လုပ်ဖို့ စီစဉ် ဆုံးဖြတ် ခဲ့ပါတယ်။
::
တမြို့လုံးလဲ ပန်းရောင် ပူဖောင်းတွေ၊ နဖူးစည်း စာတမ်းတွေ အလံ တွေနဲ့ ပလူပျံ နေပါတယ်။

ပန်းရောင်က ပြည်နယ် ခွဲထွက်ရေး ၁၄ နှစ် ကြာ ကြိုးပမ်း ခဲ့ပြီး အခု ပြည်နယ် ပထမဆုံး အစိုးရသစ်ကို ဖွဲ့တော့မယ့် တေလင်္ဂ္ဏ ရဋ္ဌဌ ပါတီ ရဲ့ အရောင် ဖြစ်ပါတယ်။
::
မီးရှူးမီးပန်းနဲ့ အဆိုအတီး အက ပွဲလမ်း သဘင်တွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲ ခဲ့ကြပါတယ်။ 

ဘီဘီစီ (မြန်မာပိုင်း) ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment