Pages

Monday, June 2, 2014

ကစားသမားယောင်ဆောင်ပြီး လေယာဉ်စီးဖို့ကြံပေမယ့် မအောင်မြင်တဲ့ ဟာသသရုပ်ဆောင်ရဲ့အဖြစ်


RangonNewsDaily: June . 2 .2014
ကမ္ဘာ့ဖလားအတွက်စတင်ထွက်ခွာမယ့် အဂ်လန်အသင်းရဲ့ ခရီးစဉ်အစပိုင်းကတော့ ဟာသ သရုပ်ဆောင်တစ်ဦးကြောင့် ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရပါတယ်။
ဘီဘီစီဟာဇာတ်လမ်းတွဲနှစ်ခုမှာလီနယ်လ်ဆင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဆိုင်မွန်ဘရော့ကင်းဟာ အင်္ဂလန်ကစားသမားယောင်ဆောင်ပြီး လုံခြုံရေးတွေကို လှည့်စားဖို့ကြိုးစားခဲ့တာပါ။ လေယာဉ်ပေါ်လိုက်ပါ မယ့်သူတွေကိုတင်ဆောင်တဲ့ကားကို ကစားသမားတွေစောင့်ဆိုင်းနေတုန်း ဆိုင်မွန်က ဂိတ်ပေါက်ကတစ်ဆင့် ခိုးဝင်ပြီး ကစားသမားတွေနဲ့ရောနှောနေခဲ့တာဖြစ်ပါတယ်။ 

သူဟာ အင်္ဂလန်အသင်းရဲ့ခရီးသွားဝတ်စုံကို ၀တ်ဆင်ထားပြီး နိုင်ငံကူးလက်မှတ်ကိုလည်း ဝှေ့ယမ်းလိုက်ပါသေးတယ်။

ကစားသမားတွေကြားရောနှော နေတဲ့ ဆိုင်မွန်ကို အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ဦးစွာသတိပြုမိခဲ့ပြီးနောက် လုံခြုံရေးတွေနဲ့ ဒေသခံရဲတွေက သူ့ကို ဆွဲထုတ်ခဲ့ပြီး အနာဂါတ်မှာ ဒီလိုအပြုအမူကိုရှောင်ရှားဖို့ သတိပေးခဲ့ပါတယ်။


ဘီဘီစီရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကတော့ ဆိုင်မွန်ရဲ့အပြုအမူဟာ ဘီဘီစီရဲ့အစီအစဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ ဆိုင်မွန်အတွက်တော့ ဒီလိုအပြုအမူမျိုးဟာ ပထမဆုံးမဟုတ်ပါ ဘူး။ 


သူဟာ ၂၀၁၃ ဧပြီတုန်းကလည်း အဲဗာတန်နဲ့ကစားမယ့် မန်စီးတီးကစားသမားတွေနဲ့ရောနှောပြီး သွေးပူ လေ့ကျင့်ခန်း
လုပ်ခဲ့သေးတာကြောင့် အပြုအမူတွေထိန်းသိမ်းဖို့ ခြောက်လ သတိပေးခံခဲ့ရပါသေးတယ်။ အခုတစ်ကြိမ်ဆိုင်မွန်
ရဲ့လုပ်ရပ်ဟာ အင်္ဂလန်ကစားသမားတွေအတွက် ရယ်စရာဟာသတစ်ခုဖြစ်စေခဲ့ရပါတယ်။

Dailymail
Mizzima Sport News , 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment