Pages

Monday, June 2, 2014

ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ခဲ့သော သတိပေးစာအား NLD တုံ့ပြန်


RangonNewsDaily: June . 2 .2014
မန္တလေးအောင်ပင်လယ်ပွဲ၌ မေလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်အချို့မှာ ဖွဲ့စည်းပုံအခြေ
ခံနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်များနှင့်မကိုက်ညီကြောင်း မေလ ၂၂ ရက်နေ့က ရွေးကောက်
ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သတိပေးစာ ပေးပို့ခဲသည်။
အဆိုပါသတိပေးစာပါမှားယွင်းယူဆချက်နှင့် ရွေးကောက်ပွဲကော်မရှင်၏ ဘောင်ကျော်ဆောင်ရွက်မှုများအားတုံ့ပြန်သည့်
အနေဖြင့် NLD က ယနေ့တွင် ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်းပါဝင်သော တပ်မတော်
သား
များအား စိန်ခေါ်မှုပြုသည်ဟု ရေးသားထားပြီး ယင်းပြောဆိုမှုသည် ဖွဲ့စည်းပုံကခွင့်ပြုထားသော ဘောင်ကို ကျော်လွန်ရာ ရောက်သည်ဟု ထောက်ပြခဲ့သည်။

သတိပေးစာ၏ ဖော်ပြချက်သည် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားကိုယ်စားလှယ်များကိုချည်း ရည်ညွှန်းပြော

ကြားသကဲ့သို့ အကြောင်းချင်းရာ လွဲမှားနေကြောင်း၊ စကားအမှန်မှာ “ကျမတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်
ရပါမယ်၊ ရင်ဆိုင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံးဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်
အတွင်းကနေပြီးတော့ ကျမတို့ ပြင်ဆင်သွားမယ်” ဟူ၍သာ ဟောပြောခဲ့ကြောင်း NLD ၏ ကြေငြာစာတွင် ဖော်ပြထား
သည်။

ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီနိုင်ငံရေး

ပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတာဝန်ကို ထမ်းဆောင်ရာတွင် ဥပဒေပြဌာန်းချက်တွင် မပါရှိသော တာဝန်
များကို ဆောင်ရွက်ခွင့်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များမှာ ဥပဒေနှင့် အညီသာဖြစ်ကြောင်း၊ ၎င်းတိုက်တွန်းချက်များမှာ ပြည်သူကယုံကြည်အားကိုးသော၊ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော်ဖြစ်ရေးအတွက်သာ ဖြစ်ကြောင်းတို့လည်း ရေးသားထားသည်။

ဖွဲ့စည်းပုံ၏ ပုဒ်မ ၃၅၄(က)အရ မိမိယုံကြည်ချက်နှင့် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေး

သားဖြန့်ဝေခွင့်ကို လွတ်လပ်စွာသုံးစွဲခွင့်ရှိကြောင်း ပြဌာန်းထားသဖြင့် ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်က ၀င်
ရောက်သတိပေးခြင်းမှာ သင့်လျော်မှု လုံးဝမရှိကြောင်း NLD က ကြေငြာလိုက်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Photo-National League for Democracy

KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment