Pages

Thursday, March 14, 2013

ယနေ့ နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ

ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ
ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ
ဒ်ါအောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။အဆိုပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊ “ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြောင်း ဒေသခံမှ ပြောဆိုခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့ သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။
ရန်ကုန်(မဇ္ဈိမ) 
Rangonnewsdaily
RND:  :14.3.2013

0 comments:

Post a Comment