Pages

Thursday, March 14, 2013

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫ (၂)
===================================
By @[492503617467704:274:International Music Crazies]

အီလက်ထရောနစ်ဂစ်တာကိုစတင်တီထွင်ပြီး ပထမဦးဆုံး အီလက်ထရောနစ်ဂစ်တာကုမ္ပဏီ(Fender)ကို 
တည်ထောင်ခဲ့သောပုဂ္ဂိုလ် လီယိုဖန်ဒါ (Leo Fender) သည် ဂီတာလုံးဝမတီးတတ်ပါ။

အဒဲလ် သည် Day Dreamer သီချင်းကို လိင်နှစ်မျိုးစလုံးကိုစိတ်ဝင်စားသော(Bisexual) 
သူမ၏ရည်းစားဟောင်းအတွက်ရေးစပ်ခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာကျော် ဂီတပညာရှင်များဖြစ်ကြသော Jimi Hendrix, Janis Joplin, Jim Morrison နှင့် @[49436315526:274:Nirvana] အဖွဲ့၏အဆိုတော် Kurt Cobain တို့သည် သူတို့အသက် ၂၇ နှစ်တွင် တူညီစွာသေဆုံးခဲ့ကြသည်။

မိုက်ကယ်ဂျက်ဆင် ကိုနာမည်ကျော်စေခဲ့သော"Beat it"သီချင်းကို ရော့ခ်ကာကြီး Van Halen ကတီးပေးခဲ့ခြင်းဖြစ်သည်။

၁၉၇၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ နာမည်ကျော်တီးဝိုင်း ABBA ၏၀င်ငွေသည် Volvo ကားကုမ္ပဏီ၏၀င်ငွေထက်ကျော်လွန်နေခဲ့သည်။

Guns and Roses အဖွဲ့ မှ ဂီတာပညာရှင် Slash ၏ ၀ါသနာမှာ မြွေများကို အိမ်မွေးတိရိစ္ဆာန် အဖြစ်မွေးမြူခြင်းဖြစ်သည်။

led zeppelin အဖွဲ့မှ ဒရမ်မာ သည် အရက်အလွန်အကျွံသောက်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ သူသည် ၀ီစကီ ၁၈ လုံးကို တစ်ယောက်တည်းသောက်ပြီးနောက်နေ့နံနက်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဂီတနယ်ပယ်မှရရှိသောဝင်ငွေမှာ နှစ်စဉ်(၄) ဘီလီယံခန့်ရှိပြီး
တရားမ၀င်ဒေါင်းလုပ်ချမှုများကြောင့်ဆုံးရှုံးသောပမာဏမှာ ၄၀ ဘီလီယံခန့်ရှိသည်။

အင်တာနက်ပေါ်လာ ပြီးနောက်ပိုင်းတွင် သီချင်းခွေများရောင်းချရမှုပမာဏသည် လေးပုံသုံးပုံကျဆင်းခဲ့သည်။

၁၉၅၂ နှစ်တွင် တေးရေးဆရာ ဂျွန်ကေ့ခ်ျသည် လေးမိနစ်နှင့် ၃၃စက္ကန့်
ကြာသောမည်သည့်အသံမျှမပါသော(တိတ်ဆိတ်သံသက်သက်) သီချင်းတစ်ပုဒ်ကိုဖြန့်ချိခဲ့သည်။

ဖျော်ဖြေပွဲများတွင်သုံးသောစန္ဒရား(Grand piano) တစ်လုံးတွင်ပါရှိသည့်ကြိုးများ၏ စုစုပေါင်းတင်းအားမှာ တန် 
၃၀ ခန့်ရှိသည်။

ကမ္ဘာအငယ်ဆုံး ဂစ်တာသည် ၁၀ မိုက်ခရိုမီတာခန့်သာရှိပြီး 
တပ်ဆင်ထားသောကြိုးတစ်ချောင်းစီ၏အရွယ်အစားမှာ ၅၀ နာနိုမီတာသာရှိကာ Cornell University 
မှာသုတေသနကျောင်းသားများကတီထွင်ထားခြင်းဖြစ်သည်။ 

************************************************

ယခင်ဖော်ပြပြီးသားအကြောင်းအရာများကိုပါတစုတစည်းဖတ်ရှုနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫ (၁)
===================================
By International Music Crazies

၁။ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းမှာ တို့ဗမာသီချင်းသံစဉ်ကို စာသားပြောင်းထားခြင်းဖြစ်သည်။

၂။ မိုနာကို(Monaco)နိုင်ငံ၏ အမျိုးသားသံစုံတီးဝိုင်းသည် ယင်းနိုင်ငံ၏စစ်တပ်ထက်လူအင်အားကြီးမားသည်။

၃။ ဂျပန်နိုင်ငံ၏နိုင်ငံတော်သီချင်းမှာ စာကြောင်းလေးကြောင်းခန့်သာရှိပြီ ဂရိနိုင်ငံ၏နိုင်ငံတော်သီချင်းမှာ (verse)အပိုဒ်ပေါင်း ၁၅၈ ပိုဒ်ရှိသည်။

၎။ ဘီဘီစီရေဒီယိုမှ ပထမဦးဆုံးထုတ်လွှင့်ခဲ့သောသီချင်းမှာ The Move အဖွဲ့၏ Flower In the rain သီချင်းဖြစ်သည်။

၅။ ရက်ပါကြီး Jay Z သူဆိုမယ့်သီချင်းစာသားကိုတစ်ခါမှချမရးပါဘူး။ ဒီအတိုင်းလက်တန်းဆိုတာပါတဲ့။

၆။ စီဒီချပ်များကို ၁၉၈၀ ခုနှစ်ကတည်းက Sony နှင့် Phillips ကုမ္ပဏီတို့ကထုတ်လုပ်ခဲ့သည်။

၇။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတတူရိယာပစ္စည်းမှာ ဘာဂျာဖြစ်သည်။

၈။ ဂီတပညာရှင်ကြီး မိုးဇက်သည် အသက် ၄နှစ်ကပင် စန္ဒရားနှင့်တီးရသော ပြဇတ်သီချင်းတစ်ပုဒ်ကိုရေးစပ်ခဲ့သည်။

၉။ ဂီတပညာရှင်ကြီး မိုးဇက်၏ရုပ်အလောင်းကို မည့်သည့်နေရာတွင်မြှပ်နှံထားသည်ကို မည်သူမှမသိကြ။

၁၀။ ခြများသည် ဟဲဗီးမက်တယ် သီချင်းများကိုနားထောင်နေချိန်တွင် သစ်သား(အစာ)စားနှုန်းနှစ်ဆပိုမြန်ကြသည်။

၁၁။ ပထမဦးဆုံးဂရမ်မီဆုပေးပွဲကို ၁၉၅၉ မေလ ၄ရက်နေ့မှာကျင်းပခဲ့သည်။

၁၂။ အမေရိကန်သည် ကမ္ဘာ့ဂီတဈေးကွက်၏ ၃၀ % ကျော်ကိုတစ်ဦးတည်းပိုင်ဆိုင်ထားသည်။

၁၃။ ကမ္ဘာအရှည်ဆုံး သီချင်းခေါင်းစဉ် မှာ (Space များပါအပါအ၀င်)စာလုံးရေ ၃၀၅လုံး ရှိပြီး ဆွီဒင်နိုင်ငံမှ Rednex အဖွဲ့၏သီချင်းဖြစ်သည်။ 
"The Sad But True Story Of Ray Mingus, The Lumberjack Of Bulk Rock City, And His Never Slacking Stribe In Exploiting The So Far 
Undiscovered Areas Of The Intention To Bodily Intercourse From The Opposite Species Of His Kind, During Intake Of All The Mental
Condition That Could Be Derived From Fermentation."

၁၄။ ကမ္ဘာအရှည်ဆုံး သီချင်းမှာ Bull of Heaven အဖွဲ့၏ The Chosen Priest and Apostle of Infinite Space ဖြစ်ပြီး နှစ်လကျော်ကြာရှည်သည်။

၁၅။ လက်ရှိ American Idol ဒိုင်လူကြီး မာရီယာကာရေးသည် အထက်တန်းတုန်းက လူတောမတိုးတဲ့ကောင်မလေး ဟုနောက်ပြောင်အနိုင်ကျင့်ခံခဲ့ရသည်။

၁၆။ ပထမဦးဆုံး အချပ်ရေ ၁သိန်းရောင်းချရသောအယ်လ်ဘမ်မှာ Harry Belafonte ၏ Calypso အယ်လ်ဘမ်ဖြစ်သည်။

အီလက်ထရောနစ်ဂစ်တာကိုစတင်တီထွင်ပြီး ပထမဦးဆုံး အီလက်ထရောနစ်ဂစ်တာကုမ္ပဏီ(Fender)ကို
တည်ထောင်ခဲ့သောပုဂ္ဂိုလ် လီယိုဖန်ဒါ (Leo Fender) သည် ဂီတာလုံးဝမတီးတတ်ပါ။

အဒဲလ် သည် Day Dreamer သီချင်းကို လိင်နှစ်မျိုးစလုံးကိုစိတ်ဝင်စားသော(Bisexual)
သူမ၏ရည်းစားဟောင်းအတွက်ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော် ဂီတပညာရှင်များဖြစ်ကြသော Jimi Hendrix, Janis Joplin, Jim Morrison နှင့် Nirvana အဖွဲ့၏အဆိုတော် Kurt Cobain တို့သည် သူတို့အသက် ၂၇ နှစ်တွင် တူညီစွာသေဆုံးခဲ့ကြသည်။

မိုက်ကယ်ဂျက်ဆင် ကိုနာမည်ကျော်စေခဲ့သော"Beat it"သီချင်းကို ရော့ခ်ကာကြီး Van Halen ကတီးပေးခဲ့ခြင်းဖြစ်သည်။

၁၉၇၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ နာမည်ကျော်တီးဝိုင်း ABBA ၏၀င်ငွေသည် Volvo ကားကုမ္ပဏီ၏၀င်ငွေထက်ကျော်လွန်နေခဲ့သည်။

Guns and Roses အဖွဲ့ မှ ဂီတာပညာရှင် Slash ၏ ၀ါသနာမှာ မြွေများကို အိမ်မွေးတိရိစ္ဆာန် အဖြစ်မွေးမြူခြင်းဖြစ်သည်။

led zeppelin အဖွဲ့မှ ဒရမ်မာ သည် အရက်အလွန်အကျွံသောက်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ သူသည် ၀ီစကီ ၁၈ လုံးကို တစ်ယောက်တည်းသောက်ပြီးနောက်နေ့နံနက်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဂီတနယ်ပယ်မှရရှိသောဝင်ငွေမှာ နှစ်စဉ်(၄) ဘီလီယံခန့်ရှိပြီး
တရားမ၀င်ဒေါင်းလုပ်ချမှုများကြောင့်ဆုံးရှုံးသောပမာဏမှာ ၄၀ ဘီလီယံခန့်ရှိသည်။

အင်တာနက်ပေါ်လာ ပြီးနောက်ပိုင်းတွင် သီချင်းခွေများရောင်းချရမှုပမာဏသည် လေးပုံသုံးပုံကျဆင်းခဲ့သည်။

၁၉၅၂ နှစ်တွင် တေးရေးဆရာ ဂျွန်ကေ့ခ်ျသည် လေးမိနစ်နှင့် ၃၃စက္ကန့်
ကြာသောမည်သည့်အသံမျှမပါသော(တိတ်ဆိတ်သံသက်သက်) သီချင်းတစ်ပုဒ်ကိုဖြန့်ချိခဲ့သည်။

ဖျော်ဖြေပွဲများတွင်သုံးသောစန္ဒရား(Grand piano) တစ်လုံးတွင်ပါရှိသည့်ကြိုးများ၏ စုစုပေါင်းတင်းအားမှာ တန်
၃၀ ခန့်ရှိသည်။

ကမ္ဘာအငယ်ဆုံး ဂစ်တာသည် ၁၀ မိုက်ခရိုမီတာခန့်သာရှိပြီး
တပ်ဆင်ထားသောကြိုးတစ်ချောင်းစီ၏အရွယ်အစားမှာ ၅၀ နာနိုမီတာသာရှိကာ Cornell University
မှာသုတေသနကျောင်းသားများကတီထွင်ထားခြင်းဖြစ်သည်။

************************************************

ယခင်ဖော်ပြပြီးသားအကြောင်းအရာများကိုပါတစုတစည်းဖတ်ရှုနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။

************************************************

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫ (၁)
===================================
By International Music Crazies

၁။ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းမှာ တို့ဗမာသီချင်းသံစဉ်ကို စာသားပြောင်းထားခြင်းဖြစ်သည်။

၂။ မိုနာကို(Monaco)နိုင်ငံ၏ အမျိုးသားသံစုံတီးဝိုင်းသည် ယင်းနိုင်ငံ၏စစ်တပ်ထက်လူအင်အားကြီးမားသည်။

၃။ ဂျပန်နိုင်ငံ၏နိုင်ငံတော်သီချင်းမှာ စာကြောင်းလေးကြောင်းခန့်သာရှိပြီ ဂရိနိုင်ငံ၏နိုင်ငံတော်သီချင်းမှာ (verse)အပိုဒ်ပေါင်း ၁၅၈ ပိုဒ်ရှိသည်။

၎။ ဘီဘီစီရေဒီယိုမှ ပထမဦးဆုံးထုတ်လွှင့်ခဲ့သောသီချင်းမှာ The Move အဖွဲ့၏ Flower In the rain သီချင်းဖြစ်သည်။

၅။ ရက်ပါကြီး Jay Z သူဆိုမယ့်သီချင်းစာသားကိုတစ်ခါမှချမရးပါဘူး။ ဒီအတိုင်းလက်တန်းဆိုတာပါတဲ့။

၆။ စီဒီချပ်များကို ၁၉၈၀ ခုနှစ်ကတည်းက Sony နှင့် Phillips ကုမ္ပဏီတို့ကထုတ်လုပ်ခဲ့သည်။

၇။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတတူရိယာပစ္စည်းမှာ ဘာဂျာဖြစ်သည်။

၈။ ဂီတပညာရှင်ကြီး မိုးဇက်သည် အသက် ၄နှစ်ကပင် စန္ဒရားနှင့်တီးရသော ပြဇတ်သီချင်းတစ်ပုဒ်ကိုရေးစပ်ခဲ့သည်။

၉။ ဂီတပညာရှင်ကြီး မိုးဇက်၏ရုပ်အလောင်းကို မည့်သည့်နေရာတွင်မြှပ်နှံထားသည်ကို မည်သူမှမသိကြ။

၁၀။ ခြများသည် ဟဲဗီးမက်တယ် သီချင်းများကိုနားထောင်နေချိန်တွင် သစ်သား(အစာ)စားနှုန်းနှစ်ဆပိုမြန်ကြသည်။

၁၁။ ပထမဦးဆုံးဂရမ်မီဆုပေးပွဲကို ၁၉၅၉ မေလ ၄ရက်နေ့မှာကျင်းပခဲ့သည်။

၁၂။ အမေရိကန်သည် ကမ္ဘာ့ဂီတဈေးကွက်၏ ၃၀ % ကျော်ကိုတစ်ဦးတည်းပိုင်ဆိုင်ထားသည်။

၁၃။ ကမ္ဘာအရှည်ဆုံး သီချင်းခေါင်းစဉ် မှာ (Space များပါအပါအ၀င်)စာလုံးရေ ၃၀၅လုံး ရှိပြီး ဆွီဒင်နိုင်ငံမှ Rednex အဖွဲ့၏သီချင်းဖြစ်သည်။
"The Sad But True Story Of Ray Mingus, The Lumberjack Of Bulk Rock City, And His Never Slacking Stribe In Exploiting The So Far
Undiscovered Areas Of The Intention To Bodily Intercourse From The Opposite Species Of His Kind, During Intake Of All The Mental
Condition That Could Be Derived From Fermentation."

၁၄။ ကမ္ဘာအရှည်ဆုံး သီချင်းမှာ Bull of Heaven အဖွဲ့၏ The Chosen Priest and Apostle of Infinite Space ဖြစ်ပြီး နှစ်လကျော်ကြာရှည်သည်။

၁၅။ လက်ရှိ American Idol ဒိုင်လူကြီး မာရီယာကာရေးသည် အထက်တန်းတုန်းက လူတောမတိုးတဲ့ကောင်မလေး ဟုနောက်ပြောင်အနိုင်ကျင့်ခံခဲ့ရသည်။

၁၆။ ပထမဦးဆုံး အချပ်ရေ ၁သိန်းရောင်းချရသောအယ်လ်ဘမ်မှာ Harry Belafonte ၏ Calypso အယ်လ်ဘမ်ဖြစ်သည်။
 
By International Music Crazies
Rangonnewsdaily
RND:  :14.3.2013
 
0 comments:

Post a Comment