Pages

Thursday, March 14, 2013

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လက်ပန်တောင်းတောင် အနီးတ၀ိုက်ရွာများမှ ဒေသခံများနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ယနေ့တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ခဲ့သော ရွာများထဲရွာသစ်၊ဒုံးတော၊ကံကုန်း၊ကျော်ရွာ၊မိုးကြိုးပြင်ရွာများတွင် ကော်မရှင်၏အစီရင်ခံစာအကြောင်း ရှင်းလင်းပြောကြားချက်များကို ကျေနပ်လက်ခံခဲ့ကြပြီး ဆည်တဲရွာဟောင်းတစ်ရွာတွင်သာ လက်မခံခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ စုံစမ်းစစ်ဆေးရေးအပြီးသတ်အစီရင်ခံစာအကောင်အထည်ဖော်မည့် ကော်မတီအဖွဲ့ဝင်များသည်မနက်ဖန်(မတ်၁၅)ရက်တွင်ထိုဒေသသို့လာရောက်ကာလျာ်ကြေးကိစ္စများနှင့် အခြားကိစ္စများပြေလည်အောင်လာရောက်ကာ ၃ရက်ကြာ ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ကြောင်း သတင်းထောက်ကသတင်းပေးပို့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည်မုံရွာမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖြစ် မလုပ်ဖြစ်မှာ မသေချာသေးပေ။
7days News:
Rangonnewsdaily
RND:  :14.3.2013 

0 comments:

Post a Comment