Pages

Thursday, March 14, 2013

လက်ပန်တောင်းတောင် အရေးနှင့်ပတ်သတ်ပြီး “ရှေ့ နေကြီး ဦးအောင်သိန်းရဲ့  ဝေဖန်သုံးသပ်ချက်”

“ရှေ့ နေကြီး ဦးအောင်သိန်းရဲ့  ဝေဖန်သုံးသပ်ချက်”

ဒေသခံတွေရဲ့ ဆန္ဒသဘောထားကတော့ ရှင်းနေတာပါဘဲ။ ကော်မရှင်ရဲ့ 
အစီရင်ခံစာဟာ မည်သို့ ပင်ပြောစေကာမူ သူတို့ ကတော့ သူတို့ ရဲ့ 
ဒေသတွင်းကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက်သွားစေချင်တယ်။ 
ဒီကြေးနီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်စေတယ်ဆိုတာ ငြင်းလို့ မရတဲ့
အချက်ပါ။ မြစ်ချောင်းတွေအနီးမှာ တူးဖော်နေတဲ့အတွက်ကြောင့် မြစ်ရေတွေပါ
ညစ်ညမ်းပြီး ဟိုးဧရာဝတီမြစ်အဆုံးထိ ပတ်ဝန်းကျင်ကိုထိခိုက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ဒီစီမံကိန်းကြီးဟာ
ရပ်သင့်လား မရပ်သင့်ဘူးလားဆိုတာ ထိထိရောက်ရောက်ထပ်ပြီးသုံးသပ်
သင့်ပါတယ်။ ထွက်ပေါ်လာတဲ့အစီရင်ခံစာအပေါ်မှာ ပြန်သုံးသပ်ပြီး ပြုပြင်
လုပ်ဆောင်သင့်တယ်။ စာချုပ်တစ်စောင်ဆိုတာကလည်း ဘယ်လောက်ဘဲ
သဘောတူညီချက်တွေပေးပေး၊ ဘက်နှစ်ဖက် မညီမျှဘူး တစ်ဖက်သတ်
ကျတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းဥပဒေအရတောင် ပယ်ဖျက်နိုင်တဲ့
အနေအထားတွေရှိပါတယ်။ အဲဒီစာချုပ်က နိုင်ငံတကာစံညွှန်းနဲ့ ညီတဲ့စာချုပ်
ဖြစ်မဖြစ်ဆိုတာကို နိုင်ငံတကာကဥပဒေခုံရုံးကိုလည်း တင်ပြသင့်တယ်။

အခုဟာက ဒီစီမံကိန်းကြီးကို အဲဒီမှာနေတဲ့ ပြည်သူတွေကိုယ်တိုင်က
လက်မခံနိုင်တာပါ။ အရင်ကတော့ သူတို့ ဟာ နားမလည်ခဲ့ဘူး။ အခုမှ
အတွေးအမြင် ဗဟုသုတတွေရှိလာတော့ ဒါကြီးက အန္တရာယ်ဘယ်လောက်
ကြီးမားသလဲဆိုတာ သူတို့ သိလာပြီ။ ဒီကြေးနီတူးဖော်ရေးလုပ်ငန်းကြီးကို
ရပ်ဆိုင်းသင့်တယ်လို့ ဒေသခံတွေ တင်ပြတာဟာ မမှားပါဘူး။ ဒေသခံလူထုက
ထိုက်သင့်တဲ့လျော်ကြေးငွေ မရရှိလို့ ၊ ထိုက်သင့်တဲ့ အလုပ်အကိုင်
အခွင့်အလမ်းတွေ မရရှိလို့  မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမှုများပေါ်ပေါက်လာတယ်
လို့ ဘဲ ကော်မရှင်ရဲ့ အစီရင်ခံစာမှာဖော်ပြထားတာကလည်း ကော်မရှင်က
ဘယ်သူတွေဘယ်နှဦးလောက်ကို ဘယ်လိုမေးမြန်းလဲမှ မသိဘဲ။ အခုဟာက
အုံနဲ့ ကျင်းနဲ့ ဗျာ၊ သပိတ်စခန်းတွေဖွင့်ပြီးတော့ ဆန္ဒထုတ်ဖော်ပြီးပြောနေတာ။
အဲဒီတော့ အခုထွက်ပေါ်လာတဲ့အစီရင်ခံစာက လက်ပံတောင်းတောင်မှာရှိတဲ့
ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့ ဆန့် ကျင်နေပါတယ်။

ဦးအောင်သိန်း
(မြန်မာနိုင်ငံရှေ့ နေများကွန်ရက်၊ တရားလွှတ်တော်ရှေ့ နေ)

ဒေသခံတွေရဲ့ ဆန္ဒသဘောထားကတော့ ရှင်းနေတာပါဘဲ။ ကော်မရှင်ရဲ့  အစီရင်ခံစာဟာ မည်သို့ ပင်ပြောစေကာမူ သူတို့ ကတော့ သူတို့ ရဲ့  ဒေသတွင်းကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက်သွားစေချင်တယ်။ ဒီကြေးနီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်စေတယ်ဆိုတာ ငြင်းလို့ မရတဲ့
အချက်ပါ။ မြစ်ချောင်းတွေအနီးမှာ တူးဖော်နေတဲ့အတွက်ကြောင့် မြစ်ရေတွေပါ ညစ်ညမ်းပြီး ဟိုးဧရာဝတီမြစ်အဆုံးထိ ပတ်ဝန်းကျင်ကိုထိခိုက်လာနိုင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ဒီစီမံကိန်းကြီးဟာ ရပ်သင့်လား မရပ်သင့်ဘူး
လားဆိုတာ ထိထိရောက်ရောက်ထပ်ပြီးသုံးသပ် သင့်ပါတယ်။ ထွက်ပေါ်လာတဲ့အစီရင်ခံစာအပေါ်မှာ ပြန်သုံးသပ်ပြီး ပြုပြင် လုပ်ဆောင်သင့်တယ်။ 
 
စာချုပ်တစ်စောင်ဆိုတာကလည်း ဘယ်လောက်ဘဲ သဘောတူညီချက်တွေပေးပေး၊ ဘက်နှစ်ဖက် မညီမျှဘူး တစ်ဖက်သတ် ကျတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းဥပဒေအရတောင် ပယ်ဖျက်နိုင်တဲ့ အနေ
အထားတွေရှိပါတယ်။အဲဒီစာချုပ်ကနိုင်ငံတကာစံညွှန်းနဲညီတဲ့စာချုပ် ဖြစ်မဖြစ်ဆိုတာကို နိုင်ငံတကာက
ဥပဒေခုံရုံးကိုလည်း တင်ပြသင့်တယ်။

အခုဟာက ဒီစီမံကိန်းကြီးကို အဲဒီမှာနေတဲ့ ပြည်သူတွေကိုယ်တိုင်က လက်မခံနိုင်တာပါ။ အရင်ကတော့ သူတို့ ဟာ နားမလည်ခဲ့ဘူး။ အခုမှ အတွေးအမြင် ဗဟုသုတတွေရှိလာတော့ ဒါကြီးက အန္တရာယ်ဘယ်လောက် ကြီးမားသလဲဆိုတာသူတို သိလာပြီ။ ဒီကြေးနီတူးဖော်ရေးလုပ်ငန်းကြီးကို ရပ်ဆိုင်း
သင့်တယ်လို့ ဒေသခံတွေ တင်ပြတာဟာ မမှားပါဘူး။
 
 ဒေသခံလူထုက ထိုက်သင့်တဲ့လျော်ကြေးငွေ မရရှိလို့ ၊ ထိုက်သင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရ
ရှိလိုမကျေမနပ်ဖြစ်ပြီးဆန္ဒပြမှုများပေါ်ပေါက်လာတယ် လို့ ဘဲ ကော်မရှင်ရဲ့ အစီရင်ခံစာမှာဖော်ပြထားတာ
ကလည်း ကော်မရှင်က ဘယ်သူတွေဘယ်နှဦးလောက်ကို ဘယ်လိုမေးမြန်းလဲမှ မသိဘဲ။ အခုဟာက အုံနဲ့ 
ကျင်းနဲ့ ဗျာ၊ သပိတ်စခန်းတွေဖွင့်ပြီးတော့ ဆန္ဒထုတ်ဖော်ပြီးပြောနေတာ။ အဲဒီတော့ အခုထွက်ပေါ်လာတဲ့
အစီရင်ခံစာက လက်ပံတောင်းတောင်မှာရှိတဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့ ဆန့် ကျင်နေပါတယ်။

ဦးအောင်သိန်း
(မြန်မာနိုင်ငံရှေ့ နေများကွန်ရက်၊ တရားလွှတ်တော်ရှေ့ နေ)

Rangonnewsdaily
RND:  :14.3.2013

0 comments:

Post a Comment