Pages

Thursday, March 14, 2013

"မြန်မာ့အစားအစာနှင့် ပွဲတော်ရက်များကို ကမ္ဘာကသိစေရန် ဟော်လန်နှင့်ပူးပေါင်း၍ ပြိုင်ပွဲများကျင်းပမည်"

မြန်မာအစားအစာနှင့် ပွဲတော်ရက်များကို ကမ္ဘာကသိစေရန်အတွက် ရည်ရွယ်၍ ဟော်လန်အဖွဲ့နှင့်ပူးပေါင်းမှု စတင်တော့မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ဟော်လန် Global Brand Indentity Network နှင့်ပူးပေါင်းခြင်းဖြစ်ကာ ခရီးသွားဈေးကွက် မြှင့်တင်ရန် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ မေမှ အောက်တိုဘာလကြား တွင် အစားအစာပြိုင်ပွဲများကျင်းပ ၍ လူရွေးမည် ဖြစ်သည်။

”ပြိုင်ပွဲကြီးကိုတော့ မြို့လေး မြို့က နိုင်လာတဲ့လူတွေ ရွေးပြီး ရန်ကုန်မှာ လုပ်မယ်။ အခုကတည်း ကစပြီး လုပ်ဆောင်ဖို့ စီစဉ်နေပြီ” ဟု ၎င်းက ဆက်ပြောသည်။အစားအစာနှင့် ပတ်သက် သည့် ပြိုင်ပွဲကို ရန်ကုန်၊ နေပြည် တော်၊ တောင်ကြီးနှင့် မန္တလေးမြို့ ကြီးများတွင် ကျင်းပသွားမည် ဖြစ်ပြီး နောက်ဆုံးနိုင်သည့် သူအားလုံး ကိုရွေးချယ်၍ ရန်ကုန်တွင် နောက် ဆုံးပြိုင်ပွဲကြီး ယှဉ်ပြိုင်မည်ဖြစ်သည် ဟု သိရသည်။

ယခု ကျင်းပမည့်အစားအစာ ပြိုင်ပွဲသည် ဟော်လန်၏ Global Brand Indentity Network တွင် မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ် နေ ရာသစ်များ၊ ပွဲတော်ရက်များအကြောင်းနှင့်အစားအစာများကို နိုင်ငံတကာတွင် ကြေညာမိတ်ဆက် ပေးမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန် အတွက် သုံးနှစ်သက်တမ်းရှိ သ ဘောတူစာချုပ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ခိုင်နွယ်ဦး
Popular Myanmar News:
 

0 comments:

Post a Comment