Pages

Wednesday, October 16, 2013

အားကစားကို အာရုံစိုက်လိုသဖြင့် အချစ်ရေးကို အဆုံးသတ်ခဲ့သည့် ကြယ်ပွင့်နှစ်ဦး

Photo: အားကစားကို အာရုံစိုက်လိုသဖြင့် အချစ်ရေးကို အဆုံးသတ်ခဲ့သည့် ကြယ်ပွင့်နှစ်ဦး
Wednesday, October 16, 2013

အားကစား ကဏ္ဍကို ပိုမို အာရုံစိုက်လိုသဖြင့် ထိပ်တန်းအဆင့် အားကစား မောင်မယ်နှစ်ဦး၏ အချစ်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း သိရှိရသည်။ မြောက်အိုင်ယာလန်သား ရိုရီမက်အီလိုရီသည် ကမ္ဘာ့
အဆင့်(၁) ဂေါက်သီး အားကစားသမား ဖြစ်လာရန် မျှော်မှန်းနေပြီးနောက် ၎င်း၏ ပုံစံကောင်းကို အာရုံစူးစိုက် တည်ဆောက်နိုင်ရန် ကာရိုလင်း
ဝေါ့ဇ်နီရက်ကီကို လမ်းခွဲစကား ပြောဆိုခဲ့ကြောင်း သတင်းများက
ဖော်ပြသည်။

ဒိန်းမတ်သူ တင်းနစ်မယ်သည် ကမ္ဘာ့အဆင့်(၁) နေရာတွင် ယခင်က သီတင်းပတ်များစွာ ဦးဆောင် ရပ်တည်ခဲ့ဖူးသည်။ အဓိက ပြိုင်ပွဲကြီး (၂)ရပ်တွင် ဗိုလ်စွဲဖူးသည့် အသက်(၂၄)နှစ်ရှိ ဂေါက်သီးကြယ်ပွင့်၏ ဆုံးဖြတ်ချက်သည် ဝေါ့ဇ်နီရက်ကီကို တုန်လှုပ် ဝမ်းနည်းစေခဲ့ကြောင်းလည်း နီးစပ်သူများက ပြောကြားခဲ့သည်။

အသက်(၂၃)နှစ်ရှိ တင်းနစ်မယ်သည် မက်အီလိုရီ၏ သဘောထားကိုမူ နားလည်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းစုံတွဲနှင့် နီးစပ်သူများက "ဟုတ်ပါတယ်။ သူတို့နှစ်ယောက် ဇာတ်လမ်းက ပြီးသွားပါပြီ။ နှစ်ယောက်
စလုံးအတွက် ခက်ခဲလွန်းတဲ့ အခြေအနေပါပဲ။ ဒါပေမဲ့ ရေရှည်အတွက်တော့ ဒီဆုံးဖြတ်ချက်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်"ဟု ပြော
ကြားခဲ့သည်။

ဝေါ့ဇ်နီရက်ကီ၏ သူငယ်ချင်း တစ်ဦးက "မျက်ရည်မဆည်နိုင်စရာ အခြေအနေတွေ အများကြီးပါ။ ဝေါ့ဇ်နီရက်ကီဟာ သူ့ရဲ့ Social Network Accountတွေမှာ နှစ်ယောက်တူတူ ပျော်ရွှင်ခဲ့တုန်းက ဓာတ်ပုံတွေကို Profile Picture အနေနဲ့ တင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောနိုင်တာ သူတို့နှစ်ယောက်ဟာ ခုချိန်မှာ တသီးတခြား ဖြစ်နေပြီ ဆိုတာပါပဲ"ဟု အတည်ပြုခဲ့သည်။ မက်အီလိုရီ၏ မိတ်ဆွေ တစ်ဦးက "သူက ဝေါ့ဇ်နီရက်ကီ
အပေါ် တကယ့်ကို လေးစား တန်ဖိုးထားပါတယ်။ သူတို့နှစ်ယောက် အတူတွဲ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကလည်း ပျော်စရာပါပဲ။ သူ့ဆန္ဒက
ဝေါ့ဇ်နီရက်ကီကို အကောင်းဆုံးကလွဲလို့ ဘာနဲ့မှ မနီးစပ်စေချင်ဘူးလေ"ဟု
ပြောဆိုသွားခဲ့သည်။

Planet Myanmar Network


RangonNewsDaily:: October. 16 .2013
အားကစား ကဏ္ဍကို ပိုမို အာရုံစိုက်လိုသဖြင့် ထိပ်တန်းအဆင့် အားကစား မောင်မယ်နှစ်ဦး၏ အချစ်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း သိရှိရသည်။
မြောက်အိုင်ယာလန်သား ရိုရီမက်အီလိုရီသည် ကမ္ဘာ့ အဆင့်(၁) ဂေါက်သီး အားကစားသမား ဖြစ်လာရန်

မျှော်မှန်းနေပြီးနောက်၎င်း၏ပုံစံကောင်းကို အာရုံစူးစိုက် တည်ဆောက်နိုင်ရန် ကာရိုလင်းဝေါ့ဇ်နီရက်ကီ
 လမ်းခွဲစကား ပြောဆိုခဲ့ကြောင်း သတင်းများကဖော်ပြသည်။

ဒိန်းမတ်သူတင်းနစ်မယ်သည်ကမ္ဘာ့အဆင့်(၁) နေရာတွင် ယခင်က သီတင်းပတ်များစွာ ဦးဆောင် ရပ်တည်
ခဲ့ဖူးသည်။ အဓိက ပြိုင်ပွဲကြီး (၂)ရပ်တွင် ဗိုလ်စွဲဖူးသည့် အသက်(၂၄)နှစ်ရှိ ဂေါက်သီးကြယ်ပွင့်၏ ဆုံးဖြတ်
ချက်သည် ဝေါ့ဇ်နီရက်ကီကို တုန်လှုပ် ဝမ်းနည်းစေခဲ့ကြောင်းလည်း နီးစပ်သူများက ပြောကြားခဲ့သည်။

အသက်(၂၃)နှစ်ရှိ တင်းနစ်မယ်သည် မက်အီလိုရီ၏ သဘောထားကိုမူနားလည်ပေးနိုင်ခဲ့ကြောင်း သိရသည်
။ ယင်းစုံတွဲနှင့် နီးစပ်သူများက "ဟုတ်ပါတယ်။ သူတို့နှစ်ယောက် ဇာတ်လမ်းက ပြီးသွားပါပြီ။ နှစ်ယောက်စ
လုံးအတွက် ခက်ခဲလွန်းတဲ့ အခြေအနေပါပဲ။ ဒါပေမဲ့ ရေရှည်အတွက်တော့ ဒီဆုံးဖြတ်ချက်က အကောင်းဆုံး
 ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

ဝေါ့ဇ်နီရက်ကီ၏ သူငယ်ချင်း တစ်ဦးက "မျက်ရည်မဆည်နိုင်စရာ အခြေအနေတွေ အများကြီးပါ။ ဝေါ့ဇ်နီရက်
ကီဟာ သူ့ရဲ့ Social Network Accountတွေမှာ နှစ်ယောက်တူတူ ပျော်ရွှင်ခဲ့တုန်းက ဓာတ်ပုံတွေကို Profile Picture အနေနဲ့ တင်ထားဆဲ ဖြစ်ပါတယ်။ 
ဒါပေမဲ့ ကျွန်မ ပြောနိုင်တာ သူတို့နှစ်ယောက်ဟာ ခုချိန်မှာ တသီးတခြား ဖြစ်နေပြီ ဆိုတာပါပဲ"ဟု အတည်ပြု
ခဲ့သည်။ မက်အီလိုရီ၏ မိတ်ဆွေ တစ်ဦးက "သူက ဝေါ့ဇ်နီရက်ကီအပေါ် တကယ့်ကို လေးစား တန်ဖိုးထားပါ
တယ်။ သူတို့နှစ်ယောက် အတူတွဲ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကလည်း ပျော်စရာပါပဲ။သူ့ဆန္ဒကဝေါ့ဇ်နီရက်ကီ
ကို အကောင်းဆုံးကလွဲလို့ ဘာနဲ့မှ မနီးစပ်စေချင်ဘူးလေ"ဟုပြောဆိုသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time