Pages

Wednesday, October 16, 2013

မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရလဒ်နှင့် တွေ့ကြုံစေ မည်ဟု မော်ရစ်ဆင် ဆို

Photo: မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရလဒ်နှင့် တွေ့ကြုံစေ မည်ဟု မော်ရစ်ဆင် ဆို
Wednesday, October 16, 2013

စနေနေ့တွင် မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားသည့် အခါတွင် ပြိုင်ဘက်အသင်းကို စိတ်ပျက်ဖွယ် ရလဒ်နှင့် တွေ့ကြုံစေရန် ရည်ရွယ်ထားကြောင်း ၀က်စ်ဟမ်း လူငယ်ကစားသမား ရာဗယ် မော်ရစ်ဆင်က ပြောကြားလိုက်သည်။

မော်ရစ်ဆင်သည် ယခုနှစ် ဘောလုံးရာသီတွင် ၀က်စ်ဟမ်းအသင်း၌ ခြေစွမ်းပြသနေပြီး အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းတွင်လည်း ခြေစွမ်းပြသနေသူ ဖြစ်သည်။

“မန်ချက်စတာစီးတီးနဲ့ ပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ကစားခဲ့ဖူးတယ်ဆိုပေမယ့် မန်ချက်စတာစီးတီးရဲ့ ပထမ ဆယ့်တစ်ယောက် အသင်းနဲ့ တစ်ခါမှ မကစားဖူးသေးပါဘူး။ တော့တင်ဟမ်နဲ့ ပွဲကလို တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အကောင်းဆုံး ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ တွေ့ကြုံစေမှာပါ” ဟု မော်ရစ်ဆင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၂၀ နှစ်အရွယ် ကွင်းလယ်ကစားသမားသည် အင်္ဂလန်က လစ်သူယေးနီးယားကို ၅ ဂိုးပြတ်ဖြင့် အနိုင်ခဲ့သည့် အသက် ၂၁ နှစ်အောက် ပွဲစဉ်တွင် လှပသည့် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 16 .2013
စနေနေ့တွင် မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားသည့် အခါတွင် ပြိုင်ဘက်အသင်းကို စိတ်ပျက်ဖွယ် ရလဒ်နှင့် တွေ့ကြုံစေရန် ရည်ရွယ်ထားကြောင်း ၀က်စ်ဟမ်း လူငယ်ကစားသမား ရာဗယ် မော်ရစ်ဆင်က ပြောကြားလိုက်သည်။ မော်ရစ်ဆင်သည် ယခုနှစ် ဘောလုံးရာသီတွင် ၀က်စ်ဟမ်းအသင်း၌ ခြေစွမ်းပြသနေပြီး အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းတွင်လည်း ခြေစွမ်းပြသနေသူ ဖြစ်သည်။

“မန်ချက်စတာစီးတီးနဲ့ ပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ကစားခဲ့ဖူးတယ်ဆိုပေမယ့် မန်ချက်စတာစီးတီးရဲ့ ပထမ ဆယ့်တစ်ယောက် အသင်းနဲ့ တစ်ခါမှ မကစားဖူးသေးပါဘူး။ တော့တင်ဟမ်နဲ့ ပွဲကလို တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အကောင်းဆုံး ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ တွေ့ကြုံစေမှာပါ” ဟု မော်ရစ်ဆင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၂၀ နှစ်အရွယ် ကွင်းလယ်ကစားသမားသည် အင်္ဂလန်က လစ်သူယေးနီးယားကို ၅ ဂိုးပြတ်ဖြင့် အနိုင်ခဲ့သည့် အသက် ၂၁ နှစ်အောက် ပွဲစဉ်တွင် လှပသည့် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment