Pages

Wednesday, October 16, 2013

ဗုံးပေါက်ကွဲမှုဖြစ်စဉ် များလာသောကြောင့် ရန်ကုန်ဘူတာကြီးတွင် အရပ်ဝတ်လုံခြုံရေးအင်အားတိုးမြှင့်

Photo: ဗုံးပေါက်ကွဲမှုဖြစ်စဉ် များလာသောကြောင့် ရန်ကုန်ဘူတာကြီးတွင် အရပ်ဝတ်လုံခြုံရေးအင်အားတိုးမြှင့် 
Wednesday, October 16, 2013

ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ နှင့် အခြားသောမြို့ များတွင် ဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိ နေမှုကြောင့် တစ်နေ့လျင် ခရီးသည်ဦးရေ  ၉သောင်းခန့် သွားလာလျက်ရှိသော ရန်ကုန်မြို့  ဘူတာကြီးတွင် အရပ်ဝတ် လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ကြောင်း ရထားရဲတပ်ဖွဲ့ အမှတ်(၁၃) တပ်ခွဲ ရန်ကုန်မီးရထား ရဲစခန်းမှ သိရသည်။

အရပ်ဝတ်လုံခြုံရေး အင်အားတိုးချဲ့ ချ ထားရာတွင် ရန်ကုန်မြို့   မြို့ ပတ်ရထား နှင့် ရထားလမ်းတစ်လျောက်ရှိ လမ်းဘူတာများတွင် ၂၄ နာရီ Round လှည့်ကာ တာဝန်ချထားကြောင်း အမှတ် (၁၃)  ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ပြောသည်။

“လက်ရှိအခြေအနေကြောင့် ကျွန်တော်တို့ အနေနဲ့  ရဲယူနီဖောင်းနဲ့ကော အရပ်ဝတ် လုံခြုံရေး အင်အားကိုပါ တိုးမြှင့် ချထားတယ်။ လှည့်ကင်းတွေကို အင်အားကော၊ အချိန်ကောပါ တိုးမြင့်ထားပါတယ် ကျွန်တော်တို့ချထားတဲ့ လုံခြုံရေး အင်အားကိုကျွန်တော်တို့ အနေနဲ့ တာဝန်အရ ပြောပြလို့ မရပါဘူး”ဟု အောင်ကျော်ဦး က ဆိုသည် ။

ယင်းကဲ့သို့ မကြာခဏ ဗုံးတွေမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အထက်မှ ယခင်ထက်လုံ ခြုံရေးအင်အား တိုးမြင့်ရန် တာဝန်ပေးအပ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

“ဒီဖြစ်စဉ်မတိုင်မီထဲက ကျွန်တော်တို့တွေ လုပ်နေရတာ ရှိပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့တွေ ပိုပြီးတော့ လုပ်လာရတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ တပ်ခွဲမှူးကနေပြီးတော့ လုံခြုံရေးတွေကို တိုးမြင့်ချ ထားဖို့တာဝန်ချထားတဲ့ ကင်းတွေကိုစစ်ဖို့ ခေါ်ပြောတာတော့ ရှိပါတယ်’’ဟု အမှတ်(၁၃) ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိများကြောင့် ရန်ကုန်တိုင်း ဒေသကြီးအား နိုင်ငံတော်အဆင့် လုံခြုံရေးသို့ တိုးမြင့်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရန်ကုန်တိုင်းဒေသကြီး အနေဖြင့်လည်း ဗုံးအန္တရာယ်အား သတိထားရန် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အသိပေးထုတ်ပြန်ထားစဉ်အတွင်း အောက်တိုဘာလ  ၁၅ ရက်နေ့  များတွင် ရန်ကုန်မြို့ နှင့်စစ် ကိုင်းတိုင်းဒေသကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။


နှင်းနွယ်
မြန်မာ့ခေတ်

RangonNewsDaily:: October. 16 .2013
ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ နှင့် အခြားသောမြို့ များတွင် ဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိ နေမှုကြောင့် တစ်နေ့လျင် ခရီးသည်ဦးရေ ၉သောင်းခန့် သွားလာလျက်ရှိသော ရန်ကုန်မြို့  ဘူတာကြီးတွင် အရပ်ဝတ် လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ကြောင်း ရထားရဲတပ်ဖွဲ့ အမှတ်(၁၃) တပ်ခွဲ ရန်ကုန်မီးရထား ရဲစခန်းမှ သိရသည်။ အရပ်ဝတ်လုံခြုံရေး အင်အားတိုးချဲ့ ချ ထားရာတွင် ရန်ကုန်မြို့  မြို့ ပတ်ရထား နှင့် ရထားလမ်းတစ်လျောက်ရှိ လမ်းဘူတာများတွင် ၂၄ နာရီ Round လှည့်ကာ တာဝန်ချထားကြောင်း အမှတ် (၁၃) ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ပြောသည်။

“လက်ရှိအခြေအနေကြောင့် ကျွန်တော်တို့ အနေနဲ့  ရဲယူနီဖောင်းနဲ့ကော အရပ်ဝတ် လုံခြုံရေး အင်အားကိုပါ တိုးမြှင့် ချထားတယ်။ လှည့်ကင်းတွေကို အင်အားကော၊ အချိန်ကောပါ တိုးမြင့်ထားပါတယ် ကျွန်တော်တို့ချထားတဲ့ လုံခြုံရေး အင်အားကိုကျွန်တော်တို့ အနေနဲ့ တာဝန်အရ ပြောပြလို့ မရပါဘူး”ဟု အောင်ကျော်ဦး က ဆိုသည် ။

ယင်းကဲ့သို့ မကြာခဏ ဗုံးတွေမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အထက်မှ ယခင်ထက်လုံ ခြုံရေးအင်အား တိုးမြင့်ရန် တာဝန်ပေးအပ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

“ဒီဖြစ်စဉ်မတိုင်မီထဲက ကျွန်တော်တို့တွေ လုပ်နေရတာ ရှိပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့တွေ ပိုပြီးတော့ လုပ်လာရတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ တပ်ခွဲမှူးကနေပြီးတော့ လုံခြုံရေးတွေကို တိုးမြင့်ချ ထားဖို့တာဝန်ချထားတဲ့ ကင်းတွေကိုစစ်ဖို့ ခေါ်ပြောတာတော့ ရှိပါတယ်’’ဟု အမှတ်(၁၃) ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိများကြောင့် ရန်ကုန်တိုင်း ဒေသကြီးအား နိုင်ငံတော်အဆင့် လုံခြုံရေးသို့ တိုးမြင့်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရန်ကုန်တိုင်းဒေသကြီး အနေဖြင့်လည်း ဗုံးအန္တရာယ်အား သတိထားရန် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အသိပေးထုတ်ပြန်ထားစဉ်အတွင်း အောက်တိုဘာလ ၁၅ ရက်နေ့  များတွင် ရန်ကုန်မြို့ နှင့်စစ် ကိုင်းတိုင်းဒေသကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။


နှင်းနွယ်
မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment