Pages

Friday, November 16, 2012

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အီဟွတ်ဘာရတ်က နိုင်ငံအတွင်းရှိ အရန်စစ်မှုထမ်း (၃၀၀၀၀)ကျော်
ကို တပ်လှန့်မှု ပြုလုပ်ထားလိုက်ကြောင်း သိရှိရသည်။ ဂါဇာဒေသတွင် မြေပြင်ထိုးစစ် စတင်ရန် လိုအပ်မည့် အလားအလာများ ပေါ်ပေါက်လာသည့်နောက်ဘာရက်ကအရန်တပ်များကိုစုစည်းထားရန် စေခိုင်းခဲ့ခြင်း ဖြစ်
သည်။
လတ်တလောတွင် အစ္စရေးလေတပ်သည် ဂါဇာတွင် ညပိုင်း၌ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်မှုများ ပြု
လုပ်နေဆဲ ဖြစ်သည်။


အစ္စရေးစစ်တပ်၏ တရားဝင် Twitter စာမျက်နှာတွင် "တကယ့် အရေးယူမှု မတင်သေးပေမယ့် အစ္စရေးဟာ လိုအပ်တဲ့ စီမံမှုတွေ လုပ်ထားပါပြီ။ ကြာသပတေးနေ့မှာ သက်ဆိုင်ရာ ဒေသအသီးသီးက အရပ်သားတွေကို ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်"ဟု ဖော်ပြခဲ့သည်။

ဂါဇာတွင် ခိုအောင်းနေသည့် ပါလက်စတိုင်း စစ်သွေးကြွများက အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့်ရန်စတိုက်
ခိုက်မှုများ ဆက်တိုက်ပေါ်ပေါက်လာချိန်တွင် အစ္စရေးက တုံ့ပြန်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ စစ်သွေးကြွ
များက ဂါဇာမှ မြောက်ဘက် (၄၅)မိုင်မျှ အကွာရှိ တဲလ်အဗစ်ဗ်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။


အီဂျစ် ဝန်ကြီးချုပ် ဟီရှမ်ကွန်ဒီလ်သည် ဂါဇာဒေသသို့ သွားရောက်ကာ ပြည်သူများကို ထောက်ခံမှု ပြသရန် စီစဉ်နေကြောင်းလည်း သိရသည်။ အစ္စရေး လေတပ်သည် ဂါဇာရှိ စစ်ဘက်ပစ်မှတ်များကို ဗုံးကြဲနေဆဲဖြစ်
ပြီး ဗုဒ္ဓဟူးနေ့က အစ္စလာမ် စစ်သွေးကြွ အဖွဲ့တစ်ခု၏ ခေါင်းဆောင် အာမက် ဂျဘာရီကို သုတ်သင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။


ကြာသပတေးနေ့ ညပိုင်းက ဟားမတ်စ် စစ်သွေးကြွတို့က မိမိတို့သည် ဂါဇာဒေသမှ ဒုံးကျည် (၃၅၀)ကို အစ
္စရေးသို့ ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကမူ ပိုင်နက်ထဲ ဒုံးကျည်အ
ရအတွက် မည်မျှထိ ကျူးကျော်လာသည်ကို အတိအကျ မပြောဆိုဘဲ မိမိတို့၏ Iron Dome ဒုံးကျည်ကာကွယ်
ရး စနစ်က ဒုံးကျည်အစင်းရေ (၁၃၀)ကို တားဆီးပစ်ချနိုင်ခဲ့ကြောင်းသာ ကြေညာသွားသည်။

မျက်မြင်များ၏ အဆိုအရဒုံးကျည်တစ်စင်းသည်လူသူအရောက်အပေါက်ကျဲပါးသောနေရာတွင်ကျ
ရောက် ပေါက်ကွဲခဲ့ကြောင်းမူ သိရှိရသည်။

Source: BBC

0 comments:

Post a Comment