Pages

Sunday, February 17, 2013

ရရင်လုပ်ပေးပါတယ်... (ဟာသ)

မြန်မာ့လေကြောင်းလိုင်း လက်မှတ်အရောင်းဌာန သို့ မြန်မာစကားတတ်သော နိုင်ငံခြားသားတစ်ဦးရောက်လာ၏။

သူ၏ ပတ်စပို့ ထဲသို့ ငွေကျပ် တစ်သောင်း ထည့်ကာ စာရေးမဆီသို့ပေးလိုက်၏။

" ညီမလေး၊နေပြည်တော်....ကိုသွားဖို့လက်မှတ်တစ်ဆောင်လောက် ရောင်းပါ " စာရေးမက......" လက်မှတ်ကုန်ပြီရှင့် "

နိုင်ငံခြားသားလည်း နောက်ထပ် ငွေ တစ်သောင်း ပေးလိုက်သည်။

" ညီမလေး...ကြိုးစားပေးပါဦး၊ အင်မတန်အရေးကြီးလို့ပါ "

စာရေးမ က တယ်လီဖုန်းကို ကောက်ကိုင်လိုက်၏။

စာရေးမ ပုံစံက ဖြတ်လပ်နေပီး....လဒ်ပေးရန် ကြိုးစားမှူဖြင့် သက်ဆိုင်ရာကို အကြောင်းကြားပီ လားဟုစိုးရိမ် စိတ်ဝင်လာ၏။

နောက်ဆုတ်ဖို့လဲ အချိန်မရှိတော့။သက်သေဖြစ်သည့်ငွေတွေကလည်း......စာရေးမရှေ့တွင်ရှိ၏။စာရေးမက.....တယ်လီဖုန်းဖြင့်...

" ဟယ်လို၊ ရန်ကုန်တိုင်း ရဲမှူးကြီးပါလားရှင့် ၊ကျမ လေယာဉ်ရုံးကပါ။ရဲမှူးကြီး ရဲ့ လေယာဉ်နေရာကို အရေးပေါ် လုံခြုံရေးအခြေအနေကြောင့်

ကျမ ပယ်ဖျက်လိုက် ရပါတယ်ရှင်၊ ရဲမှူးကြီး နေပြည်တော်ကို ယခုခရီးစဉ် လေယာဉ်နဲ့သွားလို့မရပါဖူးရှင်....." ..တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....

ကိုလုံ

0 comments:

Post a Comment