Pages

Sunday, February 17, 2013

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနား၏ ရခိုင်အရေးပြောဆိုချက်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း

သာလွန်ဇောင်းထက်
ဧရာဝတီ
16.2.2013

မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတိုင်းလူ့အခွင့်အရေးတန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေးအတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနားက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယများဖြစ်ထွန်း နေဆဲကြောင်း၊ ပဋိပက္ခများကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ယင်းဒုက္ခသည်များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေးအတွက် ဆောင်ရွက်ပေးရန် ယမန်နှစ်သြဂုတ်လလာရောက်သည့်ခရီးစဉ်အတွင်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ လက်ရှိ မွတ်စလင် ဘာသာဝင်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် လုံလေက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း၊ ယခုအခြေအနေတွင် ပြည်တွင်းပြည်ပ ဆေးကုသရေးအဖွဲ့များသည် ရခိုင်ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်မှုများနှင့်အနိုင်ကျင့်မှုများကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများမပေးနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ဒေသခံအာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်စခန်းများတွင်နေထိုင်သောသူများအတွက် လွတ်လပ်စွာသွားလာ ခွင့်ပြု သင့်ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခုကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ် ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက်မှုရပိုင်ခွင့် များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုရရှိစေရန် ဒေသခံအာဏာပိုင်များလုံလောက်သော လုပ်ဆောင်မှုများမရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများရှိနေသမျှ ကာလပတ်လုံး နှစ်ဦးနှစ်ဘက်အပြန်အလှန် ယုံကြည်လေးစားမှုများပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ရေးဥပဒေကို ပြင်ဆင် ရန်လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာများကိုလည်း အခြားနိုင်ငံသားများနည်းတူ တန်းတူညီမျှသော အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြုသင့်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့်ဆက်စပ်ပြီး စစ်တွေထောင်တွင်အကျဉ်းကျခံနေရသော ဒေါက်တာထွန်းအောင်နှင့်လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာထွန်းအောင်သည် အမြန်ဆုံးချက်ချင်းလွှတ်ပေးရ မည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာပါက ဒေါက်တာထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတားတခုသွယ်ဖြစ်လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။

(ဓါတ်ပုံ - မြတ်သူရ)

မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတိုင်းလူ့အခွင့်အရေးတန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေးအတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာ
ကင်တာနားက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယများဖြစ်ထွန်း နေဆဲကြောင်း၊ 
 
 ပဋိပက္ခများကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ယင်းဒုက္ခသည်များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေးအတွက် ဆောင်ရွက်ပေးရန် ယမန်နှစ်သြဂုတ်လလာရောက်သည့်ခရီးစဉ်အတွင်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ 
 
လက်ရှိ မွတ်စလင် ဘာသာဝင်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် လုံလေက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း၊ ယခုအခြေအနေတွင် ပြည်တွင်းပြည်ပ ဆေးကုသရေးအဖွဲ့များသည် ရခိုင်ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်မှုများနှင့်အနိုင်ကျင့်မှုများကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများမပေးနိုင်ကြောင်း၊ 
 
ထို့အတွက်ကြောင့် ဒေသခံအာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်စခန်းများတွင်နေထိုင်သောသူများအတွက် လွတ်လပ်စွာသွားလာ ခွင့်ပြု သင့်ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခုကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ် ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက်မှုရပိုင်ခွင့် များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုရရှိစေရန် ဒေသခံအာဏာပိုင်များလုံလောက်သော လုပ်ဆောင်မှုများမရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများရှိနေသမျှ ကာလပတ်လုံး နှစ်ဦးနှစ်ဘက်အပြန်အလှန် ယုံကြည်လေးစားမှုများပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ရေးဥပဒေကို ပြင်ဆင် ရန်လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာများကိုလည်း အခြားနိုင်ငံသားများနည်းတူ တန်းတူညီမျှသော အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြုသင့်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့်ဆက်စပ်ပြီး စစ်တွေထောင်တွင်အကျဉ်းကျခံနေရသော ဒေါက်တာထွန်းအောင်နှင့်လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာထွန်းအောင်သည် အမြန်ဆုံးချက်ချင်းလွှတ်ပေးရ မည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာပါက ဒေါက်တာထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတားတခုသွယ်ဖြစ်လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။

(ဓါတ်ပုံ - မြတ်သူရ)
သာလွန်ဇောင်းထက်
ဧရာဝတီ

0 comments:

Post a Comment

 
world time