Pages

Sunday, February 17, 2013

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ TK လေးအထည်ချုပ် စက်ရုံဝင်းအတွင်းမှာ ယမန်နေ့ညပိုင်းကမီးလောင်မှုဖြစ်ပွား

မဲဆောက် တီကေ လေးမှာ မီးလောင်မှု ဖြစ် ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့က မြန်မာအလုပ်
သမားအများစု အလုပ်လုပ်နေကြတဲ့ TK လေး ဆိုတဲ့ အထည်ချုပ် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ လောက်က မီးလောင်မှု တခုဖြစ်ခဲ့ပါတယ်။ ထမင်းချက်ပြုတ်ရာမှ အခုလို မီးလောင်မှု ဖြစ်ခဲ့ရာ မဲဆောက်မြို့ မဲ့တောင် ရပ်ကွက်ရှိ နေအိမ် ၂ ထပ် တန်းလျား ၇ ခု ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နေအိမ် တန်းလျားတွေဟာ မြန်မာ အလုပ်သမားတွေ နေထိုင်ကြတာဖြစ်တယ်လို့ အဆိုပါ မီးဘေးသင့် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

မီးလောင်မှုကိုတော့ ၁ နာရီအတွင်း မီးညွှန့်ကျိုးအောင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက် ဒဏ်ရာ ရသူ စာရင်း အတိအကျကို အသေးစိပ် မသိရသေးပါဘူး။

RND:17.2.2013
The Irrawaddy (Burmese Version)

0 comments:

Post a Comment