Pages

Monday, July 1, 2013

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Photo: ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Monday, July 01, 2013

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(တ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(တ)နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်စေ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်
အရဖြစ်စေ၊ ကျန်းမာရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းပညာရပ် များကို သင်ကြားပေးရန် ဖွင့်လှစ်သော သင်တန်း၊ ကျောင်း၊သိပ္ပံ၊ကောလိပ် သို့မဟုတ် တက္ကသိုလ်က အပ်နှင်းသည့် လက်မှတ်၊ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ်
ဒီဂရီရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပကအပ်နှင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့
သို့မဟုတ် ဒီဂရီရရှိ သူလည်း ပါဝင်သည်။''

၃။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (င)ကို
အောက်ပါအတိုင်း အစားထိုးရမည်-

''(င)ပြင်ပလူနာကိုဖြစ်စေ၊ အတွင်းလူနာကိုဖြစ်စေ ခွဲစိတ်မွေးဖွားခြင်း မဟုတ်သော သတ်မှတ်ခွင့်ပြုထား သည့်မွေးဖွားခြင်းများ ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့် အခန်းနှင့် လိုအပ်သောပစ္စည်း ကိရိယာများ ထားရှိခြင်း၊''

၎။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ တွင်-

(က)ပုဒ်မခွဲ (ဇ) ကို ပယ်ဖျက်ရမည်။

(ခ)ပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ) နှင့် (ထ) တို့ကို ပုဒ်မခွဲ (ဇ)၊ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ) နှင့် (တ) တို့ အဖြစ် ပြောင်းလဲအမှတ်စဉ် ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်
လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.president-office.gov.mm/zg/hluttaw/law/2013/06/29/id-3834

Monday, July 01, 2013

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။) ၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(တ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(တ)နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်စေ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရဖြစ်စေ၊ ကျန်းမာရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းပညာရပ်များကိုသင်ကြားပေးရန်ဖွင့်လှစ်သောသင်တန်း၊ ကျောင်း၊သိပ္ပံ၊ကောလိပ်သို့မဟုတ်တက္ကသိုလ်
က အပ်နှင်းသည့် လက်မှတ်၊ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ်ဒီဂရီရရှိသူကို ဆိုသည်။ 
 
ယင်းစကားရပ်တွင် ပြည်ပကအပ်နှင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့်လက်မှတ်၊ ဒီပလို
မာ၊ ဘွဲ့သို့မဟုတ် ဒီဂရီရရှိ သူလည်း ပါဝင်သည်။''

၃။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (င)ကိုအောက်ပါအတိုင်း အစားထိုးရမည်-

''(င)ပြင်ပလူနာကိုဖြစ်စေ၊အတွင်းလူနာကိုဖြစ်စေ ခွဲစိတ်မွေးဖွားခြင်းမဟုတ်သောသတ်မှတ်ခွင့်ပြုထား သည့်
မွေးဖွားခြင်းများ ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့် အခန်းနှင့် လိုအပ်သောပစ္စည်း ကိရိယာများ ထားရှိခြင်း၊''

၎။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ တွင်-

(က)ပုဒ်မခွဲ (ဇ) ကို ပယ်ဖျက်ရမည်။

(ခ)ပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ) နှင့် (ထ) တို့ကို ပုဒ်မခွဲ (ဇ)၊ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ) နှင့် (တ) တို့ အဖြစ် ပြောင်းလဲအမှတ်စဉ် ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments:

Post a Comment