Pages

Monday, July 1, 2013

ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူသူအား ဖေါ်ထုတ်ဖမ်းဆီး

Photo: ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူသူအား ဖေါ်ထုတ်ဖမ်းဆီး
Monday, July 01, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၌ ကားပျောက်ဆုံးပြန်တွေ့ဖြစ်စဉ်များ၊ ကားအားခိုးယူရပ်ထားပြီး ဆိုင်ကယ်သမားများအားတား၍ ကားပျက်သဖြင့်
ဝပ်ရှော့ဆရာ သွားခေါ်ရန်ဟု အကြောင်းပြကာ ခိုးယူလာသော
ကားအားထားခဲ့ပြီး ဆိုင်ကယ်အားထပ်မံခိုးယူသွားသော
ဖြစ်စဉ်များ နေ့စဉ်မကြာခဏဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့်
တိုင်း/ခရိုင်အထူး အဖွဲ့များ၊ မြို့နယ်ရဲစခန်းများရှိ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းရယူဆောင်ရွက်
လျက်ရှိရာ တာမွေမြို့နယ်၌ ၂၁.၆.၂၀၁၃ရက်နေ့တွင်
ပျောက်ဆုံးသွားသော အ/----၊SE ရွှေအိုရောင် ယာဉ်အား
ပန်းလှိုင်တံတားမှ ကွမ်းခြံကုန်းဘက်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိသဖြင့် တာမွေမြို့မရဲစခန်းနှင့်
ကွမ်းခြံကုန်းမြို့မရဲစခန်းတို့မှတပ်ဖွဲ့ဝင်များချိတ်ဆက်ပူးပေါင်း၍ လိုက်လံဖမ်းဆီး ခဲ့ရာ ၁၇၁၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာတွင်ပျောက်ဆုံးသွားသော ယာဉ်အမှတ် အ/---- နှင့် အတူ ကားအားခိုးယူသွားသူ
ကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း
(ခ)ဂျလေပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ်နေသူအား
ဖမ်းဆီးရမိ ခဲ့ပါသည်။
၎င်းအား စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မင်္ဂလာတောင်ညွန့်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေ၊
ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းပဲတန်း၊ လသာ၊
သန်လျင်၊ ထန်းတပင်မြို့နယ်များမှ ကားအစီး(၂၀)နှင့်
သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တန်း၊ လှိုင်သာယာ၊ ထန်းတပင်မြို့နယ်များမှ ဆိုင်ကယ်(၇)စီးတို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အမှုဖွင့်အရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

Monday, July 01, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၌ကားပျောက်ဆုံးပြန်တွေ့ဖြစ်စဉ်များ၊ ကားအားခိုးယူရပ်ထား
ပြီး ဆိုင်ကယ်သမားများအားတား၍ ကားပျက်သဖြင့် ၀ပ်ရှော့ဆရာ သွားခေါ်ရန်ဟု အကြောင်းပြကာ ခိုးယူ
လာသောကားအားထားခဲ့ပြီး ဆိုင်ကယ်အားထပ်မံခိုးယူသွားသောဖြစ်စဉ်များ နေ့စဉ်မကြာခဏဖြစ်ပွားနေ
ကြောင်းသတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့်တိုင်း/ခရိုင်အထူး အဖွဲ့များ၊ မြို့နယ်ရဲစခန်းများရှိ နယ်ထိန်း
တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းရယူဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်၌ ၂၁.၆.၂၀၁၃ရက်နေ့တွင်
ပျောက်ဆုံးသွားသော အ/----၊SE ရွှေအိုရောင် ယာဉ်အားပန်းလှိုင်တံတားမှ ကွမ်းခြံကုန်းဘက်သို့ မောင်းနှင်
သွားကြောင်း သတင်းရရှိသဖြင့်
 
 တာမွေမြို့မရဲစခန်းနှင့်ကွမ်းခြံကုန်းမြို့မရဲစခန်းတို့မှတပ်ဖွဲ့ဝင်များချိတ်ဆက်ပူးပေါင်း၍ လိုက်လံဖမ်းဆီး ခဲ့
ရာ ၁၇၁၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာတွင်ပျောက်ဆုံးသွားသော ယာဉ်အမှတ် အ/
--- နှင့် အတူ ကားအားခိုးယူသွားသူကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း(ခ)ဂျလေ
ပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ်နေသူအားဖမ်းဆီးရမိ ခဲ့ပါသည်။

၎င်းအားစစ်ဆေးရာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမင်္ဂလာတောင်ညွန့်၊သာကေတ၊ သင်္ဃန်းကျွန်း၊တာမွေ၊
ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းပဲတန်း၊ လသာ၊သန်လျင်၊ ထန်းတပင်မြို့နယ်များမှ ကားအစီး(၂၀
)နှင့်သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တန်း၊ လှိုင်သာယာ၊ ထန်းတပင်မြို့နယ်များမှ ဆိုင်ကယ်(၇)စီးတို့အား ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်သက်ဆိုင်ရာမြို့မရဲစခန်းများတွင်အမှုဖွင့်အရေးယူဆောင်ရွက်ရန်စီစဉ်ထား
ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police , RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:

Post a Comment